Connect with us

Hi, what are you looking for?

သတင်း

မန္တလေးမှာအရပ်ဝတ်လူတစုက ဖုန်းစစ်မယ်ဆိုပြီး ဖုန်းလုပြေး

မန္တ​လေးမြို့မှာဆိုင်ကယ်စီးလာသူတဦးကို အရပ်ဝတ်တွေနဲ့ လူတစ်စုကတားပြီး ဖုန်းစစ်မယ်ဆိုကာ ဖုန်းလုပြေးသွားပါတယ်။

မန္တလေးမြို့ပေါ်တွင် စစ်ဆေးနေသော စစ်အုပ်စုအား တွေ့ရစဥ်။ ဓာတ်ပုံ-CJ

အောက်တိုဘာ-၁၉၊၂၀၂၅။မေရီ/People’s Spring

မန္တ​လေးမြို့မှာဆိုင်ကယ်စီးလာသူတဦးကို အရပ်ဝတ်တွေနဲ့ လူတစ်စုကတားပြီး ဖုန်းစစ်မယ်ဆိုကာ ဖုန်းလုပြေးသွားပါတယ်။

အောက်တိုဘာ ၁၈ ရက်မနက်ပိုင်းက မန္တလေးမြို့၊ ပြည်ကြီးတံခွန်မြို့နယ်၊ ၇၈ လမ်းမကြီးပေါ်၊ ၁၁၅ လမ်းနဲ့ ၁၁၇ လမ်းကြား၊ ကျွဲဆည်ကန်မီးပွိုင့်အ

ကျော်မှာ အရပ်ဝတ်လူတစုက ဆိုင်ကယ်စီးလာတဲ့ အမျိုးသားတဦးကို တားဆီးခဲ့ကြောင်း သိမြင်လိုက်သူတွေက ပြောပါတယ်။

Public Service Announcement

Public Service Announcement

အဲဒီအချိန် ဖုန်းစစ်မယ်ဆိုလို့ ဆိုင်ကယ်စီးလာသူ အမျိုးသားက သူ့ရဲ့ iphone 16 ဖုန်းကို ပေးလိုက်တဲ့အချိန် စစ်ဆေးသူတွေဟာဖုန်းကိုယူပြီးထွက်

ပြေးသွားကြောင်း ဖြစ်စဥ်မြင်လိုက်ရသူတွေက ပြောပါတယ်။

“ဖုန်းစစ်မယ်ဆိုလို့ ဖုန်း password တွေ ပြောပြီးမှ ဖုန်းကိုယူပြီး ထွက်ပြေးသွားတာ”လို့ ဖြစ်စဥ်ကိုသိသူတဦးက ပြောပါတယ်။

ဖုန်းယူထွက်ပြေးသွားသူတွေဟာ စစ်အုပ်စုဝင်တွေ ဟုတ်၊မဟုတ် အတည်ပြုလို့ မရသေးပါဘူး။

အခင်းဖြစ်ရာနေရာဟာ စစ်ကောင်စီကင်းချထားတဲ့ ကမ္ဘာ့ရတနာဘဏ်နဲ့ မြဝတီဘဏ်တွေရဲ့ မနီးမဝေးမှာ တည်ရှိနေကြောင်း မြို့ခံအချို့က ပြောပါတယ်။

ပြီးခဲ့တဲ့ လပိုင်းအတွင်းကလည်းအခုလိုပဲမန္တလေးမြို့ပေါ်မှာ ဖုန်းစစ်မယ်ဆိုပြီး လုယူထွက်ပြေးသွားတဲ့ဖြစ်စဥ်တွေ ဖြစ်ပွားခဲ့ဖူးကြောင်း မြို့ခံတွေက ပြောပါတယ်။

စစ်ကောင်စီတပ်ကလည်းနေ့စဥ့်လှည့်ကင်းကားနဲ့ပတ်ပြီး ဆိုင်ကယ်တွေကိုတားကာ ဖုန်းတွေကို လှည့်လည်စစ်ဆေးနေကြောင်း သတင်းရရှိပါတယ်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးမြို့က ကလေးဆေးရုံကြီးမှာ လူနာစောင့် အမျိုးသား ၁ဦး ထပ်မံပျောက်ဆုံးသွားပြန်ပါတယ်။

အတွေးအမြင်

ကျုံးအတွင်းဘက် နန်းမြို့ရိုးဘေးက ​ဆောင်း​ဘောက်စ်တွေကထွက်လာတဲ့ကျယ်​လောင်တဲ့​သီချင်းသံ​တွေက ကျုံးပတ်ဝန်ကျင်ကိုဖုံးလွှမ်းနေပါတယ်။လူငယ်အများစုနဲ့ လူကြီးအချို့ပါဝင်တဲ့ အပြေးပြိုင်ပွဲအပြီးစည်ဘီယာတွေအပိုင်းလိုက်ထောင်ကာ အောင်ပွဲခံ အော်ဟစ် နေကြတာပါ။

သတင်း

မန္တလေးမြို့ကို (၁၃)မိုင်နီးပါး စက်ဘီးနင်းပြီး အလုပ်သွားလုပ်ရတဲ့ ပန်းရံသမားတစ်ဦး အလုပ်ကအပြန် ပျောက်ဆုံးသွားခဲ့ပြီး ကျန်ရစ်တဲ့ ကိုယ်ဝန်ဆောင်ဇနီးသည်နဲ့ ကလေး ၂ဦး အခက်အခဲတွေ့နေပါတယ်။

သတင်း

မန္တလေးမြို့မှာ အဆိုတော်ဘန်နီဖြိုးစတိတ်ရှိုးပွဲလာတဲ့ ကား​တချို့ ရပ်ထားချိန် ကားမှန်တွေအခွဲခံပြီး ပစ္စည်းတွေ ခိုးယူခံလိုက်ကြောင်း သတင်းရရှိပါတယ်။

Facebook