အောက်တိုဘာ-၁၆၊၂၀၂၅။လူအေး/People’s Spring
မကွေးတိုင်း၊ ငဖဲမြို့နယ်က နတ်ရေကန်ဗျူဟာကုန်းကို အပြီးသတ်သိမ်းပိုက်နိုင်ဖို့ လက်ကျန်နေရာအချို့ကို ထိုးစစ်ဆင်တိုက်ခိုက်နေပြီး ပန်းတောင်းမြို့နယ်က စစ်ကောင်စီပွိုင့်စခန်းတစ်ခုကို သိမ်းယူလိုက်တယ်လို့ AAက ထုတ်ပြန်ပါတယ်။
ရခိုင်ပြည်နယ်နဲ့ နယ်စပ်ဒေသတွေဖြစ်တဲ့ မကွေး၊ ပဲခူးနဲ့ဧရာဝတီတိုင်းထဲက တိုက်ပွဲတွေ ပြင်းထန်နေတဲ့ ဒေသတွေရဲ့ စစ်ရေးအခြေအနေကို AAက အောက်တိုဘာလ ၁၅ရက်ညမှာ ထုတ်ပြန်တာပါ။
နတ်ရေကန်ဗျူဟာကုန်းကို အပြီးသတ်သိမ်းပိုက်နိုင်ဖို့ လက်ကျန်နေရာအချို့သာကျန်တော့ပြီး ထိုးစစ်ဆင်တိုက်ခိုက်နေသကဲ့သို့ ကစဉ့်ကလျား ထွက်ပြေးနေတဲ့ စစ်သားတွေနဲ့ နေရာအချို့မှာတိုက်ပွဲတွေဖြစ်နေတယ်လို့AA ကတရာဝင်ထုတ်ပြန်လာပါတယ်။ဒါအပြင် လက်နက်ချ အလင်းဝင်ရောက်လာသူ တွေကိုလည်း စစ်သုံ့ပန်းဥပဒေနဲ့အညီ လက်ခံထားကြောင်း

Public Service Announcement
အမ်း-ပဒါန်းလမ်းပိုင်းအနီးက အကြီးဆုံးစခန်းဖြစ်တဲ့ နတ်ရေကန်ဗျူဟာကုန်းကိုAAနဲ့ မဟာမိတ်တွေကပြီးခဲ့တဲ့ဖေဖော်ဝါရီလမှာထိုးစစ်စတင်ခဲ့တာပါ။ အဲဒီအချိန်တုန်းကဒေသတွင်းစစ်ဆင်ရေးနဲ့ ခုခံစစ်တွေကို တပ်မ(၉၉)က တာဝန်ယူခဲ့တာပါ။ ကာကင်းစခန်းတွေကို AAနဲ့ မဟာမိတ် တွေက တစ်ခုပြီးတစ်ခု သိမ်းယူနေပြီး အထိနာနေတဲ့ စစ်ကောင်
စီက တပ်မ(၉၉)တပ်မ(၉၉) တပ်မမှူး ဗိုလ်မှူးကြီးတင်မောင်ကျော်ကိုမေလထဲမှာပြန်ဖမ်းခဲ့ပါတယ် ။
အထိနာနေတဲ့ တပ်မ(၉၉)လက်အောက်ခံတပ်ရင်းတွေကိုလည်း သြဂုတ်နဲ့ စက်တင်ဘာလမှာနောက် တန်းပြန်ပို့ပြီး ၎င်းတပ်ရင်းတွေအစားရှမ်းပြည်
နယ်၊တောင်ပိုင်းအခြေစိုက်အမှတ်(၁၇)စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်(စကခ-၁၇) လက်အောက်ခံတပ်ရင်းတွေကို ပို့ဆောင်ခဲ့ပါတယ်။
AA နဲ့ မဟာမိတ်တွေက ထိုးစစ်အရှိန်မြှင့်လာတာကြောင့်စက်တင်ဘာလကုန်ပိုင်းနဲ့ အောက်တိုလာလဆန်းတိုက်ပွဲတွေမှာစကခ (၁၇) အထိနာခဲ့ပါတယ်။စကခ(၁၇)က အရာရှိပိုင်းတွေဟာ နတ်ရေကန်ဗျူဟာကနေ အောက်တိုဘာလ ၉ရက်နေ့ကတည်းက ဆုတ်ခွာသွားတာလို့ သိရပါတယ်။ အောက်တိုဘာလ ၁၀ရက်မှာ AAနဲ့ မဟာမိတ်တွေက ဗျူဟာထဲအထိဝင်တိုက်ပြီး အောက်တိုဘာလ ၁၄ရက်နေ့မှာသိမ်းပိုက်နိုင်ခဲ့တယ်လို့လည်း စစ်ရေးသတင်းရင်းမြစ်အချို့ကပြောပါတယ်။ တစ်ချိန်တည်းမှာ ငဖဲမြို့နယ်ထဲကပဇီရွာမှာစစ်ကောင်စီက အင်အားပြန်စုစည်းပြီး လေကြောင်းအကူအညီနဲ့ ပြန်တိုက်ဖို့ ကြိုးစားနေတယ်လို့ မြေပြင်သတင်းရင်းမြစ်တွေက ပြောခဲ့ပါတယ်။
AAရဲ့ အောက်တိုဘာ ၁၅ ရက် ထုတ်ပြန်ချက်မှာတော့ နတ်ရေကန်ဗျူဟာကုန်းကို အပြီးသတ်သိမ်းပိုက်နိုင်ဖို့ လက်ကျန်နေရာအချို့ ကိုဆက်ထိုးစစ်ဆင်နေသလို ၊ ထွက်ပြေးနေတဲ့စစ်သားတွေကိုလိုက်လံရှင်းရင်း နေရာအချို့မှာတိုက်ပွဲတွေ ဆက်ဖြစ်နေတယ်လို့ တရားဝင် ဖော်ပြထားပါတယ်။
တောင်ကုတ်-ပန်းတောင်းလမ်းပိုင်းမှာလည်း တိုက်ပွဲတွေပြင်းထန်နေပြီး ပန်းတောင်းမြို့နယ်၊ ပုဂံဂွေ့ (ပန်းကန်ကွဲ) ကျေးရွာ တောင်ဘက်၊ ၉ ကီလိုမီတာအကွာက စစ်ကောင်စီစခန်း၆၆၆ပွိုင့်ကုန်းကို သိမ်းယူနိုင်ခဲ့တယ်လို့ ထုတ်ပြန်ပါတယ်။၆၆၆ပွိုင့်ကုန်းပတ်ဝန်းကျင်မှာ တိုက်ပွဲတွေဖြစ်နေတာကြာနေပြီဖြစ်ပြီး အောက်တိုဘာလ ၁၄ ရက်၊မနက် ၉နာရီ ၅မိနစ်စတင်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့တာလို့ သိရပါတယ်။
ထိုးစစ်အရှိန်ကိုမြှင့်လိုက်ပြီး သုံးဖက်သုံးတန်က ဝိုင်းပိတ်တိုက်ခိုက်တာမှာ ၃ နာရီခန့် အကြာမှာပဲ စခန်းကို သိမ်းယူခဲ့တာလို့ AAက ထုတ်ပြန်ပါတယ်။ စခန်းသိမ်းတိုက်ပွဲမှာ စစ်ကောင်စီရုပ်အလောင်းတွေနဲ့ လက်နက်ခဲယမ်းတွေ၊ စစ်အသုံးအဆောင်ပစ္စည်းအချို့ကိုလည်း သိမ်း
ဆည်းနိုင်ခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။ AAနဲ့ မဟာမိတ်တွေဘက်မှာလည်း ထိခိုက်ကျဆုံးသူတချို့ ရှိခဲ့ပါတယ်။
လက်ရှိမှာ စစ်တွေမြို့အနီးပတ်ဝန်းကျင်မှာလည်း လက်နက်ကြီး၊ ဒရုန်းတွေနဲ့ အပြန်အလှန်တိုက်ခိုက်မှုတွေ ပိုမိုပြင်းထန်နေပြီး ဧရာဝတီတိုင်း၊ ရေကြည်မြို့နယ်၊ စက်စက်ယိုကျေးရွာအနီးမှာလည်း တိုက်ပွဲတွေ ဆက်ဖြစ်နေတယ်လို့ သိရပါတယ်။ စက်စက်ယိုကျေးရွာဟာ ရေကြည်နဲ့ လေးမျက်နှာမြို့ကြားမှာရှိပြီး မြေပြင်တိုက်ပွဲမှာ အထိနာလို့ လေကြောင်းကနေ အပြင်းအထန်ဗုံးကြဲနေတယ်လို့ သတင်းရရှိပါတယ်။
မကွေး၊ ပဲခူးနဲ့ဧရာဝတီတိုင်းထဲက ရခိုင်ပြည်နယ်နဲ့ နယ်စပ်ဒေသတွေမှာ တိုက်ပွဲတွေဆက်ဖြစ်နေပြီး နောက်ဆက်တွဲသတင်းတွေကို ဆက်လက်ထုတ်ပြန်ပေးသွားမယ်လို့ AAက အသိပေးထားပါတယ်။
နတ်ရေကန်ဗျူဟာအပြီးသတ်သိမ်းပိုက်ရန်အနည်းပဲကျန်တဲ့နေရာအချို့ကိုဆက်လက်ထိုးစစ်ဆင်နေဟုAA…
Posted by People's Spring on Wednesday 15 October 2025
(ရုပ်သံ -AA Info desk)
















































