Connect with us

Hi, what are you looking for?

သတင်း

ဒီးမော့ဆိုနဲ့ ဖရူဆိုမှာ စစ်ကောင်စီတပ်က အင်အားသုံး ထိုးစစ်ဆင်နေ

ကရင်နီပြည်နယ်၊ ဒီးမော့ဆိုနဲ့ ဖရူဆိုမြို့နယ်မှာ စစ်ကောင်စီတပ်က အင်အား တထောင်ခန့်နဲ့ ထိုးစစ်ဆင်နေတယ်လို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF)တာဝန်ရှိသူက လူထုနွေဦးကို ပြောပါတယ်။

ကရင်နီပြည်မှာ စစ်ကောင်စီတပ်ကို တိုက်ခိုက်နေတဲ့ KNDFက ရဲဘော်တွေကို တွေ့ရစဉ်။ ဓာတ်ပုံ − KNDF

စက်တင်ဘာ-၂၉၊၂၀၂၅။ရဲခေါင်/People’s Spring

ကရင်နီပြည်နယ်၊ ဒီးမော့ဆိုနဲ့ ဖရူဆိုမြို့နယ်မှာ စစ်ကောင်စီတပ်က အင်အား တထောင်ခန့်နဲ့ ထိုးစစ်ဆင်နေတယ်လို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF)တာဝန်ရှိသူက လူထုနွေဦးကို ပြောပါတယ်။

ပြီးခဲ့တဲ့သြဂုတ်ကစပြီး ဒီးမော့ဆိုမြို့နယ်အတွင်း ခြေကုပ်ယူခဲ့ပြီးနောက် ဖရူဆိုမြို့အခြေစိုက်စစ်တပ်စခန်းတွေအထိ စစ်ကောင်စီတပ်က စစ်ကြောင်းဖြန့်တာနဲ့ ရိက္ခာယာဥ်တန်းတွေ ပေးပို့နေတာဖြစ်ပါတယ်။

“ဒီမော့ဆိုကနေ ဖရူဆိုအထိ အင်အား တထောင်လောက်ရှိတယ်”လို့ စစ်ကောင်စီထိုးစစ်နဲ့ပတ်သက်ပြီး KNDF တာဝန်ရှိသူက ပြောပါတယ်။

Public Service Announcement

Public Service Announcement

ကရင်နီပြည်နယ်အတွင်း လက်ရှိစစ်ရေးအခြေအနေအရ ဒီးမော့ဆိုမြို့နယ် ဒေါငံခါးကျေးရွာမှာ တိုက်ပွဲပြင်းထန်နေတယ်လို့ KNDF က အသိပေးပါတယ်။ဒါ့အပြင် စစ်ကောင်စီတပ် တိုးဝင်လာတဲ့ ဒီးမော့ဆို-ဖရူဆို-ဘောလခဲ လမ်းမကြီးတလျှောက် တိုက်ပွဲတွေ ဖြစ်နေတယ်လို့ ဆိုပါတယ်။

စစ်ကောင်စီတပ်ထိုးစစ်ဆင်နေတဲ့ ဒေါငံခါးရွာနဲ့ အနီးကျေးရွာတွေမှာ လေကြောင်းတိုက်ခိုက်တာ၊ဒရုန်းနဲ့တိုက်ခိုက်တာတွေအပြင် လက်နက်ကြီးတိုက်ခိုက်မှုတွေ နေ့စဥ်လုပ်နေတယ်လို့ သိရပါတယ်။

ဒီးမော့ဆို-ဖရူဆိုမြို့နယ်က စစ်ကြောင်းနဲ့ စစ်ကောင်စီတပ်ယာဥ်တန်းတွေဟာ ဖရူဆိုအခြေစိုက် အမှတ်(၁၄)တန်းမြင့်စစ်လေ့ကျင့်ရေးကျောင်းကို ရောက်​ရှိနေပြီး အဲဒီကတဆင့် ဘောလခဲ မြို့နယ်ကို ဦးတည်စစ်ကြောင်းထိုးဖို့ ပြင်နေပါတယ်။

“လက်ရှိအခြေအနေထက် ရှေ့လာမည့်အခြေ အနေက ပို၍ ခက်ခဲပါလိမ့်မည်။ ကျနော်တို့ရဲ့ အောင်မြင်မှုက အခက်အခဲ၊ စိန်ခေါ်မှု နဲ့ဆင်းရဲဒုက္ခတွေကို ဘယ်လောက်ထိ တောင့်ခံနိုင်မလဲ ဆိုတာနဲ့ တိုက်ရိုက်အချိုးကျပါတယ်။ စိတ်ဓါတ်ကျဖို့ မဟုတ်ပါ ။ကြိုတင်ပြင်စရာတွေ ပြင်ထားပြီးအရင်ထက် ပိုသန်မာတဲ့ သူတွေအနေဖြင့် နောက်တဖန်ပြန်လာနိူင်ဖို့ပါ။ ဆက်ပြီးတူတူရုန်းကြတာပေါ့”လို့ KNDF စစ်ရေးချုပ်ခူးရီးဒူက သူရဲ့ လူမှုကွန်ရက်ကတဆင့် ဒီကနေ့ ပြောပါတယ်။

လက်ရှိ စစ်ကောင်စီတပ်စစ်ကြောင်းထိုးရာ နေရာတွေနဲ့ နီးစပ်တဲ့ကျေးရွာတွေက ပြည်သူတွေအနေနဲ့လုံ​ခြုံရေးသတိရှိကြဖို့၊တော်လှန်ရေးတပ်ဖွဲ့တွေထုတ်ပြန်ချက်လိုက်နာဖို့ KNDF က တိုက်တွန်းထားပါတယ်။

မိုးဗြဲနဲ့ ဖယ်ခုံမြို့နယ်တွေမှာလည်း စစ်ကောင်စီတပ်က စစ်ရေးလှုပ်ရှားနေပြီး မိုးဗြဲမြို့အနီးက ပြည်သူတွေကို ဖမ်းဆီးနှိပ်စက်တာနဲ့ ဖယ်ခုံမြို့နယ် တောင်စလုံးကျေးရွာဘက်ကို စစ်ကောင်စီတပ်က စစ် ကြောင်းထိုးနေတယ်လို့ သိရပါတယ်။

ကရင်နီပြည်နယ် မယ်စဲ့၊ဖားဆောင်း နဲ့ ရှားတော မြို့နယ်ကလွဲလို့ ကျန်မြို့နယ်တွေမှာ ရွေး ကောက်ပွဲ ပြုလုပ်မယ်လို့ စစ်ကောင်စီက ကြေညာထားပါတယ်။

ဒါပေမယ့် စစ်ကောင်စီလုပ်မယ့် ရွေးကောက်ပွဲကို အလုံးစုံကန့်ကွက်တာနဲ့ ကျင်းပခွင့်ပေးမှာမဟုတ်ကြောင်း ကရင်နီပြည်အင်အားစုတွေက တုံ့ပြန်ထားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ကရင်နီပြည်နယ်၊ ဖရူဆိုမြို့နယ်မှာ ဒရုန်းတိုက်ခိုက်ခံရတာကြောင့် ကရင်နီအမျိုးသားများကာကွယ်ရေးတပ်ဖွဲ့ (KNDF) ရဲဘော် ၅ဦး ကျဆုံးခဲ့တယ်လို့ ‌ဒေသခံသတင်းရင်းမြစ်တချို့က ‌ပြောပါတယ်။

သတင်း

ကရင်နီပြည်မှာ ညီညွတ်တဲ့အစိုးရနဲ့အတူ ပြည်နယ်တပ်တစ်ခုတည်းဖြစ်ပေါ်လာဖို့ ဆက်လက်ကြိုးပမ်းသွားမယ်လို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ်-KNDFက ဒီကနေ့ စက်တင်ဘာ ၁ရက်မှာ ထုတ်ပြန်ပါတယ်။

သတင်း

စစ်တပ်နဲ့ ပတ်သက်ဆက်နွှယ်တဲ့ အရက်၊ ဘီယာနဲ့ ဆေးလိပ်ထုတ်ကုန်တွေ ရောင်း၀ယ်ပါက ထိရောက်စွာအရေးယူမယ်လို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF)အမှတ်- ၂ စစ်ဒေသ က ဒီကနေ့ ထုတ်ပြန်ပါတယ်။

သတင်း

စစ်ဗျူဟာတွေနဲ့ တပ်ရင်း‌တွေပြန်လည်စုပေါင်းပြီး စစ်ဒေသတွေအဖြစ် ပြောင်းလဲဖွဲ့စည်းလိုက်တယ်လို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF)က ဒီကနေ့ ဇူလိုင် ၂၁ရက်မျာ ထုတ်ပြန်ပါတယ်။

Facebook