Connect with us

Hi, what are you looking for?

သတင်း

မုံရွာမှာ စစ်တပ် လက်နက်ကြီးကြောင့် နေအိမ် ၅ လုံး ပျက်စီး

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ် ဘုရွာမှာ စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ ပစ်ခတ်တိုက်ခိုက်လို့ နေအိမ် ၅ လုံးခန့် ပျက်စီးခဲ့ကြောင်း ဒေသခံတွေက ပြောပါတယ်။

လက်နက်ကြီးထိပြီး ပျက်စီးခဲ့တဲ့ နေအိမ်တချို့ကို တွေ့ရစဥ်။ ဓါတ်ပုံ-AL

အောက်တိုဘာ-၁၅၊ ၂၀၂၅။ ဇေအောင်/People’s Spring

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ် ဘုရွာမှာ စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ ပစ်ခတ်တိုက်ခိုက်လို့ နေအိမ် ၅ လုံးခန့် ပျက်စီးခဲ့ကြောင်း ဒေသခံတွေက ပြောပါတယ်။

အောက်တိုဘာ ၁၄ ရက် မနေ့ ည ၇ နာရီခွဲခန့်ကမုံရွာမြို့နယ်၊ မုံရွာ-မန္တလေးလမ်းပေါ် မအူဂိတ်ရှိ စစ်ကောင်စီတပ်က တိုက်ပွဲဖြစ်ပွားခြင်း မရှိဘဲ မုံရွာ အနောက်တောင်ခြမ်းရှိ ‌ကျေးရွာတွေကို လက်နက်ကြီးနဲ့ ၆ကြိမ် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ပြည်သူ့နေအိမ်တွေ ထိခိုက်ပျက်စီးခဲ့ကြောင်း မုံရွာမြို့နယ်သတင်းမှန်ပြန်ကြားရေးအဖွဲ့က ပြောပါတယ်။

အဲဒီပစ်ခတ်မှုတွေထဲက လက်နက်ကြီးတချို့ဟာ မုံရွာ-အမြင့်လမ်းဘေးက ဘုရွာကိုပါ လက်နက်ကြီး ၂ လုံး ကျရောက်ပြီး နေအိမ် ၅ လုံးခန့် ပျက်စီးခဲ့ကြောင်း ဒေသခံတွေက ပြောပါတယ်။

Public Service Announcement

Public Service Announcement

“၅ အိမ်လောက်ထိတယ်။ အိမ်တအိမ်ပေါ်ကျပြီး ပေါက်ကွဲပြီး မီးလောင်တယ်။ နွားတွေလည်းသေတယ်။ လူတွေတော့ အထိအခိုက်မရှိဘူး”လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

ဒီနေ့ မနက် ၁၁ နာရီခွဲခန့်ကလည်း ကျောက္ကာရွှေဂူနီဘုရားမှာ တပ်စွဲထားတဲ့ စစ်အု​ပ်စုက လက်နက်ကြီးတွေနဲ့ ရမ်းပစ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာ ၆ ရက်၊ သီတင်းကျွတ်လပြည့်ညက မုံရွာခရိုင်၊ မုံရွာမြို့နယ်နဲ့ ချောင်းဦးမြို့နယ်အစပ်မှာ စစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် ပြည်သူ ၂၀ ကျော် သေဆုံးပြီး ၆၀ နီးပါး ဒဏ်ရာရရှိခဲ့ပါတယ်။

အဲဒီနောက်မှာလည်း စစ်ကောင်စီတပ်က မုံရွာနဲ့ချောင်းဦးနယ်တွေကို လက်နက်ကြီးတွေ နေ့စဥ်ပစ်ခတ်တိုက်ခိုက်ပြီး ပြည်သူတွေထိခိုက်သေဆုံးကာ နေအိမ်ပျက်စီးတာတွေ ရှိနေပါတယ်။

ဆက်စပ်သတင်းများ

သတင်း

AA ကစစ်​တွေရှိ စစ်တပ်ကာကင်းအနည်းဆုံး၃ခုနဲ့ ခြေကုတ်​နေရာ၄ခုကိုသိမ်းပိုက်ပြီး

သတင်း

ရွှေဝါရောင်တော်လှန်ရေးမှာ သံဃာတော်တွေနဲ့ ပြည်သူတွေကို စစ်အာဏာရှင်က ရက်ရက်စက်စက် နှိက်စက်သတ်ဖြတ်ခဲ့တာကို မမေ့ကြဖို့နဲ့ စစ်အာဏာရှင်တွေကဘုံရန်သူပျောက်အောင် သွေးခွဲလေ့ရှိတာကိုသတိထားကြဖို့ရွှေဝါရောင်ဆရာတော် ဆရာတော် မင်းသုညက မိန့်ကြားလိုက်ပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ခေါင်လန်ဖူးမြို့နယ် မြန်မာ-တရုတ်နယ်စပ် နယ်ခြားမှတ်တိုင် ၃၀ အမတ်ပေါ် ဒေသက စစ်တပ်ရဲ့ ဗျူဟာစခန်း ၁ခုကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်က စက်တင်ဘာ ၁၈ရက်မှာ သိမ်းပိုက်ရရှိခဲ့ကြောင်း ကချင်စစ်ရေးသတင်းရင်းမြစ်အချို့က အသိပေးပါတယ်။

သတင်း

စစ်တွေနဲ့ ပုဏ္ဏားကျွန်းမြို့နယ်အစပ်က ကာကင်းစခန်းနဲ့ ခြေကုတ်နေရာအချို့သိမ်းပိုက်ခံရပြီး​တော့ အာဏာသိမ်းစစ်တပ်က ဒီနေ့မှာစစ်တွေ၊ ပုဏ္ဏားကျွန်း၊ ပေါက်တောနဲ့ သံတွဲမြို့နယ်တို့ ကို လေယာဉ်အုပ်လိုက်နဲ့ ဗုံးပတ်ကြဲနေတယ်လို့ဒေသခံတွေကပြောပါတယ်။