Connect with us

Hi, what are you looking for?

သတင်း

ဗန်းမော်မြို့က စစ်ကောင်စီတပ်စွဲရာနေရာ ၃ခုကို KIA ပူးပေါင်းတပ်သိမ်းပိုက်

အောက်တိုဘာတိုက်ပွဲအတွင်းစစ်ကောင်စီ အရာရှိအပါအဝင် ၃၀ ကျော်သေဟု သတင်းရင်းမြစ်ပြော

ရှေ့တန်းထွက်ခွာသွားသော KIA၊KPDF တပ်ဖွဲ့ဝင်များ။ ဓာတ်ပုံ-Sirinda

အောက်တိုဘာ ၉၊ ၂၀၂၅။ထားမြတ်/People’s Spring

ကချင်ပြည်နယ် ဗန်းမော်မြို့ မှာ အောက်တိုဘာပထမပတ်အတွင်းတိုက်ပွဲတွေ နေ့တိုင်းနီးပါး တိုက်ပွဲတွေဖြစ်ပွားနေတယ်လို့ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) သတင်းပြန်ကြားရေးဌာနက အောက်တိုဘာ ၈ရက်ညပိုင်းမှာ သတင်းဖော်ပြပါတယ်။

အာဏာသိမ်းစစ်တပ်က အင်အားအလုံးအရင်းနဲ့ ထိုးစစ်ဆင်နေလို့ အောက်တိုဘာ ၆ရက်နဲ့ ၇ရက် တိုက်ပွဲဖြစ်ပွားမှု အခြေအနေတွေကို အသိပေးတာပါ။

အောက်တိုဘာ ၆ရက် ညနေပိုင်းမှာ ဗန်းမော်မြို့ သုံးမိုင်ဘက်မှာ စစ်ကောင်စီတပ်က အင်အားအလုံးအရင်းနဲ့ ထိုးစစ်ဆင်လာလို့ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်နဲ့ တိုက်ပွဲ ပြင်းထန်ခဲ့ တယ်လို့ ဖော်ပြပါတယ်။

Public Service Announcement

Public Service Announcement

ဒါ့အပြင် အောက်တိုဘာ ၇ရက်မှာလည်း ဗန်းမော် မြို့၅မိုင်ဘက်စစ်ရေးလှုပ်ရှားလာတဲ့ စစ်ကောင်စီတပ်နဲ့ တိုက်ပွဲပြင်းထန်ခဲ့တယ်လို့ ဆိုပါတယ်။

တိုက်ပွဲမှာ ထိခိုက်ကျဆုံး အခြေအနေတွေ ဖော်ပြထားတာမရှိပေမယ့် စစ်ကောင်စီဘက်က လေကြောင်း အဓိကထားတိုက်ခိုက်နေတယ်လို့ အသိပေးထားပါတယ်။

ကချင်စစ်ရေးသတင်းရင်းမြစ်အချို့က ဗန်းမော်တိုက်ပွဲမှာ စစ်ကောင်စီတပ် ထိခိုက်မှု အခြေအနေကို လူမှုကွန်ရက်မှာ ရေးသားအသိပေးထားပါတယ်။

အောက်တိုဘာတိုက်ပွဲအတွင်း စစ်ကောင်စီရဲ့ ခလရ(၂၃၇)၊ ခမရ(၃၈၇)နဲ့ ခမရ(၄၁၅) တပ်တွေက ဗိုလ်မှူးအဆင့် ၃ဦး အပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၃၀ ကျော် သေဆုံးခဲ့တယ်လို့ ကချင်စစ်ရေးသတင်းရင်းမြစ်က အသိပေးထားပါတယ်။

အခြား ကချင်စစ်ရေးသတင်းရင်းမြစ်က စစ်ကောင်စီဘက် အရာရှိတွေသေဆုံးတာ မှန်တယ်လို့ ပြောပါတယ်။

“မနေ့က စကမ ဗိုလ်မှူး ၁ဦး ကျသွားတယ်။ ဒီမနက် ဗန်းမော်မြို့တွင်း စခနေရာ ၃ခုကို KIA တပ်ပေါင်းစုက ပြန်လည်သိမ်းပိုက်နိုင်ခဲ့တယ်။” လို့ သတင်းရင်းမြစ်က ပြောပါတယ်။ သိမ်းပိုက်နိုင်ခဲ့တဲ့ နေရာတွေကို စစ်ရေးသတင်းရင်းမြစ်က ပြောပြပေမယ့်လတ်တလော လုံခြုံရေးအခြေအနေအရ နေရာတွေကို သတင်းမှာ မဖော်ပြဖို့ ပြောဆိုပါတယ်။

ဗန်းမော်တိုက်ပွဲမှာ စစ်ကောင်စီတပ်ကထိခိုက်သေဆုံး အခြေအနေတွေနဲ့ ပတ်သက်ပြီး မေးမြန်းဖို့ KIA သတင်းပြန်ကြားရေးဌာနတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူဆီကို ဆက်သွယ်မေးမြန်းနေဆဲဖြစ်ပါတယ်။

KIAဟာ ဗန်းမော်မြို့သိမ်းစစ်ဆင်ရေးကို ၂၀၂၄ ဒီဇင်ဘာက စတင်ခဲ့တာဖြစ်ပြီး စစ်ကောင်စီတပ်စခန်း တွေ တပ်ရင်းဌာနချုပ်တွေကို သိမ်းပိုက်ထားနိုင်ခဲ့ပါတယ်။

ဒါပေမဲ့ ၂၀၂၅ ဩဂုတ်လဆန်းမှာ ဗန်းမော်မြို့ကို စစ်ကောင်စီရဲ့ စစ်သင်္ဘောတွေ ရောက်ရှိပြီးနောက် စစ်ကောင်စီဘက်က လေကြောင်း၊ ဒရုန်း တိုက်ခိုက်မှုတွေနဲ့အတူ တန်ပြန်ထိုးစစ်ဆင်တာတွေလုပ်ဆောင်ခဲ့လို့ KIA သိမ်းထားတဲ့ တပ်ရင်းဌာနချုပ် အချို့၊ နေရာအချို့ ပြန်လည်လက်လွှတ်ခဲ့ရပါတယ်။

ကချင်စစ်ရေးသတင်းရင်းမြစ်တွေကတော့ ဗန်းမော်မှာ စစ်ကောင်စီတပ်နဲ့ KIA အပြန်အလှန်ထိုးစစ်ဆင်မှုတွေနဲ့ တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေတာလို့ ဆိုပါတယ်။

ဆက်စပ်သတင်းများ

သတင်း

တဦးတည်းသင်္ဘော ၄စီးထိဆုံးရှုံးရသူများရှိပြီး သင်္ဘောတစီး ကျပ်သိန်းရှစ်ထောင်မှသိန်းနှစ်သောင်းထိရှိကာ ​နွေဦး​တော်လှန်​ရေးရဲအရင်းအနှီးဟု အသိ​ပေး

သတင်း

စစ်ကောင်စီက e-ID စနစ်နဲ့ ပြည်သူတွေကို တင်းကျပ်စွာစောင့်ကြည့်နေရာကနေ ယခုအခါ သံဃာထုကိုပါ ထိန်းချုပ်ဖို့ မန္တလေးမြို့က ရဟန်း၊ သာမဏေနဲ့ သီလရှင်တွေကို Unique ID နံပါတ် ထုတ်ပေးဖို့ ပြင်ဆင်နေကြောင်း သတင်းရရှိပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ဗန်းမော်နဲ့ ရွှေကူမြို့နယ်က တိုက်ပွဲတွေမှာ ဒဏ်ရာအပြင်းအထန်ရတဲ့ စစ်သားတွေကို မြစ်ကြီးနာမြို့က မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်(မပခ)အပြင် ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့က အရှေ့မြောက်တိုင်းစစ်ဌာနချုပ်(ရမခ)ကိုပါ လေကြောင်းကနေပို့ပြီး ဆေးကုသနေတယ်လို့ သတင်းရရှိပါတယ်။

သတင်း

ကချင်ပြည်နယ်ရွှေကူမြို့ နဲ့ ဗန်းမော်မြို့ကြား စစ်တပ်သင်္ဘောအုပ်စုကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်ဖွဲ့က တိုက်ခိုက်ခဲ့တဲ့ တိုက်ပွဲတွေအတွင်း ထိခိုက်ပျက်စီးခဲ့တဲ့ သင်္ဘောတွေပေါ်ကနေ ရေထဲမျောပါနေသူတွေကို လိုက်လံရှာဖွေကယ်တင်ခဲ့တာမှာ စစ်တပ်သင်္ဘော​ပေါ်က​နေ ဧရာဝတီမြစ်ထဲ​မျောပါပြီ မြစ်ကမ်း​ဘေးမှာ နှစ်ပါတ်​ကျော် အစာမစားရတဲ့ စစ်တပ်မိသားစုဝင်က​​လေးငယ်တဦးကိုကယ်တင်ခဲ့ပါတယ် ။

Facebook