Connect with us

Hi, what are you looking for?

သတင်း

ငလျင်ထိထားတဲ့တိုက်ဖြိုရင်းပြိုကျလို့ လူတဦးပိနေ

မန္တလေးမြို့မှာ ငလျင်ထိထားတဲ့တိုက်ဖြိုချရင်း ပြိုကျလို့ အမျိုးသားတဦး ပိမိပြီး ကယ်ဆယ်ရေးတွေ လုပ်ဆောင်နေရပါတယ်။

ပိမိနေသူအားကယ်တင်နေစဥ်။

အောက်တိုဘာ-၂၁၊၂၀၂၅။မေရီ၊ရှိန်း/People’s Spring

မန္တလေးမြို့မှာ ငလျင်ထိထားတဲ့တိုက်ဖြိုချရင်း ပြိုကျလို့ အမျိုးသားတဦး ပိမိပြီး ကယ်ဆယ်ရေးတွေ လုပ်ဆောင်နေရပါတယ်။

အောက်တိုဘာ ၂၁ ရက် ညနေ ၃ နာရီဝန်းကျင်က မန္တလေးမြို့၊ ချမ်းအေးသာစံမြို့နယ်၊ ၃၄လမ်းနဲ့ ၃၅ လမ်းကြား၊ ၈၅ အေလမ်းမှာ ငလျင်ထိထားတဲ့တိုက်ဖြိုရင်း ပြိုကျပြီး အမျိုးသားတဦးပိမိခဲ့ကြောင်းဒေသခံ​တွေကပြောပါတယ်။

“လက်ရှိသိရတာ နေအိမ်၂လုံးပိသွားတယ်လို့ သိရတယ်။အဲဒီအိမ်ထဲမှာ လူတဦး ပိမိနေတယ်ဆိုလို့ ကယ်ထုတ် နေကြတယ်။အသေးစိတ်တော့ မသိရသေးဘူး။အခုကယ်ထုတ်ဖို့ကြိုးစားနေကြတယ်”လို့ မြို့ခံလူမှုကူညီရေးအသင်းတာဝန်ရှိသူတဦး ကလည်းပြောပါတယ်။

Public Service Announcement

Public Service Announcement

ပိမိတဲ့အမျိုးသားဟာအောင်နန်းအနောက်ရပ်ကွက်နေ ကိုဝင်းကိုဆိုသူဖြစ်ပြီး၎င်းအားနယ်မြေခံမီးသတ်တွေ၊ ပရဟိတအသင်းတွေက ကယ်ဆယ်ပေးနေတယ်လို့ ရပ်ကွက်ခံတွေက ပြောပါတယ်။

“အထဲက မီးခိုးတွေလည်းထွက်နေတာ။ ဘေးအိမ်တွေလည်း ပိသွားတယ်”လို့ ဒေသခံတဦးက ပြောပါတယ်။

ပိမိနေသူဆီက တုံ့ပြန်သံကြားရလို့ ကယ်ဆယ်ရေးတွေ ဆက်လက်လုပ်ဆောင်နေတယ်လို့ သိရပါတယ်။

မန္တလေးမြို့မှာ ငလျင်ကြီးဖြစ်ပွားပြီးနောက်ပိုင်း တိုက်တွေဖြိုချရင်း ၄ ဦးထက်မနည်း သေဆုံးခဲ့ဖူးပါတယ်။

မန္တလေးမြို့မှာ မတ်လ၂၈ ရက်နေ့က ၇.၇ပြင်း အားရှိ ငလျင်ကြီးလှုပ်ခတ်ခဲ့ပြီး နေအိမ်​ပေါင်းများစွာ ပြိုကျပျက်စီးခဲ့ပြီး ပြည်သူ​ပေါင်း ​ထောင်နဲ့ချီသေဆုံးခဲ့ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးမြို့က ကလေးဆေးရုံကြီးမှာ လူနာစောင့် အမျိုးသား ၁ဦး ထပ်မံပျောက်ဆုံးသွားပြန်ပါတယ်။

အတွေးအမြင်

ကျုံးအတွင်းဘက် နန်းမြို့ရိုးဘေးက ​ဆောင်း​ဘောက်စ်တွေကထွက်လာတဲ့ကျယ်​လောင်တဲ့​သီချင်းသံ​တွေက ကျုံးပတ်ဝန်ကျင်ကိုဖုံးလွှမ်းနေပါတယ်။လူငယ်အများစုနဲ့ လူကြီးအချို့ပါဝင်တဲ့ အပြေးပြိုင်ပွဲအပြီးစည်ဘီယာတွေအပိုင်းလိုက်ထောင်ကာ အောင်ပွဲခံ အော်ဟစ် နေကြတာပါ။

သတင်း

မန္တလေးမြို့ကို (၁၃)မိုင်နီးပါး စက်ဘီးနင်းပြီး အလုပ်သွားလုပ်ရတဲ့ ပန်းရံသမားတစ်ဦး အလုပ်ကအပြန် ပျောက်ဆုံးသွားခဲ့ပြီး ကျန်ရစ်တဲ့ ကိုယ်ဝန်ဆောင်ဇနီးသည်နဲ့ ကလေး ၂ဦး အခက်အခဲတွေ့နေပါတယ်။

သတင်း

မန္တလေးမြို့မှာ အဆိုတော်ဘန်နီဖြိုးစတိတ်ရှိုးပွဲလာတဲ့ ကား​တချို့ ရပ်ထားချိန် ကားမှန်တွေအခွဲခံပြီး ပစ္စည်းတွေ ခိုးယူခံလိုက်ကြောင်း သတင်းရရှိပါတယ်။

Facebook