Connect with us

Hi, what are you looking for?

သတင်း

စစ်အုပ်စုရွေးကောက်ပွဲသပိတ်မှောက်ရေးနဲ့ လေကြောင်းအန္တရာယ်ကာကွယ်ရေးလှုပ်ရှားမှုတွေ စစ်ကိုင်းတိုင်းမှာ ပြုလုပ်

ဓာတ်ပုံ - စစ်ကိုင်းဒေသသပိတ်အင်အားစု၊ ရွာပေါင်းစုံသပိတ်၊ GSCB

စက်တင်ဘာ-၂၆၊၂၀၂၅။သုည/People’s Spring

စစ်ကိုင်းတိုင်းအတွင်းသပိတ်အဖွဲ့တွေ၊ဒေသခံပြည်သူတွေဟာ စစ်ကောင်စီရွေးကောက်ပွဲသပိတ်မှောက်ရေးနဲ့ လေကြောင်းအန္တရာယ်ကာကွယ်ရေးလှုပ်ရှားမှုတွေ ဒီကနေ့ (စက်တင်ဘာ ၂၆)မှာ အသီးသီးပြုလုပ်ခဲ့ပါတယ်။

စစ်ကိုင်းတိုင်း ချောင်းဦးမြို့နယ်အတွင်း ကျေးရွာတစ်ရွာမှာ လူငယ်အင်အားစုသပိတ်ကော်မတီက စစ်ကောင်စီ ကြိုးပမ်းနေတဲ့ ရွေးကောက်ပွဲကို ဆန့်ကျင်ကြောင်း “သင့်မဲဖြင့်တရားဝင်လူသတ်ခွင့်မပေးနဲ့” စာသားနဲ့ ဆန္ဒထုတ်ဖော်ခဲ့ပါတယ်။

ဝန်းသိုမြို့နယ်အတွင်းကကျေးရွာတွေမှာလည်း ဒေသခံတွေနဲ့ ဆရာဆရာတွေ အပါအဝင် ကျောင်းသူကျောင်းသားတွေကို လေကြောင်းအန္တရာယ်ကာကွယ်တာနဲ့ မိုင်းအန္တရာယ်ကာကွယ်တာတွေ အသိပညာပေး လူထုထောက်ပံ့မှုတွေ ပြုလုပ်ခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

ဒါ့အပြင် အမျိုးသမီးရေးရာတာဝန်ခံနဲ့ လူ့အခွင့်ရေးရာတာဝန်ခံတွေ ပူးပေါင်းပြီး မိုင်းအန္တရာယ်ကာကွယ်ခြင်း၊ လေကြောင်းအန္တရာယ်ကာကွယ်ခြင်းနဲ့ UDHR၊ Child Right တို့ကို ဟောပြောဆွေးနွေးတာတွေ လုပ်ဆောင်ခဲ့ကြပြီး အပြည်ပြည်ဆိုင်ရာလူ့အခွင့်အရေးကြေငြာစာတမ်း Handbook (၈၀) အုပ် ပေးဝေခဲ့ပါတယ်။

ယင်းမာပင်မြို့နယ်မှာလည်း အောင်လံလွှင့်မည် ရွှေရေကြည်သပိတ်၊ အောင်လံလွှင့်မည် ဒေါင်းသွေးနီ သပိတ်တို့က “သင့်မဲဖြင့်တရားဝင်လူသတ်ခွင့်မပေးနဲ့”၊ “ဖက်စစ်ရွေးကောက်သပိတ်မှောက် တော်လှန်ရေးကိုရဲရဲလျှောက်” စာသားတွေကို ကိုင်ဆောင်ကာ စစ်ကောင်စီရွေးကောက်ပွဲကို သပိတ်မှောက်ပြီး မဲမပေးဖို့ လှုံ့ဆော်ခဲ့ပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ဖိလစ်ပိုင် နိုင်ငံရဲ့ မွတ်ဆလင် အများစု နေထိုင်ရာ ဒေသမှာ ပထမဆုံး ကျင်းပမယ့် ရွေးကောက်ပွဲ မတိုင်ခင် ပစ်ခတ်မှုတွေ ဖြစ်ပွားလို့ ၃ ဦးသေ၊ ၁၅ ဦး ဒဏ်ရာရခဲ့ပါတယ်။

သတင်း

စစ်ကိုင်းတိုင်းဒေသအတွင်း တနေရာမှာ အမျိုးသမီးမဟာမိတ် အင်အားစု (WAB) စုဖွဲ့မှု (၅)နှစ်ပြည့် အထိမ်းအမှတ်အဖြစ် ဂျန်ဒါအသိပညာပေးမှုဆိုင်ရာ ဆွေးနွေးပွဲကို ဒီကနေ့ (စက်တင်ဘာ ၁၀) ပြုလုပ်ခဲ့ပါတယ်။

ဆောင်းပါး

ဂျာမနီ၏ ရွှေ့ပြောင်းနေထိုင်မှု အပြောင်းအ လဲနဲ့ အာရှကျောင်းသား​တွေရဲ့ အိပ်မက်

ဆောင်းပါး

သြဂုတ်၂၁ရက်၊ဝါခေါင်လဆန်း၈ရက် ဥပုသ်နေ့ မနက် ၉ နာရီလောက်က စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်၊ ဆွဲလွဲအိုရွာ ဘုန်းကြီးကျောင်းထဲမှာဖွင့်ထားတဲ့ တရားစခန်းက ယောဂီတွေဟာ မိုးကုတ်ဆရာတော်ဘုရားကြီးရဲ့ အလုပ်ပေးတရားနာယူနေကြတယ်။ အဲဒီတရားစခန်းဟာ ဝါခေါင်လဆန်း ၇ ရက်နေ့က စဖွင့်တာဖြစ်ပြီး ယောဂီတွေဟာ တစ်ရက်ကြိုရောက်ရတော့ ၆ ရက်နေ့ကတည်းက ရောက်နေခဲ့တာပါ။

Facebook