Connect with us

Hi, what are you looking for?

သတင်း

သပိတ်ကျင်းမြို့နယ်မှာတိုက်ပွဲတွေပြင်းထန်၊ စစ်တပ်က မိုးကုတ်မြို့ဘက်သို့စစ်ကြောင်းထိုးနေ

မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်မှာ တိုက်ပွဲပြင်းထန်နေပြီး စစ်ကောင်စီတပ်က မိုးကုတ်မြို့ဘက်ကိုဦးတည်ပြီး စစ်ကြောင်းထိုးနေတယ်လို့ အဲဒီဒေသက တော်လှန်ရေးတပ်ဖွဲ့ရဲ့ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

၁၀၂၇ စစ်ဆင်​ရေး​ရှေ့တန်းတစ်​နေရာမှ TNLA တပ်ဖွဲ့ဝင်​တွေ ။ဓါတ်ပုံ- TNLA

အောက်တိုဘာ-၁၄၊၂၀၂၅/ဒီးဒီ၊ရှိန်း/People’s Spring

မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်မှာ တိုက်ပွဲပြင်းထန်နေပြီး စစ်ကောင်စီတပ်က မိုးကုတ်မြို့ဘက်ကိုဦးတည်ပြီး စစ်ကြောင်းထိုးနေတယ်လို့ အဲဒီဒေသက တော်လှန်ရေးတပ်ဖွဲ့ရဲ့ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

စစ်ကောင်စီတပ်က သပိတ်ကျင်းမြို့ကို ပြီးခဲ့တဲ့ ဇူလိုင် ၂၃ရက်မှာ ပြန်ထိန်းနိုင်ပြီးနောက် မိုးကုတ်မြို့ဆီ ဦးတည်စစ်ကြောင်းထိုးနေတာဖြစ်ပါတယ်။

လက်တလောမှာတော့ သပိတ်ကျင်းမြို့နဲ့ (၁၀)မိုင်ကျော်ကွာဝေးတဲ့ ဖော့တောလမ်းဆုံမှာတိုက်ပွဲတွေပြင်းထန်နေပြီး အောက်တိုဘာ ၁၃ရက်မှာ စစ်တပ်က ဖော့တောလမ်းဆုံကို ထိန်းချုပ်သွားနိူင်ခဲ့တယ်လို့ တော်လှန်ရေးတပ်ဖွဲ့ရဲ့ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

Public Service Announcement

Public Service Announcement

ဖော့တောလမ်းဆုံဟာသပိတ်ကျင်း-မိုးကုတ်လမ်းပိုင်းပေါ်မှာရှိပြီး မိုးကုတ်မြို့နဲ့ မိုင်(၄၀)ကျော်ကွာဝေးပါတယ်။ ဒါအပြင် သပိတ်ကျင်း၊ထီးချိုင့်လမ်းဆုံ နေရာလည်းဖြစ်ပါတယ်။ဒါ​ကြောင့် စစ်​ရေးအရ အရေးပါတဲ့ နေရာဖြစ်ပြီး မန္တလေး- မိုးကုတ်လမ်းပိုင်းအတွက် ဗျူဟာကျတဲ့ နေရာလည်းဖြစ်တယ်လို့ သိရပါတယ်။

ဖော့တောလမ်းဆုံနဲ့ မိုးကုတ်မြို့အကြားမှာတော့ တော်လှန်ရေးပူးပေါင်းတပ်တွေက အဆင့်ဆင့်ပိတ်ဆို့ထားတယ်လို့လည်း ၎င်းက ပြောပါတယ်။

“တိုက်ပွဲကကြမ်းနေတယ်။ ဖော့တောကိုတော့ သူတို့ မနေ့ညနေက ရသွားတယ်။ ဒါပေမယ့် ရှေ့မှာ တားဆီးထားတာတွေ အများကြီးပါ။ လွယ်လွယ်နဲ့ မိုးကုတ်မရောက်ပါဘူး”လို့ ၎င်းကဆက်ပြောပါတယ်။

စစ်ကောင်စီတပ်ကစစ်မှုထမ်းသင်တန်းဆင်းတပ်သားသစ်တွေအများအပြားသုံးပြီး လေကြောင်းပစ်ကူနဲ့ တိုးနေတာလို့လည်း ပြောပါတယ်။

ဖော့တောလမ်းဆုံ အကျော်မှာ တော်လှန်ရေးတပ်တွေသိမ်းပိုက်ထားတဲ့ စစ်ကောင်စီရဲ့ ခလရ(၁၄၈)တပ်ရင်းလည်း ရှိသေးတယ်လို့ ဆိုပါတယ်။ အဲဒီဒေသမှာ တအာင်းတပ်မတော်(TNLA)၊ မိုးကုတ်ဗျူဟာနဲ့ ပြည်သူ့လွတ်မြောက်ရေးတပ်မတော်(PLA) နဲ့ မဟာမိတ်တွေပူးပေါင်း ခုခံနေတယ်လို့ သိရပါတယ်။

“ဝက်သေ၊ဖက်ရှည်တို့ ဘက်အထိ တိုးမယ်ထင်ရတယ်။အဲဒီက နေဆိုရင် စဉ့်ကူးမြို့နယ် အစပ်ကို ရောက်မှာ။မိုးကုတ်ဘက်ကိုလည်း ဒီကောင် တွေစစ်ကြောင်းထိုးနေတယ်”လို့တော်လှန်ရေးသတင်းအရင်းမြစ်တဦးကပြောပါတယ်။

တော်လှန်ရေးတပ်တွေဘက်ကလည်းခုခံစစ်ပြင်ဆင်ထားပြီး တိုက်ပွဲ တွေဆက်လက်ပြင်းထန် နေတယ်လို့သိရပါတယ်။

စစ်ကောင်စီတပ်ဟာသပိတ်ကျင်း-မိုးကုတ်လမ်းပိုင်းပေါ်က လမ်းလယ်ကျစ်ရွာကို ပြီးခဲ့တဲ့စက်တင်ဘာ၂၃ရက်မှာသိမ်းပြီးနောက်ရှေ့ဆက်တိုးလာတာဖြစ်ပါတယ်။

ဒါ့အပြင် သပိတ်ကျင်းနယ်က တွင်းငယ်ဒေသမှာတော့ တိုက်ပွဲငြိမ်နေပြီး စစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲနေတယ်လို့လည်း အဲဒီဒေသက တော်လှန်ရေးရဲဘော်တစ်ဦးက ပြောပါတယ်။

သပိတ်ကျင်းနဲ့ မိုးကုတ်ဒေသ တိုက်ပွဲနဲ့ပတ်သက်ပြီး TNLAထံ ဆက်သွယ်မေးမြန်းနေဆဲဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်တွေ-ပုဏ္ဏားကျွန်းမြို့အစပ်မှာ စက်တင်ဘာလဆန်းကစပြီးဖြစ်ပွားနေတဲ့တိုက်ပွဲ​တွေအတွင်းမှာ သိမ်းဆည်းရရှိတဲ့ လက်နက်ခဲယမ်း​တွေနဲ့ ဖမ်းဆီးထားတဲ့ စစ်သုံ့ပန်း​တွေကို အာရက္ခတပ်​တော်က ဒီ​​နေ့တရာဝင်ထုတ်ပြန်ပါတယ်။

သတင်း

ချင်းပြည်နယ်၊ ကန်ပက်လက်မြို့နယ်က ကျေးရွာတစ်ရွာကို စစ်တပ်က စက်တင်ဘာ ၁၉ရက်မနက်မှာ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ နေအိမ်အချို့ ထိခိုက်ပျက်စီးခဲ့ကြောင်း ကန်ပက်လက်မြို့နယ် လူသားစာနာဘေးစီမံဌာနက သတင်းထုတ်ပြန်ပါတယ်။

သတင်း

ကချင်ပြည်နယ်မှာ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ် တိုက်ခိုက်သိမ်းပိုက်ထားတဲ့ နယ်မြေ များလာပြီး စစ်တပ် ဆုံးရှုံးမှုများလာလို့ အများပြည်သူ ကျေးရွာတွေကို ဗုံးကြဲတိုက်ခိုက်မှု ဆက်တိုက် ပြုလုပ်နေကြောင်း KIA သတင်းပြန်ကြားရေးဌာနက ဖော်ပြပါတယ်။

သတင်း

ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်အစပ်မှာရှိတဲ့ကြသောင်းဆိပ်ရွာက စာသင်ကျောင်းကိုမနေ့ (စက်တင်ဘာ ၁၉ ရက်)ညပိုင်းကအာဏာသိမ်းစစ်တပ်ကဗုံးကြဲတာကြောင့်စာသင်ကျောင်းနဲ့ နေအိမ်အချို့ ထိခိုက်ပျက်စီးသွားခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။