အောက်တိုဘာ-၇၊ ၂၀၂၅။ ကျော်ဇော/People’s Spring
ပဲခူးတိုင်း၊ မင်းလှမြို့နယ်မှာ စစ်ကောင်စီလုပ်မယ့် ရွေးကောက်ပွဲအတွက် မဲစာရင်းများထုတ်ပြန်ကြေညာလျှက်ရှိရာ ဆင်တဲကုန်းအုပ်စုအ တွက်လာကပ်ထားတဲ့ မဲစာရင်းတွေကို မီးရှို့ရှင်းလင်းလိုက်တယ်လို့ သာယာဝတီခရိုင် တပ် ရင်း ၃၈၀၂၊ တပ်ခွဲ ၂ မှ တာဝန်ရှိသူတဦးက ပြောပါတယ်။
ဆင်တဲကုန်းရွာ လူငယ်အားမာန်စာကြည့်တိုက်မှာ လာရောက်ကပ်ထားတဲ့ စစ်ကောင်စီမဲစာရင်းတွေကို အောက်တိုဘာ ၆ ရက် မနေ့ ည ၁၁ နာရီခွဲလောက်မှာ တပ်ရင်း ၃၈၀၂၊ တပ် ခွဲ၂ မှ ရဲဘော်တွေက သွားရောက်မီးရှို့ရှင်းလင်းခဲ့တာလို့ သိရပါတယ်။
“ ၅ ရက်၊ ၆ ရက်လောက်တော့ ရှိပြီ သူတို့လာကပ်ထားတာ။ အဲဒီမဲစာရင်းတွေကို အခုလိုရှင်းလင်းရတဲ့ ရည်ရွယ်ချက်ကတော့ ရှင်းပါတယ်။ စကစ ရဲ့ တရားမဝင် အတုအယောင်ရွေးကောက်ပွဲကို ဖျက်ဆီးဖို့ပါပဲ” လို့ တပ်ရင်း ၃၈၀၂၊ တပ်ခွဲ ၂ မှ တာဝန်ရှိသူက လူထုနွေဦးကို ပြောပါတယ်။

Public Service Announcement
ပဲခူးတိုင်း၊ မင်းလှမြို့နယ်အတွင်းက ကျေးရွာ အုပ်စုတွေမှာ စစ်ကောင်စီက ၎င်းတို့ပြုလုပ်မယ့် ရွေးကောက်ပွဲအတွက် ဒီတပတ်အတွင်း မဲစာရင်းတွေလိုက်ကပ်နေပြီး ကျေးရွာအုပ်စုတော် တော်များများမှာလိုက်ကပ်ထားပြီးလို့ အဲဒီတာဝန်ရှိသူက ဆက်ပြောပါတယ်။
စစ်ကောင်စီရဲ့ ရွေးကောက်ပွဲဖြစ်မြောက်ရေး အားကျိုးမာန်တက်လုပ်ကိုင်သူတွေကို ထိရောက်စွာ အရေးယူသွားမှာဖြစ်သလို တပ်ရင်း ၃၈၀၂ အနေနဲ့လည်း အရင်ကတည်းက စာထုတ်ထားပြီးသားဖြစ်တယ်လို့ သိရပါတယ်။
“ ရွေးကောက်ပွဲနဲ့ပက်သက်လို့ကတော့ ကျွန်တော်တို့က မပျက်စီး ပျက်စီးအောင် ဖျက်မှာပါပဲ” လို့ တပ်ရင်း ၃၈၀၂၊ တပ်ခွဲ ၂ မှ တာဝန်ရှိသူက ပြောပါတယ်။
မင်းလှမှာ စစ်ကောင်စီရဲ့ မဲစားရင်းတွေကို PDF မီးရှို့ရှင်းလင်း အောက်တိုဘာ-၇၊ ၂၀၂၅။ ကျော်ဇော/People's…
Posted by People's Spring on Tuesday 7 October 2025
ရုပ်သံ-သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂၊ တပ်ခွဲ ၂
















































