Connect with us

Hi, what are you looking for?

သတင်း

မဲဇလီဆည်တော်ကြိုးတံတားစစ်ဆေးရေးဂိတ်ကို တော်လှန်ရေးတပ်တွေ တိုက်ခိုက်၊ စစ်သားလေးဦး သေပြီး လက်နက်ခဲယမ်းတွေသိမ်းရ

မကွေးတိုင်း၊ ပွင်ဖြူမြို့နယ်ထဲက စစ်ကောင်စီတပ် စစ်ဆေးရေးဂိတ်ကို တိုက်ခိုက်ရာ စစ်သားလေးဦးသေပြီး လက်နက်နဲ့ ခဲယမ်းတွေရရှိတယ်လို့ ပွင့်ဖြူမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)က ထုတ်ပြန်ပါတယ်။

မဲဇလီဆည်တော်ကြိုးတံတားစစ်ဆေးရေးဂိတ်တိုက်ခိုက်ရာမှာ သိမ်းရတဲ့ လက်နက်ခဲယမ်းတွေ။ ဓာတ်ပုံ - ပွင့်ဖြူ ပကဖ

အောက်တိုဘာ-၈၊ ၂၀၂၅။ဇော်ဝင်း/People’s Spring

မကွေးတိုင်း၊ ပွင်ဖြူမြို့နယ်ထဲက စစ်ကောင်စီတပ် စစ်ဆေးရေးဂိတ်ကို တိုက်ခိုက်ရာ စစ်သားလေးဦးသေပြီး လက်နက်နဲ့ ခဲယမ်းတွေရရှိတယ်လို့ ပွင့်ဖြူမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)က ထုတ်ပြန်ပါတယ်။

အောက်တိုဘာ ၄ ရက်က ပုံသိမ်-မုံရွာလမ်းပိုင်းမှာရှိတဲ့ စစ်ကောင်စီတပ်ရဲ့ မဲဇလီဆည်တော်ကြိုးတံတားစစ်ဆေးရေးဂိတ်ကို ဝင်ရောက်တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

၁နာရီခွဲဝန်းကျင်ကြာတဲ့တိုက်ပွဲမှာ စစ်ကောင်စီတပ်သား အလောင်းလေးလောင်းနဲ့ လက်နက်ခဲယမ်းတွေကို သိမ်းဆည်းရရှိတယ်လို့ ဖော်ပြပါတယ်။

Public Service Announcement

Public Service Announcement

ပွင့်ဖြူ ပကဖ ၊မင်းဘူးခရိုင် ပကဖ၊မင်းဘူးခရိုင် တပ်ရင်း(၇)နဲ့ တပ်ရင်း(၄)တို့ ပူးပေါင်း တိုက်ခိုက်ခဲ့တာလို့ အသိပေးပါတယ်။

“ စခတွေချည်းပဲ ၁၀ ယောက်ကျော်လောက်ရှိမယ်။ထွက်ပြေးသွားနိုင်တာလည်းရှိတယ်” လို့ မင်းဘူခရိုင် အမှတ်(၇)တပ်ရင်း ရဲဘော်တဦးက တိုက်ခိုက်ခဲ့တဲ့ စစ်ဆေးရေးဂိတ်နဲ့ပတ်သက်ပြီး လူထုနွေဦးကို ပြောပါတယ်။

လက်ရှိမှာ ပုံသိမ်-မုံရွာလမ်းပိုင်းက မဲဇလီဆည်တော်ကြိုးတံတားကို အသုံးမပြုသေးဖို့ ပွင့်ဖြူ ပကဖ က တိုက်တွန်းထားပါတယ်။

စစ်ဆေးရေးဂိတ်တိုက်ခိုက်ခံရပြီးတဲ့နောက် စစ်ကောင်စီတပ်က ပွင့်ဖြူမြို့နယ်ထဲ လေကြောင်းကနေ ဗုံးကြဲတာ ဒီကနေ့ (အောက်တိုဘာ ၈ရက်)အထိရှိနေတယ်လို့ သိရပါတယ်။

“ မနေ့ကဆို ပိုဆိုးတယ်။ဂျက်လေယာဥ်တွေနဲ့ကို ဗုံး ၁၀ကြိမ်လောက်ကြဲတာ။တိုက်ပွဲလည်း ဖြစ်နေတယ်။ဆင်လူးဘက်ကနေ အင်အား ၁၀၀ ကျော်ကျော်နဲ့ ထိုးစစ်ဆင်နေတာ” လို့ ဒေသတွင်းသတင်းရင်းမြစ်က ပြောပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာ ၄ ရက်ကနေ ၆ ရက်အထိ ပွင့်ဖြူမြို့နယ်ထဲမှာ စစ်ကောင်စီတပ်စစ်ကြောင်း ထိုးခဲ့ပြီး သေဆုံးသူတွေများတာကြောင့် မင်းဘူး(စကု)ဘက်သို့ တပ်ပြန်ဆုတ်သွားရတယ်လို့ ပွင့်ဖြူ ပကဖ က အသိပေးထားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်​တပ်ဗျူဟာမှူး​သေပြီး စစ်သုံ့ပန်းအများအပြားဖမ်းဆီးရရှိဟု PDF အချို့​ပြော

သတင်း

မကွေးတိုင်း၊ပေါက်မြို့နယ်တောင်ပိုင်းမှာစစ်တပ်စစ်​ကြောင်းကို ​တော်လှန်​ရေးတပ်​တွေက တိုက်ခိုက်တာမှာ စစ်တပ်စစ်ကြောင်းဆီကနေ ​သေနတ် ငါးလက် နဲ့ ခဲယမ်း​တွေ သိမ်းဆည်းရရှိခဲ့​ကြောင်း Joker ပြောက်ကျားတပ်ဖွဲ့က ထုတ်ပြန် ပါတယ်။

သတင်း

မန္တလေးတိုင်း၊ တောင်သာမြို့အဝင် စစ်ဆေးရေးဂိတ် ၃ဂိတ်ကို တပြိုင်နက် ဝင်ရောက်တိုက်ခိုက်ရာ စစ်အုပ်စုဝင် ၃ဦးထက်မနည်း သေဆုံးခဲ့ကြောင်း မြင်းခြံခရိုင်အမှတ်(၃)တပ်ရင်းရဲ့ တာဝန်ရှိသူက ပြောပါတယ်။

သတင်း

မန္တလေးတိုင်း၊ မြင်းခြံမြို့နယ် ခမရ(၁၅)တပ်ရင်းအနီး လယ်သစ်ကျေးရွာကစစ်ကောင်စီရဲ့စစ်ဆေးရေးဂိတ်ကို တော်လှန်ရေးတပ်ဖွဲ့တွေ ဝင်ရောက်တိုက်ခိုက်ရာ ထိခိုက်သေဆုံးမှုရှိကြောင်း Zeroပြောက်ကျားတပ်ဖွဲ့ခေါင်းဆောင် ကိုသက်ကြီးက ပြောပါတယ်။