Connect with us

Hi, what are you looking for?

သတင်း

မြန်မာနိုင်ငံက ကျားဖြန့်ဂိုဏ်းတွေက Starlink အင်တာနက် သုံးစွဲနေတာကို အမေရိကန် လွှတ်တော် စုံစမ်းနေ

မြန်မာနိုင်ငံက အွန်လိုင်း ငွေလိမ်ဂိုဏ်းတွေက Starlink အင်တာနက် ကွန်ရက် သုံးစွဲနေမှုတွေနဲ့ ပတ်သက်လို့ အမေရိကန် လွှတ်တော်က စုံစမ်းစစ်ဆေးမှုတွေ ဆက်လက် လုပ်ဆောင်နေပါတယ်။

ဓာတ်ပုံ - Jittrapon Kaicome/The Guardian

မြန်မာနိုင်ငံက အွန်လိုင်း ငွေလိမ်ဂိုဏ်းတွေက Starlink အင်တာနက် ကွန်ရက် သုံးစွဲနေမှုတွေနဲ့ ပတ်သက်လို့ အမေရိကန် လွှတ်တော်က စုံစမ်းစစ်ဆေးမှုတွေ ဆက်လက် လုပ်ဆောင်နေပါတယ်။

လွှတ်တော်ရဲ့ ကော်မတီ တစ်ရပ်က ကမ္ဘာ့ အချမ်းသာဆုံး ဘီလီယံနာ သူဌေးကြီး အီလွန်မတ်စ်ခ် ပိုင်ဆိုင်တဲ့ Starlink ဂြိုဟ်တု ဆက်သွယ်ရေး ကုမ္ပဏီရဲ့ဝန်ဆောင်မှုကို မြန်မာနိုင်ငံ အခြေစိုက် (ကျားဖြန့်) ငွေလိမ်ဂိုဏ်းတွေက ရယူ သုံးစွဲနေတယ်ဆိုတဲ့ ကိစ္စကို စုံစမ်းနေကြောင်း အတည်ပြုခဲ့ပါတယ်။

ကျားဖြန့် လုပ်ငန်းတွေဟာ ကမ္ဘာတလွှားမှာ လူပေါင်းမြောက်မြားစွာကို အယုံသွင်းပြီး ဒေါ်လာ ဘီလီယံနဲ့ချီ များပြားတဲ့ ငွေကြေးတွေကို လိမ်လည် ရယူနေကြတယ်လို့ အဲဒီ ကော်မတီက ပြောပါတယ်။

ဖေဖော်ဝါရီလလောက်တုန်းက ထိုင်း-မြန်မာ နယ်စပ်မှာ အခြေစိုက်ထားတဲ့ ကျားဖြန့်ဂိုဏ်းတွေကို အာဏာပိုင်တွေက ဖြိုခွင်းချိန်မှာ အဲဒီလုပ်ငန်းတွေ လည်ပတ်တဲ့ အဆောက်အအုံ ဝင်းတွေထဲမှာ Starlink အင်တာနက် ချိတ်ဆက်ဖမ်းယူတဲ့ စလောင်းတွေ တပ်ဆင်ထားတာကို တွေ့ရှိခဲ့ပါတယ်။ သုံးလလောက် အတွင်းမှာတင်ပဲ Starlinkဟာ မြန်မာနိုင်ငံမှာ လူသုံးအများဆုံး အင်တာနက် ဝန်ဆောင်မှုတစ်ခု ဖြစ်လာခဲ့တယ်လို့လည်း ဆိုပါတယ်။

Public Service Announcement

Public Service Announcement

Starlinkရဲ့ မိခင် လုပ်ငန်းစုကြီးဖြစ်တဲ့ SpaceXကတော့ ဒီကိစ္စအပေါ် ဘာမှတ်ချက်မှ မပေးသေးပါဘူး။ ကော်မတီကတော့ စုံစမ်းစစ်ဆေးမှုတွေကို ဇူလိုင်လကတည်းက စတင်ခဲ့ပြီး လက်ရှိ အချိန်ထိလည်း ဆက်လက် လုပ်ဆောင်နေကြောင်း၊ လိုအပ်လာရင် မတ်စ်ခ်ကိုယ်တိုင် လွှတ်တော်မှာ ကြားနာစစ်ဆေးမှု ခံယူရမှာဖြစ်ကြောင်း မှတ်ချက်ပေးထားပါတယ်။

လူ့အခွင့်အရေး အဖွဲ့အစည်းတွေကတော့ အဲဒီကျားဖြန့် ဂိုဏ်းတွေဟာ ငွေလိမ်လုပ်ငန်းတွေတင် လုပ်ကိုင်နေတာ မဟုတ်ဘဲ လူမှောင်ခိုမှုတွေ၊ အဓမ္မ ခြိမ်းခြောက် ခိုင်းစေမှုတွေနဲ့ပါ ဆက်နွှယ်နေကြောင်း သတိပေးထားပါတယ်။ ဥပမာ ဖေဖော်ဝါရီ လတုန်းက ကျားဖြန့် နှိမ်နင်းမှု စစ်ဆင်ရေးတွေအတွင်း အာဏာပိုင်တွေက ဝန်ထမ်း ၇၀၀၀ လောက်ကို ကယ်ဆယ်ခဲ့ရဖူးပါတယ်။

အရှေ့တောင်အာရှ အခြေစိုက် ကျားဖြန့်ဂိုဏ်းတွေဟာ အမေရိကန် နိုင်ငံသားတွေကိုလည်း အကြီးအကျယ် ပစ်မှတ်ထားပြီး လိမ်လည်လေ့ ရှိပါတယ်။ အမေရိကန် ဘဏ္ဍာရေး ဝန်ကြီးဌာနရဲ့ အဆိုအရ အွန်လိုင်း ငွေကြေး လိမ်လည်မှုတွေကြောင့် ပြီးခဲ့တဲ့ နှစ်အတွင်း အမေရိကန် နိုင်ငံသားတွေဟာ ဒေါ်လာ ၁၀ ဘီလီယံလောက်ထိ စုစုပေါင်း အဆုံးအရှုံးတွေ ကြုံခဲ့ရကြောင်း သိရပါတယ်။ ဒါဟာ ၂၀၂၃ ခုနှစ်ကနဲ့ ယှဉ်ရင် ၆၆ ရာခိုင်နှုန်း တိုးလာတဲ့ ပမာဏလည်း ဖြစ်ပါတယ်။

ကိုးကား: Guardian

ဆက်စပ်သတင်းများ

သတင်း

ရွှေဘိုခရိုင်အတွင်းက မြို့နယ် ၃ခုမှာ စစ်ဆင်ရေးရှိနေလို့ စတားလင့်ခ်အင်တာနက်တွေ ယာယီ ပိတ်သိမ်းထားကြဖို့ အမှတ်(၁)ရွှေဘိုခရိုင် စစ်ဌာနက သတိပေးပါတယ်။

သတင်း

စစ်တပ်သတင်းပေးတွေက စတားလင့်အင်တာနက်(Starlink)အသုံးပြုပြီး စစ်တပ်ထံ သတင်းပေးနေတာကြောင့် ကနီမြို့နယ်မှာ တေယ်လှန်ရေးအဖွဲ့အစည်းတွေရဲ့ အင်တာနက်စက်ကလွဲပြီး စတားလင့်အင်တာနက်အားလုံး ပိတ်သိမ်းဖို့ မြို့နယ်အရေးပေါ်အုပ်ချုပ်ရေး (ဗဟို)အဖွဲ့က ထုတ်ပြန်ထားပါတယ်။

သတင်း

တိုက်ပွဲတွေကြောင့် အင်းတော်မြို့နယ်မှာ Starlink အင်တာနက်အသုံးပြုမှုယာယီပိတ်သိမ်းဖို့ အင်းတော်မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ (ပဖက) ထုတ်ပြန်ထားပါတယ်။

နိုင်ငံတကာ

ဗြိတိန်နဲ့ အမေရိကန်ကြား ပိုမို ညီညွတ်ကြဖို့ အမေရိကန် လွှတ်တော် မိန့်ခွန်းမှာ ဗြိတိန်ရဲ့ ချားလ်စ်ဘုရင်က တိုက်တွန်း တောင်းဆိုသွားခဲ့ပါတယ်။