Connect with us

Hi, what are you looking for?

သတင်း

နတ်ရေကန်ဗျူဟာကို AA နဲ့ မဟာမိတ်တပ်တွေ အပြီးသတ်သိမ်းပိုက်

ရခိုင်ပြည်နယ် နဲ့ ပဲခူးတိုင်း၊ မကွေးတိုင်းဆက်စပ်ဒေသတွေအတွက် စစ်ရေးအရ အလွန်အရေးပါတဲ့ နတ်ရေကန်ဗျူဟာကုန်းကို အာရက္ခတပ်တော်(AA) နဲ့ မဟာမိတ်တပ်တွေက ဒီကနေ့ ညနေမှာ အပြီးသတ် သိမ်းယူနိူင်ပြီလို့ သတင်းရရှိပါတယ်။

နတ်​ရေကန်ဗျူဟာကို​ Google Earth မှာ​တွေ့ရပုံ

​အောက်တိုဘာ-၁၄၊၂၀၂၅။လူအေး/People’s Spring

ရခိုင်ပြည်နယ် နဲ့ ပဲခူးတိုင်း၊ မကွေးတိုင်းဆက်စပ်ဒေသတွေအတွက် စစ်ရေးအရ အလွန်အရေးပါတဲ့ နတ်ရေကန်ဗျူဟာကုန်းကို အာရက္ခတပ်တော်(AA) နဲ့ မဟာမိတ်တပ်တွေက ဒီကနေ့ ညနေမှာ အပြီးသတ် သိမ်းယူနိူင်ပြီလို့ သတင်းရရှိပါတယ်။

“ခေါင်းဆောင်တဲ့သူတွေ အကုန်ထွက်ပြေးတာလေ။ ပစ(စစ်မှုထမ်းသင်တန်းဆင်း)တွေပဲ ကျန်ခဲ့တာ။ ပြောရရင် ၁၁ ရက်နေ့ကတည်းက ရနေတာ။ အခုကတော့လုံးလုံးရှင်းလင်းနိုင်ပြီ” လို့ People’s Spring ရဲ့ သတင်းရင်းမြစ်တစ်ဦးကအောက်တိုဘာလ ၁၄ ရက်​နေ့ ညနေပိုင်းမှာ ပြောပါတယ်။

အမ်း-ပဒါန်းလမ်းပိုင်းအနီးက အကြီးဆုံး စခန်းဖြစ်တဲ့ နတ်ရေကန်ဗျူဟာကိုAAနဲ့ မဟာမိတ်တပ်တွေက ၂၀၂၅ ဖေဖော်ဝါရီလမှာ ထိုးစစ်စတင်ခဲ့တာပါ။ အဲဒီအချိန်တုန်းက ဒေသတွင်း စစ်ဆင်ရေးနဲ့ ခုခံစစ်တွေကို တပ်မ(၉၉)က တာဝန်ယူခဲ့တာပါ။ ကာကင်းစခန်းတွေကို AAနဲ့ မဟာမိတ် တွေက တစ်ခုပြီးတစ်ခု သိမ်းယူနေပြီး စစ်တပ်က​အစာရှိ​တွေအပါအဝင်သေဆုံးဒဏ်ရာရသူ ၊ထွက်​ပြေးသူ ၊အလင်းဝင်သူ အများအပြားနဲ့အထိနာနေခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

ဒါ​ကြောင့်စစ်ကောင်စီကတပ်မ(၉၉) တပ်မမှူး ဗိုလ်မှူးကြီးတင်မောင်ကျော်ကို မေလထဲမှာ ပြန်ဖမ်းခဲ့ပါတယ် ။ တပ်မ (၉၉) ​အောက်ကတပ်ရင်း​တွေ အထိနာတာ​ကြောင့် သြဂုတ်နဲ့ စက်တင်ဘာလမှာ ရှမ်းပြည်နယ် တောင်ပိုင်းအခြေစိုက်အမှတ်(၁၇) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်(စကခ-၁၇) လက်အောက်ခံတပ်ရင်းတွေကိုတပ်ချင်းလဲလှယ် ပို့ဆောင်ခဲ့ပါတယ်။

စက်တင်ဘာလနဲ့ အောက်တိုလာလဆန်းတိုက်ပွဲ‌တွေမှာလည်း အထိနာပြီး စကခ(၁၇)က အရာရှိပိုင်းတွေ အောက်တိုဘာလ ၉ရက်နေ့ကတည်းက ဆုတ်ခွာသွားတာလို့ သိရပါတယ်။အောက်တိုဘာလ ၁၀ရက်မှာ AAနဲ့ မဟာမိတ်တပ်တွေက ဗျူဟာထဲအထိဝင်တိုက်ခဲ့ပြီး ​အောက်တိုဘာ ၁၄ ရက်​နေ့မှာ အပြီးသတ် သိမ်းပိုက်တာလို့ သိရပါတယ်။

အခြားစစ်​ရေးသတင်းရင်းမြစ်တဦးကလည်း
“ပစ တွေ ထွက်ပြေးတာ။ လက်နက်ချတာအများကြီးပဲ” လို့ ပြောပါတယ်။

နတ်ရေကန်ဗျူဟာကုန်းကို AAနဲ့ မဟာမိတ်တွေက သိမ်းပိုက်လိုက်ကြောင်း ရေးသားထားတဲ့ သတင်းကိုလည်း 96 Soldiers PDF ရဲ့ ဦးဆောင်သူတဦးဖြစ်တဲ့ ကိုဇေယျာလွင်ကလည်း ” နတ်ရေကန်ဗျူဟာကုန်းကို အပြီးသတ်သိမ်းပိုက်လိုက်ပါပြီ”လို့ ရေးပြီး လူမှုကွန်ရက်မှာ မျှဝေထားပါတယ်။96 Soldiers PDFဟာ AAနဲ့ အတူ စစ်ကောင်စီကို ပူးပေါင်းတိုက်နေတဲ့ ကာကွယ်ရေးတပ်​တွေထဲတပ်တစ်ခုဖြစ်ပါတယ်။ 96 Soilders ရဲ့​အောက်

တိုဘာ ၆ ရက်​နေ့ကပြုလုပ်ခဲ့တဲ့စစ်သင်တန်းဆင်းပွဲကို အာရက္ခ​တပ်​တော်ထိန်းချုပ်​ဒေသမှာ ပြုလုပ်ခဲ့တာဖြစ်ပါတယ်။

AAကတော့ သီးခြားသတင်းမထုတ်ပြန်သေးပါဘူး။ နတ်ရေကန်ဗျူဟာကုန်းသိမ်းတိုက်ပွဲမှာ AAနဲ့ အတူ ပူးပေါင်းတိုက်ခိုက်နေတဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တစ်ဖွဲ့က တာဝန်ရှိသူတစ်ဦးကတော့ ” နတ်ရေကန်ကိုလုံးလုံးရှင်းပြီးရင် မကွေးတ်ိုင်းဝင်ပေါက်ပွင့်သွားသလို ဧရာမြစ်နောက်ခြမ်းအားလုံး စစ်ကောင်စီလက်လွှတ်ရဖို့သေချာသွားပြီ” လို့သုံးသပ်​ပြောကြားပါတယ်။

လက်ရှိမှာ အမ်း-ပဒါန်းလမ်း၊ မင်းတုန်း၊ သရက်၊ ဆင်ပေါင်ဝဲ၊ အထက်မင်းလှ၊ ငဖဲမြို့နယ်တွေနဲ့ ပုသိမ်-မုံရွာလမ်းပိုင်းတွေ၊ ပဲခူးတိုင်းထဲက တောင်ကုတ်-ပန်းတောင်း ကားလမ်း၊ ဧရာဝတီတိုင်းထဲက လေးမျက်နှာမြို့နယ်တို့မှာလည်း AAပူးပေါင်းတပ်တွေနဲ့ စစ်ကောင်စီ တိုက်ပွဲတွေ ပြင်းထန်နေပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ရခိုင်ပြည်နယ်၊ သံတွဲမြို့နယ် ကျောက်ကြီးကျေးရွာကို စစ်တပ်က လေကြောင်းတိုက်ခိုက်မှု ထပ်မံ ပြုလုပ်ခဲ့လို့ အရပ်သားပြည်သူအစုလိုက်၊ အပြုံလိုက်သေဆုံးထိခိုက်ခဲ့ရကြောင်း အာရက္ခတပ်တော်(AA)က ထုတ်ပြန်ပါတယ်။

သတင်း

ကျားမသောက်တပ်ရင်းထဲ AA ရဲလက်နက်ကြီးကျရောက်ပေါက်ကွဲလို့ အသေအပျောက်ရှိ

သတင်း

အာရက္ခတပ်တော်(AA)ထိန်းချုပ်ထားတဲ့ချင်းပြည်နယ် ပလက်၀မြို့နယ် ကုလက်ချောင်းနဲ့ ရှင်းလက်ချောင်းအတွင်းရှိ စက်လှေအငှားလိုက်တဲ့ ဒေသခံချင်းလူမျိုး ငါးဦးကို AA က ဖမ်းဆီးစစ်ဆေးနေပြီး အချို့မှာ ဒီနေ့ထိ ပြန်မ လွတ်လာသေးဘူးလို့ ဒေသခံတွေဆီက သိရပါတယ်။