Connect with us

Hi, what are you looking for?

သတင်း

ဗန်းမော်မြို့ စစ်ကောင်စီတပ်ထိုးစစ် ၄ရက်မြောက်နေ့ တိုက်ပွဲပြင်းထန်နေ

ကချင်လွတ်လပ်ရေးတပ်မတော်(KIA)ပူးပေါင်းတပ်ထိန်းချုပ်ထားတဲ့ ဗန်းမော်မြို့တွင်းနေရာတွေကို အာဏာသိမ်းစစ်တပ်က ပြန်လည်ထိန်းချုပ် နိုင်ဖို့ ဒီကနေ့ စက်တင်ဘာ ၂၇ရက်မှာ ထိုးစစ် ၄ရက်မြောက်နေ့အဖြစ် ဆက်လက်ထိုးစစ်ဆင်နေတယ်လို့ စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

ကချင်လွတ်လပ်ရေးတပ်မတော်(KIA)၊KPDF ပူးပေါင်းတပ်က ရဲဘော်တွေကို တွေ့ရစဉ်။ ဓာတ်ပုံ - Sirinda

စက်တင်ဘာ-၂၇၊ ၂၀၂၅။ ထားမြတ်/People’s Spring

ကချင်လွတ်လပ်ရေးတပ်မတော်(KIA)ပူးပေါင်းတပ်ထိန်းချုပ်ထားတဲ့ ဗန်းမော်မြို့တွင်းနေရာတွေကို အာဏာသိမ်းစစ်တပ်က ပြန်လည်ထိန်းချုပ် နိုင်ဖို့ ဒီကနေ့ စက်တင်ဘာ ၂၇ရက်မှာ ထိုးစစ် ၄ရက်မြောက်နေ့အဖြစ် ဆက်လက်ထိုးစစ်ဆင်နေတယ်လို့ စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

ဩဂုတ်လဆန်းက တန်ပြန်ထိုးစစ်ဆင်ခဲ့တဲ့ အာဏာသိမ်းစစ်တပ်ဟာ ဗန်းမော်မြို့က တပ်ရင်းဌာနချုပ်အချို့နဲ့ မြို့ရပ်ကွက်အချို့ကို ပြန်လည်ထိန်းချုပ်နိုင်တဲ့ အခြေအနေမှာ ဗန်းမော်မြို့တွင်း နေရာတွေ ထပ်မံရယူနိုင်ဖို့ စက်တင်ဘာနောက်ဆုံးပတ်မှာ ထိုးစစ်ဆင်နေတာဖြစ်ပြီး ဒီနေ့ဟာ ထိုးစစ် ၄ရက်မြောက်နေ့ဖြစ်ပါတယ်။

“ဗန်းမော် ဒီနေ့ တိုက်ပွဲပြင်းထန်နေတယ်။ စခတွေ ထိုးစစ်လုပ်နေတယ်”လို့ စစ်ရေးသတင်းရင်းမြစ်က ဗန်းမော်မြို့တွင်းကို စစ်ကောင်စီတပ် ဆက်လက်ထိုးစစ်ဆင်နေတဲ့ အခြေအနေကို ပြောပြပါတယ်။

Public Service Announcement

Public Service Announcement

ဒီလို ထိုးစစ်ဆင်တာမှာ စစ်ကောင်စီတပ်က လေကြောင်း ပစ်ကူပေးတိုက်ခိုက်နေတာဖြစ်ပြီး စက်တင်ဘာ ၂၆ရက် မနေ့က တိုက်ပွဲမှာ လေကြောင်းတိုက်ခိုက်မှု ၆ကြိမ်နဲ့ လက်နက်ကြီး တိုက်ခိုက်မှုများစွာ ပြုလုပ်ခဲ့တယ်လို့ဆိုပါတယ်။

စက်တင်ဘာ ၂၅ရက် ညနေပိုင်း ဗန်းမော်တိုက်ပွဲမှာ KIAပစ်ခတ်တဲ့ လက်နက်ကြီး ကျည် ၂လုံး စစ်ကောင်စီတပ်ရှိရာ နေရာကျရောက်ပေါက်ကွဲလို့ အရာရှိ အပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၀ဦး ကျော်သေဆုံးခဲ့တယ်လို့ စစ်ရေးသတင်းရင်းမြစ်က အသိပေးထားပါတယ်။

ဗန်းမော်တိုက်ပွဲ အခြေအနေအပါအဝင် ကချင်ဒေသ စစ်ရေး အခြေအနေများ မေးမြန်းရန် KIA သတင်းပြန်ကြားရေးဌာန တာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူထံ ဆက်သွယ်နေဆဲဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ကရင်ပြည်နယ်၊ မြ၀တီမြို့နယ်အတွင်း တိုက်ပွဲတွေမှာ အာဏာသိမ်းစစ်တပ်က အထိနာနေသလို တော်လှန်ရေးတပ်ဖွဲ့တွေထံ အလင်းဝင်ရောက်လာတဲ့ စစ်ကောင်စီတပ်သားတွေ များပြားလာတယ်လို့လည်း စစ်ကောင်စီကို တိုက်ခိုက်နေတဲ့ ကျားသစ်နက်စစ်ကြောင်းက ဒီကနေ့ ထုတ်ပြန်ပါတယ်။