Connect with us

Hi, what are you looking for?

သတင်း

မြောက်ဦးမှာ GPSတပ်ထားတဲ့ငှက်တစ်ကောင် ဖမ်းမိပြီး AAထံ အပ်နှံခဲ့တယ်လို့ ​ဒေသခံ​တွေ​ပြော

ရခိုင်ပြည်နယ် မြောက်ဦးမြို့မှာ GPS(တည်နေရာပြစနစ်)တပ်ဆင်ထားတဲ့ ငှက်တစ်ကောင်ကို ဒေသခံတွေက ဖမ်းမိခဲ့ပြီး အာရက္ခတပ်တော်(AA) တာဝန်ရှိသူတွေထံ အပ်နှံခဲ့တယ်လို့ သိရပါတယ်။

Screenshot

အောက်တိုဘာ-၂၄၊၂၀၂၅။အိမ်သွင်/People’s Spring

ရခိုင်ပြည်နယ် မြောက်ဦးမြို့မှာ GPS(တည်နေရာပြစနစ်)တပ်ဆင်ထားတဲ့ ငှက်တစ်ကောင်ကို ဒေသခံတွေက ဖမ်းမိခဲ့ပြီး အာရက္ခတပ်တော်(AA) တာဝန်ရှိသူတွေထံ အပ်နှံခဲ့တယ်လို့ သိရပါတယ်။

မြောက်ဦးမြို့နယ်၊ ဘောင်းဒွတ်ကျေးရွာအနီးမှာ အောက်တိုဘာ ပထမအပတ်အတွင်းက ဖမ်းမိခဲ့တာလို့ မြို့ခံသတင်းရင်းမြစ်က ပြောပါတယ်။

” ငှက်ကို ကလေးတွေက ဖမ်းမိလာတာ။ GPSပါတဲ့ စက်ကလေး ကျောကုန်းကနေလွယ်ပြီးတပ်ထားတာ။ တပ်တော်(AA)ကို အပ်လိုက်တယ်လို့ပြောကြတယ်”လို့ မြောက်ဦးဒေသခံက ပြောပါတယ်။

Public Service Announcement

Public Service Announcement

ဘယ်လိုငှက်အမျိုးအစားဆိုတာနဲ့ ခန္ဓာကိုယ်မှာတပ်ထားတဲ့ စက်ကိရိယာက ဘယ်လိုအသုံးပြုတယ်ဆိုတာကို မသိရှိရသေးပါဘူး။

” ငှက်ရဲ့ခန္ဓာကိုယ်မှာ စကားပြောစက်၊ အသံဖမ်းစက်ကဲ့သို့ စက်ကိရိယာတွေ တပ်ဆင်ထားတာ တွေ့ရတယ်”လို့ ရခိုင်ဒေသတွင်းသတင်းထောက်တစ်ဦးက လူမှုကွန်ရက်မှာရေးသားထားပါတယ်။

သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးသမားတွေ၊ ငှက်ချစ်သူတွေက ငှက်တွေရဲ့ ဘဝဇာတ်ကြောင်းနဲ့ လှုပ်ရှားသွားလာမှုကို သိနိုင်ဖို့ ငှက်တွေရဲ့ခန္ဓာကိုယ်မှာ GPSတွေ တပ်ဆင်ပြီးလေ့လာလေ့ ရှိပါတယ်။

ငှက်တွေရဲ့ ရွှေ့ပြောင်းသွားလာပုံ၊ကျက်စားရာနေရာတွေ၊ သက်တမ်းနဲ့ အမူအကျင့်၊နယ်မြေအလိုက်ကျက်စားမှု၊ အစာရှာဖွေမှုပုံစံတွေကို လေ့လာကြတာပါ။ ခြေရာခံနိုင်တဲ့အခါ ရရှိလာတဲ့ အချက်အလက်တွေကနေ မျိုးသုဉ်းဖို့အန္တရာယ်ရှိတဲ့ မျိုးစိတ်တွေကို ဘယ်လိုကာကွယ်ရမယ်၊ သူတို့ရဲ့ ကျက်စားရာနေရာတွေကို ဘယ်လို ပိုမိုကောင်းမွန်အောင် ထိန်းသိမ်းရမယ်ဆိုတဲ့ အစီအမံတွေ ချမှတ်နိုင်တယ်လို့ ငှက်လေ့လာသူတစ်ဦးက ပြောပါတယ်။

GPS နဲ့ စက်ကိရိယာတပ်ဆင်တဲ့အခါ ငှက်ရဲ့ခြေထောက်မှာ တစ်ကောင်ချင်းစီအတွက် သီးသန့်နံပါတ်ပါတဲ့ သတ္တုကွင်း (သို့) ပလတ်စတစ်ကွင်းတပ်ဆင်သလိုငှက်ရဲ့ နောက်ကျောမှာ ကျောပိုးအိတ်လေးလိုမျိုး ချည်နှောင်တပ်ဆင်ပေးတာပါ။ဒါတွေက ငှက်ရဲ့ တိကျတဲ့ လမ်းကြောင်း၊ အရှိန်နှုန်း၊ အမြင့်ပေ စတဲ့ အချက်အလက်တွေကို ဂြိုဟ်တု ဒါမှမဟုတ် စက်လက်ခံတဲ့နေရာကို ပေးပို့ပေးတယ်လို့ သိရပါတယ်။

​ဒီစက်ပစ္စည်းတွေဟာ ငှက်ရဲ့ ခန္ဓာကိုယ်အလေးချိန်ရဲ့ ၄ရာခိုင်နှုန်းထက် မပိုအောင် ပြုလုပ်ထားပြီး ငှက်ရဲ့ ပျံသန်းမှုနဲ့ နေထိုင်မှုအပေါ် သက်ရောက်မှု အနည်းဆုံးဖြစ်အောင် ဒီဇိုင်းထုတ်ထားတာလို့ ငှက်ချစ်သူတဦးက ရှင်းပြပါတယ်။

မြောက်ဦးမြို့ဟာ AAထိန်းချုပ်ထားတဲ့မြို့ဖြစ်ပြီး စစ်ကောင်စီက လေယာဉ်နဲ့ကင်းထောက်တာ၊ ဒရုန်းအသုံးပြုကင်းထောက်နေတာတွေရှိလို့ အခုတွေ့တဲ့ငှက်ကိုလည်း ကင်းထောက်ငှက်ဖြစ်မှာကို ဒေသခံတွေကစိုးရိမ်ခဲ့ကြပါတယ်။

ပြီးခဲ့တဲ့ ဩဂုတ် ၂၅ ရက် ညက မြောက်ဦးမြို့ ဒိုင်းကျီရပ်ကွက်က အလှူအိမ်ကို စစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲလို့ကလေးငယ်တွေ အပါအဝင် ၁၅သေဆုံးပြီး ၁၈ဦးဒဏ်ရာရခဲ့ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

အာရက္ခတပ်တော်(AA)နဲ့ မဟာမိတ်တွေ စစ်ရေးအရှိန်မြင့်ထားတဲ့ ရခိုင်ပြည်နယ်အစပ်ဧရာဝတီတိုင်း၊မကွေးတိုင်းထဲစစ်မျက်နှာ​တွေက စစ်တပ်ရဲ့ရှေ့တန်းစခန်းတွေကို​တော်လှန်​ရေးတပ်​တွေက ထပ်မံသိမ်းယူနိုင်ခဲ့တယ်လို့ သတင်းရရှိပါတယ်။

သတင်း

အာရက္ခတပ်တော်(AA)ထိန်းချုပ်ထားတဲ့ ရခိုင်ပြည်နယ်နဲ့ ချင်းပြည်နယ် ပလက်၀မြို့နယ်တို့အတွင်းက ပညာရေးဝန်ထမ်း ဆရာ၊ ဆရာမတွေကို အခုလာမယ့် ပညာသင်နှစ်ကနေစပြီး လစာအနေနဲ့ ထောက်ပံ့ပေးတော့မယ်လို့ အာရက္ခပညာရေးဌာနတာဝန်ရှိသူတွေက ပြောပါတယ်။

သတင်း

ရခိုင်ပြည်နယ်၊ သံတွဲမြို့နယ်မှာ ကျပ်သိန်း ၃၀၀ နီးပါးတန်ဖိုးရှိတဲ့ မူးယစ်ဆေးဝါး Ice တွေနဲ့အတူ သုံးစွဲ၊ ရောင်းချ နေသူသုံးဦးကို ဖမ်းဆီးရမိခဲ့ပြီး မူးယစ်ဆေးဝါးနဲ့ စိတ်ကိုပြောင်းလဲစေတတ်တဲ့ ဆေးဝါးဆိုင်ရာဥပဒေပုဒ်မ သုံးခုနဲ့ အမှုဖွင့်အရေးယူထားတယ်လို့ အာရက္ခတပ်တော် (AA)ရဲ့ ရဲတပ်ဖွဲ့က ပြောပါတယ်။

သတင်း

ရခိုင်ပြည်နယ်၊ကျောက်ဖြူမြို့နယ်ကတောင်မော်ဦးရေတပ်အနီးဖြစ်တဲ့တိုက်ပွဲမှာအာဏာသိမ်းစစ်တပ်ဘက်က သေဆုံးသူများပြားနေပြီး ဒုဗိုလ်မှူးကြီးတစ်ဦးလည်း AA ရဲ့ စနိုက်ဘာ(လက်​ဖြောင့်​သေနတ်သမားပစ်ခတ်တဲ့ကျည်)ထိမှန်သေဆုံးတယ်လို့ သတင်းရရှိပါတယ်။