Connect with us

Hi, what are you looking for?

သတင်း

ပခုက္ကူနဲ့မြိုင်အစ​ပ်ကို စစ်တပ်က စက်တပ် လေထီးနဲ့ ဗုံးကြဲလို့ ပြည်သူ ၂ဦး သေဆုံး

မကွေးတိုင်း၊ မြိုင်နယ်နဲ့ ပခုက္ကူမြို့နယ်အစပ်က ကျေးရွာတရွာကို စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စက်တပ်လေထီးနဲ့ ဗုံးလာကြဲလို့ ပြည်သူ ၂ ဦး သေဆုံးခဲ့ပါတယ်။

Screenshot

အောက်တိုဘာ-၂၅၊၂၀၂၅၊/People’s Spring

မကွေးတိုင်း၊ မြိုင်နယ်နဲ့ ပခုက္ကူမြို့နယ်အစပ်က ကျေးရွာတရွာကို စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စက်တပ်လေထီးနဲ့ ဗုံးလာကြဲလို့ ပြည်သူ ၂ ဦး သေဆုံးခဲ့ပါတယ်။

မနေ့က အောက်တိုဘာ ၂၄ရက် ညပိုင်းက မြိုင်မြို့နယ်နဲ့ ပခုက္ကူမြို့နယ်အစပ်က ထန်းတပင်ကျေးရွာကို စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ပါရာမိုတာ စက်တပ်လေထီးနဲ့ ဗုံးလာကြဲလို့ အသက်(၅၀)နဲ့ (၆၀)ဝန်းကျင် အမျိုးသမီး ၂ဦးသေဆုံးခဲ့ပြီး ၄ ဦးထက်မနည်း ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း ဒေသခံများက ပြောပါတယ်။

“ပါရာမိုတာသုံးစီးနဲ့ နှစ်မြို့နယ်အစပ်က ရွာကို ဗုံးကြဲတာ။ စက်လှည့်တွေနဲ့လည်း ပစ်လို့ အရပ်သား ထိခိုက်သေဆုံးတာတွေရှိတယ်။”လို့ ဒေသတွင်းရဲဘော်တဦးက ပြောပါတယ်။

Public Service Announcement

Public Service Announcement

အဲဒီစက်တပ်လေထီးတွေဟာ ပခုက္ကူတပ်မ (၁၀၁)က တက်လာတဲ့ လေထီးတွေဖြစ်ပြီး ပြီးခဲ့တဲ့အောက်တိုဘာ ၆ ရက်ကလည်း ပခုက္ကူမြို့နယ်၊ ဖလံအိုကျေးရွာ ဘုန်းကြီးကျောင်းကို ဗုံးချတိုက်ခိုက်လို့ ထိခိုက်ပျက်စီးတာတွေရှိခဲ့ကြောင်း သိရပါတယ်။

ဒါ့အပြင် စက်တင်ဘာ ၂၈ ရက်ကလည်း ပခုက္ကူ၊မြိုင်မြိုနယ်အစပ်မှာ စစ်တပ်က ပါရာမိုတာနဲ့ ဗုံးကြဲချလို့ အညာမြေတပ်ပေါင်းစုနဲ့ မဟာမိတ်အဖွဲ့မှ ရဲဘော် ၃ ဦး ကျဆုံးခဲ့ပါသေးတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်သားအ​လောင်း၃၀​ကျော်ရပြီးစစ်တပ်စစ်​ကြောင်း​နောက်ပြန်ဆုတ်သွား

သတင်း

ရဲကွန်မန်ဒို စစ်ကြောင်းမှူးပါဒဏ်ရာအပြင်းအထန်ရဟုသာယာ၀တီခရိုင်စစ်ရေးတာ၀န်ရှိသူ​ပြော

သတင်း

စစ်တပ်က ရန်ကုန်နဲ့ ဧရာဝတီတိုင်းချိတ်ဆက်ထားတဲ့ အဝေးပြေးလမ်းကိုအသုံးပြုပြီး စစ်လက်နက်ပစ္စည်းတွေကားနဲ့သယ်ယူပို့ဆောင်နေတဲ့အတွက် ခရီးသွားတွေသတိပြုသွားလာကြဖို့ မျက်မြင်တွေ့ရှိသူတွေက သတိပေးကြပါတယ်။

သတင်း

မန္တလေးတိုင်း၊ မိတ္ထီလာမြို့က စစ်တပ် ၃ခုဆုံတဲ့နေရာအနီးမှာ အိုးဝေသမားတစ်ဦးကို လူငယ်တွေက သံချွန်နဲ့ထိုးပြီး လုယက်မှုဖြစ်ပွားခဲ့ပါတယ်။

Facebook