Connect with us

Hi, what are you looking for?

သတင်း

နတ္တလင်းနယ်မှ စစ်မှုထမ်းစုဆာင်းခံရသူတဦးရဲကိုဓားနှင့်ထိုး၊ သေနတ်လုကာ PDF ထံခိုလှုံ

ပဲခူးတိုင်း၊ နတ္တလင်းမြို့နယ်တွင်စစ်မှုထမ်းဖို့ ဖမ်းဆီးခေါ်ဆောင်ခြင်းခံရတဲ့ အမျိုးသားတဦးက စခန်းမှရဲတဦးကို ဓားနှင့်ထိုးပြီး သေနတ်လုထွက်ပြေးကာ PDF ထံခိုလှုံလာတယ်လို့ သာ ယာဝတီခရိုင် တပ်ရင်း ၃၈၀၁ မှ တာဝန်ရှိသူတဦးက ပြောပါတယ်။

PDF တပ်မှူးနဲ့အတူ တွေ့ရတဲ့ ကိုစိုင်းမြတ်ကိုဓါတ်ပုံ - တပ်ရင်း ၃၈၀၁

စက်တင်ဘာ ၂၃၊ ၂၀၂၅။ ကျော်ဇော/ People’s Spring

ပဲခူးတိုင်း၊ နတ္တလင်းမြို့နယ်တွင်စစ်မှုထမ်းဖို့ ဖမ်းဆီးခေါ်ဆောင်ခြင်းခံရတဲ့ အမျိုးသားတဦးက စခန်းမှရဲတဦးကို ဓားနှင့်ထိုးပြီး သေနတ်လုထွက်ပြေးကာ PDF ထံခိုလှုံလာတယ်လို့ သာ ယာဝတီခရိုင် တပ်ရင်း ၃၈၀၁ မှ တာဝန်ရှိသူတဦးက ပြောပါတယ်။

စက်တင်ဘာ ၁၀ ရက်နေ့က နတ်တလင်းမြို့ နယ်၊ တောင်ညိုကွက်သစ်မှ စစ်မှုထမ်းတပ်သားအဖြစ် ပေါ်တာဆွဲစုဆောင်းခံရတဲ့ စိုင်းမြတ်ကိုဆိုသူအား စစ်တပ်အောက်ခံ တောင်ညိုကွက်သစ်ရှိ နယ်မြေရဲစခန်းသို့ ခေါ်ဆောင်သွားခဲ့တယ်လို့သိရပါတယ်။

အဲဒီစခန်းမှာရှိနေချိန် စက်တင်ဘာ ၂၁ ရက်နေ့ည ၇ နာရီခန့်၌ စခန်းရှိရဲများ တန်းစီနေစဥ် ​ပေါင်းတည်ဘက်ကနေ ပြောင်းလာတဲ့ ရဲတဦးအား ၎င်းရဲ့ဓားနဲ့ ထိုးကာ သေနတ်တလက်နဲ့ ကျည်အချို့ကိုယူဆောင်ပြီး တပ်ရင်း ၃၈၀၁ ထံ ဆက်သွယ်ရောက်ရှိလာတာလို့ တပ်ရင်းတာ ဝန်ရှိသူကပြောပါတယ်။

Public Service Announcement

Public Service Announcement

ရဲလက်မှ ထွက်ပြေးလွတ်မြောက်လာတဲ့ ကိုစိုင်းမြတ်ကိုနဲ့အတူ G3 သေနတ် (၁) လက်၊ G3 ကျည် (၁၀) တောင့်၊ ကျည်ဘောက် (၁) ခုယူ ဆောင်လာတာကြောင့် ၎င်းအား ဆုကြေးငွေ ကျပ်သိန်း ၂၀ တိတိကို ပေးအပ်ချီးမြှင့်ခဲ့တယ်လို့ သိရပါတယ်။

“သူက စစ်မှုထမ်းဖို့ ပေါ်တာဆွဲခံထားရတာဆိုပေမယ့် သင်တန်းတွေဘာတွေ တက်ထားတာတော့ မရှိသေးဘူး။ အဲလိုမရှိသေးတော့ တပ်ဖွဲ့ထဲကိုဝင်ပြီးမှ တော်လှန်ရေးကို ဆက်လုပ်ပါမယ်လို့ ပြောထားပါတယ်”လို့တပ်ရင်း ၃၈၀၁ ရဲတပ်ရင်းမှူးက လူထုနွေဦးကို ပြောပါတယ်။

စစ်မှုထမ်းဖို့အတင်းအဓမ္မပေါ်တာဆွဲခံရတဲ့ တခြားသော လူငယ်များအနေဖြင့်လည်း အခွင့်ရေးရရင်ရသလို သာယာဝတီခရိုင်တပ်ရင်း(၁),P2 3801 ထံ ချိတ်ဆက် ဆက်သွယ်ကြပြီး စစ်တပ်ကို တော်လှန်ကြ ဖို့ နဲ့ စစ်အာဏာရှင်၏ အကျိုးစီးပွားကာကွယ်ဖို့အ တွက် အသုံးချခံမဖြစ်ကြစေ​ဖို့ တိုက်တွန်းထားပါတယ်။

“ပူးပေါင်း ပါ၀င်လက်တွဲချင်သူတိုင်းကိုနွေးထွေးစွာကြိုဆိုလျှက်။လာပါ အာဏာရှင် စကစကို ငါတို့အတူတူ တိုက်ထုပ်ကြစို့”လို့ သာယာဝတီခရိုင် တပ်ရင်း ၃၈၀၁ မှ တပ်ရင်းမှူးက ဖိတ်ခေါ်ထားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ရှမ်းပြည်နယ်တောင်ပိုင်း၊ ပင်လုံံမြို့မှာ စစ်တပ်လက်အောက်ခံ စည်ပင်ဌာနဝန်ထမ်းရဲ့အမျိုးသားကို စစ်မှုထမ်းဖို့ ပေါ်တာဆွဲသွားကြောင်း ဒေသခံအချို့က ပြောပါတယ်။

အတွေးအမြင်

ပြီးခဲ့တဲ့စက်တင်ဘာ ၂၈ ရက်က လေယာဉ်နဲ့ဗုံးကြဲခံရတဲ့ကျောက်တော်ဖြစ်စဉ်ဟာ ရခိုင်မှာ လူအသေအပျောက် အများဆုံးဖြစ်စဉ်ဖြစ်ခဲ့ပါတယ်။ကမ္ဘာကပါ အံ့အားသင့်မင်တက်ခဲ့ရတဲ့ လူ ၅၀ ​ကျော်သေဆုံးပြီး ၅၇ ဦီးဒဏ်ရာရရှိခဲ့တဲ့ အဲဒီဖြစ်ရပ်နောက်ပိုင်းမှာလည်း အာဏာသိမ်းစစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ဖက်ဆစ်စစ်တပ်ဟာ နေရာအနှံ့ ဗုံးကြဲမပျက်၊ အကြမ်းဖက်မပျက်ဘဲသူ့ရဲ့ဆိုးယုတ်တဲ့ဂုဏ်ကိုဆက်လက်ဆုပ်ကိုင်ထားဆဲပါ။

သတင်း

လူငယ်တွေ နည်းလမ်းစုံသုံး ရှောင်ရှားကြဖို့ လိုအပ်ကြောင်း NUG ကာကွယ်ရေး တိုက်တွန်း

သတင်း

မန္တလေးမြို့က ကလေးဆေးရုံကြီးမှာ ဆေးရုံလာတက်တဲ့ ရွှေဘိုမြို့နယ်က ကလေးတွေရဲ့ဖခင် ဖြစ်သူ ၂ဦး ပေါ်တာဆွဲခံရလို့ ပျောက်ဆုံးနေတယ်လို့ နီးစပ်သူတွေက ပြောပါတယ်။

Trending

Facebook