Connect with us

Hi, what are you looking for?

သတင်း

PDF ကယ်ခဲ့တဲ့ပန်ဒါနီ ၉ ကောင်ကို KIO ထံ NUG လွှဲအပ်

တောရိုင်းတိရစ္ဆာန်တရားမဝင်ရောင်းချနေသူတွေ ခိုးယူသယ်ဆောင်လာလို့ PDF တွေက ကယ်ဆယ်ခဲ့တဲ့ ပန်ဒါနီ ၉ ကောင်ကို သဘာဝအတိုင်း နေထိုင်ကျက်စားနိုင်မယ့် နေရာသို့ ပြန်ပို့ဆောင်နိုင်ဖို့ NUGအစိုးရကနေ KIO ထံ တရားဝင်လွှဲပြောင်း ပေးခဲ့ပါတယ်။

NUG သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနမှတာဝန်ရှိသူ​တွေက KIO သစ်တောနှင့်ပတ်ဝန်းကျင် ထိန်းသိမ်းရေးဌာနသို့ ပန်ဒါနီ​ ၉​ ​ကောင်ကိုလွှဲအပ်စဥ်။ ဓါတ်ပုံ-NUG-MONRAE

စက်တင်ဘာ-၂၂၊၂၀၂၅။လူအေး/People’s Spring

တောရိုင်းတိရစ္ဆာန်တရားမဝင်ရောင်းချနေသူတွေ ခိုးယူသယ်ဆောင်လာလို့ PDF တွေက ကယ်ဆယ်ခဲ့တဲ့ ပန်ဒါနီ ၉ ကောင်ကို သဘာဝအတိုင်း နေထိုင်ကျက်စားနိုင်မယ့် နေရာသို့ ပြန်ပို့ဆောင်နိုင်ဖို့ NUG အစိုးရကနေ KIO ထံ တရားဝင်လွှဲပြောင်း ပေးခဲ့ပါတယ်။

ပန်ဒါနီ ၉ ကောင်ကို ကားနဲ့ မှောင်ခိုသယ်ဆောင်လာသူတွေက စက်တင်ဘာလ (၁၄) ရက်နေ့မှာ အင်းတော်မြို့ကိုဖြတ်စဉ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ကယ်ဆယ်နိုင်ခဲ့တာဖြစ်ပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနက KIO အစိုးရ သစ်တောနှင့်ပတ်ဝန်းကျင် ထိန်းသိမ်းရေးဌာနကို စက်တင်ဘာလ၁၉ရက်နေ့မှာ လွှဲပြောင်းပေးခဲ့တာပါ။

Public Service Announcement

Public Service Announcement

KIO အစိုးရသစ်တောနဲ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးဌာနက ပန်ဒါနီ (၉) ကောင်ကို ကောင်းမွန်စွာ လက်ခံထိန်းသိမ်းထားပြီး ရှားပါးမျိုးစိတ်များဖြစ်တဲ့အလျောက်သင့်တော်စွာစီမံထိန်းသိမ်းကာကွယ်စောင့်ရှောက်နိုင်ရေးဖို့ ဆက်လက်ဆောင်ရွက်နေတယ်လို့ NUG၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနကစက်တင်ဘာ လ၂၂ရက်နေ့မှာ ထုတ်ပြန်ခဲ့ပါတယ်။

KIOထံ လွှဲပြောင်းဓာတ်ပုံမှတ်တမ်းရိုက်ယူဖို့ ကားပေါ်မှ မြေပေါ် သို့ ခေတ္တချချိန်မှာ ပန်ဒါနီလေး တကောင် ဟာ ရုတ်တရက်အပြောင်းအလဲကြုံလိုက်ရလို့ ရှော့ခ်ရသလို ဖြစ်ခဲ့ပြီး အခုအခါမှာကျန်းမာရေးပြန်ကောင်းမွန်နေပြီ လို့ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ပန်ဒါ နီတွေဟာရေခဲတောင်ဒေသတွေမှာကျက်စားပြီး ကမ္ဘာပေါ်မှာ အကောင်ရေ ၁၀,၀၀၀ခန့်သာ ကျန်တော့သည့် ရှားပါးမျိုးစိတ်ဖြစ်ပါတယ်။

ဇီဝမျိုးစုံမျိုးကွဲနဲ့ သဘာဝထိန်းသိမ်းရေးနယ်မြေများ ကာကွယ်စောင့်ရှောက်ခြင်း ဥပဒေပုဒ်မ ၁၉၊ ပုဒ်မခွဲ (က) အရ လုံးဝ ကာကွယ်ထားသည့်တောရိုင်းတိရစ္ဆာန်များ စာရင်းဝင်ဖြစ်ပြီးရောင်းဝယ်ဖောက်ကားမှုကို ပြင်းပြင်းထန်ထန်တားမြစ်ထားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ကချင်လွတ်လပ်ရေးတပ်မတော်(KIA)၊ဒုတိယဗိုလ်ချုပ်ကြီး R ခေါင်လွမ်း(ကွယ်လွန်) အပါအဝင် KIA စစ်သည်တော်တွေကို အမျိုးသားညီညွတ်ရေးအစိုးရ(NUG)က ဂုဏ်ပြုဘွဲ့ချီးမြှင့်တာ၊ ဆုတံဆိပ်တွေပေးအပ်တာဟာ အနာဂတ်ဖက်ဒရယ်ပြည်ထောင်စုနိုင်ငံပေါ်ထွန်းရေးတန်ဖိုးမဖြတ်နိုင်တဲ့ အခြေခံအုတ်မြစ်ဖြစ်တဲ့အကြောင်း ကချင်လွတ်လပ်ရေးအဖွဲ့(KIO) ဗဟိုကော်မတီက NUG ထံ စာပေးပို့ခဲ့ပါတယ်။

သတင်း

ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေးဦးဆောင်ကောင်စီ(SCEF) ရဲ့ စစ်မဟာ ဗျူဟာပေါင်းစပ်ညှိနှိုင်းကွပ်ကဲရေး ကော်မတီကို ကရင်အမျိုးသားအစည်းအရုံး(KNU)နဲ့ ကချင်လွတ်လပ်ရေးအဖွဲ့(KIO) စစ်ရေးခေါင်းဆောင်တွေ ပါဝင်ဦးဆောင်ထားတာဖြစ်ပြီး စစ်ရေးဖော်ဆောင်ရာမှာ SCEF အဖွဲ့ဝင်တွေသာမက မဟာမိတ်တွေနဲ့ ပူးပေါင်းစစ်ရေးဖော်ဆောင်မယ်လို့ SCEF တာဝန်ရှိသူတဦးဖြစ်တဲ့ ဆလိုင်းထက်နီက ပြောပါတယ်။

ဆောင်းပါး

ကမ္ဘောဒီးယား၏ တိတ်တဆိတ်ကြီးထွားလာနေသော တောရိုင်းတိရစ္ဆာန် မှောင်ခိုဈေးကွက်

သတင်း

ကချင်လွတ်လပ်ရေးအဖွဲ့(KIO) ရဲ့ လူဝင်မှုကြီးကြပ်ရေးသင်တန်းကျောင်းဆင်းပွဲကို ဌာနချုပ် လိုင်ဇာမြို့မှာ မနေ့က ကျင်းပခဲ့တယ်လို့ ကချင်သတင်းရင်းမြစ်က ပြောပါတယ်။

Facebook