Connect with us

Hi, what are you looking for?

သတင်း

မဲဇလီဆည်တော်ကြိုးတံတားစစ်ဆေးရေးဂိတ်ကို တော်လှန်ရေးတပ်တွေ တိုက်ခိုက်၊ စစ်သားလေးဦး သေပြီး လက်နက်ခဲယမ်းတွေသိမ်းရ

မကွေးတိုင်း၊ ပွင်ဖြူမြို့နယ်ထဲက စစ်ကောင်စီတပ် စစ်ဆေးရေးဂိတ်ကို တိုက်ခိုက်ရာ စစ်သားလေးဦးသေပြီး လက်နက်နဲ့ ခဲယမ်းတွေရရှိတယ်လို့ ပွင့်ဖြူမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)က ထုတ်ပြန်ပါတယ်။

မဲဇလီဆည်တော်ကြိုးတံတားစစ်ဆေးရေးဂိတ်တိုက်ခိုက်ရာမှာ သိမ်းရတဲ့ လက်နက်ခဲယမ်းတွေ။ ဓာတ်ပုံ - ပွင့်ဖြူ ပကဖ

အောက်တိုဘာ-၈၊ ၂၀၂၅။ဇော်ဝင်း/People’s Spring

မကွေးတိုင်း၊ ပွင်ဖြူမြို့နယ်ထဲက စစ်ကောင်စီတပ် စစ်ဆေးရေးဂိတ်ကို တိုက်ခိုက်ရာ စစ်သားလေးဦးသေပြီး လက်နက်နဲ့ ခဲယမ်းတွေရရှိတယ်လို့ ပွင့်ဖြူမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)က ထုတ်ပြန်ပါတယ်။

အောက်တိုဘာ ၄ ရက်က ပုံသိမ်-မုံရွာလမ်းပိုင်းမှာရှိတဲ့ စစ်ကောင်စီတပ်ရဲ့ မဲဇလီဆည်တော်ကြိုးတံတားစစ်ဆေးရေးဂိတ်ကို ဝင်ရောက်တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

၁နာရီခွဲဝန်းကျင်ကြာတဲ့တိုက်ပွဲမှာ စစ်ကောင်စီတပ်သား အလောင်းလေးလောင်းနဲ့ လက်နက်ခဲယမ်းတွေကို သိမ်းဆည်းရရှိတယ်လို့ ဖော်ပြပါတယ်။

Public Service Announcement

Public Service Announcement

ပွင့်ဖြူ ပကဖ ၊မင်းဘူးခရိုင် ပကဖ၊မင်းဘူးခရိုင် တပ်ရင်း(၇)နဲ့ တပ်ရင်း(၄)တို့ ပူးပေါင်း တိုက်ခိုက်ခဲ့တာလို့ အသိပေးပါတယ်။

“စခတွေချည်းပဲ ၁၀ ယောက်ကျော်လောက်ရှိမယ်။ထွက်ပြေးသွားနိုင်တာလည်းရှိတယ်”လို့ မင်းဘူခရိုင် အမှတ်(၇)တပ်ရင်း ရဲဘော်တဦးက တိုက်ခိုက်ခဲ့တဲ့ စစ်ဆေးရေးဂိတ်နဲ့ပတ်သက်ပြီး လူထုနွေဦးကို ပြောပါတယ်။

လက်ရှိမှာ ပုံသိမ်-မုံရွာလမ်းပိုင်းက မဲဇလီဆည်တော်ကြိုးတံတားကို အသုံးမပြုသေးဖို့ ပွင့်ဖြူ ပကဖ က တိုက်တွန်းထားပါတယ်။

စစ်ဆေးရေးဂိတ်တိုက်ခိုက်ခံရပြီးတဲ့နောက် စစ်ကောင်စီတပ်က ပွင့်ဖြူမြို့နယ်ထဲ လေကြောင်းကနေ ဗုံးကြဲတာ ဒီကနေ့ (အောက်တိုဘာ ၈ရက်)အထိရှိနေတယ်လို့ သိရပါတယ်။

“မနေ့ကဆို ပိုဆိုးတယ်။ဂျက်လေယာဥ်တွေနဲ့ကို ဗုံး ၁၀ကြိမ်လောက်ကြဲတာ။တိုက်ပွဲလည်း ဖြစ်နေတယ်။ဆင်လူးဘက်ကနေ အင်အား ၁၀၀ ကျော်ကျော်နဲ့ ထိုးစစ်ဆင်နေတာ”လို့ ဒေသတွင်းသတင်းရင်းမြစ်က ပြောပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာ ၄ ရက်ကနေ ၆ ရက်အထိ ပွင့်ဖြူမြို့နယ်ထဲမှာ စစ်ကောင်စီတပ်စစ်ကြောင်း ထိုးခဲ့ပြီး သေဆုံးသူတွေများတာကြောင့် မင်းဘူး(စကု)ဘက်သို့ တပ်ပြန်ဆုတ်သွားရတယ်လို့ ပွင့်ဖြူ ပကဖ က အသိပေးထားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်သားအ​လောင်း၃၀​ကျော်ရပြီးစစ်တပ်စစ်​ကြောင်း​နောက်ပြန်ဆုတ်သွား

သတင်း

စစ်ကိုင်းတိုင်း၊ ၀က်လက်မြို့နယ်အရှေ့ခြမ်းနဲ့ ဧရာဝတီမြစ်ရိုးတလျောက်တိုက်ပွဲတွေမှာ အာဏာသိမ်းစစ်တပ်ထံက ဂျန်ဘာကားအပါအ၀င် စစ်ကား ၅စီး၊ဒရုန်းတွေနဲ့လက်နက်တွေ သိမ်းဆည်းရရှိတယ်လို့ရွှေဘိုခရိုင် အမှတ် (၂)တပ်ရင်းက ဒီကနေ့ ထုတ်ပြန်ပါတယ်။

နိုင်ငံတကာ

အီရန်စစ်ပွဲအတွင်း အမေရိကန် စစ်တပ်ရဲ့ လက်နက်တိုက်ထဲမှာ ထိခိုက်လျော့နည်းမှုတွေ စာရင်းကို ကာကွယ်ရေး ဝန်ကြီးဌာနရဲ့ စုံစမ်းစစ်ဆေးရေးမှူးချုပ်က ထုတ်ပြန်ခဲ့ပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ဗန်းမော်မြို့နယ် ကောင်ဂျာယန်တိုက်ပွဲမှာ စစ်တပ်အထိနာခဲ့ပြီး သေဆုံးထိခိုက်များခဲ့သလို လက်နက်ခဲယမ်းအများအပြား သိမ်းရခဲ့ကြောင်း ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

Facebook