Connect with us

Hi, what are you looking for?

သတင်း

ထီးခီးရွာကို စစ်တပ်ဗုံးကြဲ ပြည်သူအချို့ထိခိုက်

ကရင်အမျိုးသားအစည်းအရုံး(KNU)တပ်မဟာ(၄) မြိတ်-ထားဝယ်ခရိုင်ထီးခီးဒေသကိုအာဏာသိမ်းစစ်ကောင်စီတပ်ကလေကြောင်း ကနေ ထပ်မံတိုက်ခိုက်လို့ ပြည်သူအချို့ ထိခိုက်မှုရှိခဲ့တယ်လို့ KNU မြိတ်-ထားဝယ်ခရိုင်က သတင်းထုတ်ပြန်ပါတယ်။

စစ်ကောင်စီလေကြောင်းတိုက်ခိုက်မှုကြောင့် ပျက်စီးမှုများ။ ဓာတ်ပုံ - KNU-MTD

အောက်တိုဘာ-၁၅၊၂၀၂၅။ထားမြတ်/People’s Spring

ကရင်အမျိုးသားအစည်းအရုံး(KNU)တပ်မဟာ(၄) မြိတ်-ထားဝယ်ခရိုင်ထီးခီးဒေသကိုအာဏာသိမ်းစစ်ကောင်စီတပ်ကလေကြောင်း ကနေ ထပ်မံတိုက်ခိုက်လို့ ပြည်သူအချို့ ထိခိုက်မှုရှိခဲ့တယ်လို့ KNU မြိတ်-ထားဝယ်ခရိုင်က သတင်းထုတ်ပြန်ပါတယ်။

အောက်တိုဘာ ၁၄ရက် နေ့လည်ပိုင်းမှာ ထားဝယ်မြို့နယ် ထီးခီးကျေးရွာကို စစ်ကောင်စီက ဗုံးကြဲခဲ့လို့ အဆောက်အဦ ထိခိုက်ပျက်စီးကာ ပြည်သူအချို့ ဒဏ်ရာရခဲ့တယ်လို့ အသိပေးပါတယ်။ ထိခိုက်ဒဏ်ရာရသူအရေအတွက်ကို​တော့ဖော်ပြထားခြင်းမရှိပါဘူး။

စစ်ကောင်စီတပ်ဟာ KNU မြိတ်-ထားဝယ်ခရိုင် သိမ်းပိုက်ထားတဲ့ထီးခီးရွာကိုအောက်တိုဘာ ၈ ရက်ကစပြီး လေကြောင်းက​နေ ဗုံး​တွေဆက်တိုက်ကြဲ ခဲ့တာပါ။​အောက်တိုဘာ ၈ရက်နေ့မနက်မှာ Y12နဲ့ ဗုံးသီး ၄၀ ကျော် ကြဲချတိုက်ခိုက်ခဲ့သလို နေ့ခင်းပိုင်းမှာ တိုက်လေယာဉ်နဲ့ ဗုံးကြဲခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

ဒါအပြင်အောက်တိုဘာ၁၀ရက်မနက်ပိုင်းမှာတိုက်လေယာဉ်နဲ့ ဗုံးကြဲတာ၊စက်သေနတ်နဲ့ပစ်ခတ်ခဲ့ပါတယ်။ထီးခီးဒေသကို စစ်ကောင်စီ လေကြောင်း စတင်တိုက်ခိုက်ကတည်းက ဒေသခံ ပြည်သူ ၃၀၀ ကျော် မြန်မာ-ထိုင်းနယ်စပ်သို့ ထွက်ပြေးတိမ်းရှောင်ခဲ့ရပါတယ်။

​အောက်တိုဘာ ၁၄ ရက်လေကြောင်း တိုက်ခိုက်မှုမှာ ကျေးရွာထဲမှာ အနည်းငယ် ကျန်ရှိနေတဲ့ ပြည်သူအချို့ ထိခိုက်ခဲ့တာဖြစ်တယ်လို့ KNLA တပ်မဟာ(၄) သတင်းရင်းမြစ်က ပြောပါတယ်။

စစ်ကောင်စီဟာမြေပြင်ထိုးစစ်မရှိဘဲလေကြောင်း က​နေပဲတိုက်ခိုက်လာခြင်းဖြစ်တယ်လို့လည်း သူက ပြောပြပါတယ်။

အာဏာသိမ်းစစ်ကောင်စီဟာထီးခီးအပါအဝင် နိုင်ငံတဝန်းမှာ လက်လွှတ်ဆုံးရှုံးထားရတဲ့ နယ်မြေဒေသတွေကို လေကြောင်း စစ်ဆင်ရေး အရှိန်မြှင့်လုပ်ဆောင်နေလို့ ပြည်သူသေဆုံးထိခိုက်မှု မကြာခဏ ဖြစ်ပေါ်လျက်ရှိပါတယ်။

ဒါကြောင့် ပြည်သူတွေ စစ်ရေးသတိရှိဖို့ လေကြောင်းရန် ကာကွယ်ရေးဆိုင်ရာတွေလိုက်နာကြဖို့ တိုက်တွန်းနှိုးဆော်ထားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်သားအ​လောင်း၃၀​ကျော်ရပြီးစစ်တပ်စစ်​ကြောင်း​နောက်ပြန်ဆုတ်သွား

သတင်း

ရဲကွန်မန်ဒို စစ်ကြောင်းမှူးပါဒဏ်ရာအပြင်းအထန်ရဟုသာယာ၀တီခရိုင်စစ်ရေးတာ၀န်ရှိသူ​ပြော

သတင်း

စစ်တပ်က ရန်ကုန်နဲ့ ဧရာဝတီတိုင်းချိတ်ဆက်ထားတဲ့ အဝေးပြေးလမ်းကိုအသုံးပြုပြီး စစ်လက်နက်ပစ္စည်းတွေကားနဲ့သယ်ယူပို့ဆောင်နေတဲ့အတွက် ခရီးသွားတွေသတိပြုသွားလာကြဖို့ မျက်မြင်တွေ့ရှိသူတွေက သတိပေးကြပါတယ်။

သတင်း

မန္တလေးတိုင်း၊ မိတ္ထီလာမြို့က စစ်တပ် ၃ခုဆုံတဲ့နေရာအနီးမှာ အိုးဝေသမားတစ်ဦးကို လူငယ်တွေက သံချွန်နဲ့ထိုးပြီး လုယက်မှုဖြစ်ပွားခဲ့ပါတယ်။

Facebook