Connect with us

Hi, what are you looking for?

သတင်း

ပခုက္ကူနဲ့ ကမ္မကြား စစ်တပ်စစ်ကြောင်းထိုးလို့ ကျေးရွာ ၈ရွာထက်မနည်း တိမ်းရှောင်နေရ၊ စစ်တပ်ကလက်နက်ကြီးနဲ့ပစ်လို့ ဒေသခံ ၃ဦး ဒဏ်ရာရ

မကွေးတိုင်း၊ပခုက္ကူနဲ့ကမ္မမြို့နယ်ကြားမှာ စစ်တပ်စစ်ကြောင်းထိုးနေလို့ ကျေးရွာ ၈ ရွာထက်မနည်း ထွက်ပြေးတိမ်းရှောင်နေရပြီး လက်နက်ကြီးနဲ့ပစ်လို့ ဒေသခံ ၃ဦး ဒဏ်ရာတွေရရှိထားပါတယ်။

ပခုက္ကူမြို့နယ်အတွင်း စစ်တပ်စစ်ကြောင်းထိုးလို့ တိမ်းရှောင်နေကြတဲ့ ဒေသခံတွေကိုတွေ့ရစဉ်။ ဓာတ်ပုံ - CJ

အောက်တိုဘာ-၂၆၊ ၂၀၂၅။ဟာနာဆန်/People’s Spring

မကွေးတိုင်း၊ပခုက္ကူနဲ့ကမ္မမြို့နယ်ကြားမှာ စစ်တပ်စစ်ကြောင်းထိုးနေလို့ ကျေးရွာ ၈ ရွာထက်မနည်း ထွက်ပြေးတိမ်းရှောင်နေရပြီး လက်နက်ကြီးနဲ့ပစ်လို့ ဒေသခံ ၃ဦး ဒဏ်ရာတွေရရှိထားပါတယ်။

ပြီးခဲ့တဲ့အောက်တိုဘာ ၂၂ ရက်ကတည်းက ပခုက္ကူမြို့နယ်၊ ပခုက္ကူ-ကမ္မလမ်းပိုင်းပေါ်က ညောင်ဂျစ်ပင်ပျူစောထီးကျေးရွာကို ရောက်နေတဲ့ အင်အား ၁၈၀ခန့်ပါတဲ့ စစ်ကြောင်းဟာ အဲဒီပျူရွာမှာ အထိုင်ချပြီး အနီးဝန်းကျင်က ကျေးရွာတွေကို စီးနင်းရှာဖွေ ဖမ်းဆီးတာတွေ၊ လက်နက်ကြီးနဲ့ပစ်ခတ်တာတွေ ပြုလုပ်နေကြောင်း ဒေသခံများက ပြောပါတယ်။

ဒါအပြင်အောက်တိုဘာ ၂၆ ရက် နေ့လယ် ၁၂ နာရီခန့်မှာတော့ ညောင်ဂျစ်ပင်ပျူရွာကနေ စစ်အုပ်စုက ၆၀ မမ လက်နက်ကြီးနဲ့ပစ်လို့ ပြည့်အိုင်ရွာကို ကျရောက်ပေါက်ကွဲပြီး အမျိုးသမီးနှစ်ဦး စိုးရိမ်ဒဏ်ရာရကာ အမျိုးသားကြီးတဦးမစိုးရိမ်ရ ဒဏ်ရရှိခဲ့တယ်လို့ အညာမြေတပ်ပေါင်းစု တာဝန်ခံ ကိုဘိုဘိုသန့်စင်က ပြောပါတယ်။

Public Service Announcement

Public Service Announcement

“အဲဒီစစ်ကြောင်းက သူတို့အခေါ် နယ်မြေရှင်းလင်းတယ်ပေါ့ဗျာ။ အဲလိုရည်ရွယ်ချက်ရယ်။ နောက်တခုကတော့ သူတို့ ရည်ရွယ်ချက်က ဒေသခံတွေကို စည်းရုံးရေး ပုံစံမျိုးပေါ့ဗျာ။ အဲလိုမျိုးဆင်းတယ်ပေါ့။ ဒါပေမဲ့ ဒီမှာတချက်မေးစရာရှိတာက ဒေသခံတွေကို စည်းရုံးရေးပုံစံဆင်းတယ်ပြောတယ်။ သူတို့စစ်ကြောင်းလာတဲ့ တလျှောက်မှာ ဒေသခံတွေက သူတို့ကို ကြောက်လို့ ထွက်ပြေးကြတယ်။ တယောက်မှ မတွေ့ဘူးပေါ့။”လို့ ကိုဘိုဘိုသန့်စင်က ဆိုပါတယ်။

အဲဒီစစ်ကြောင်းကြောင့် ရေလာကြီး၊ထန်းတပင်၊ ဖောင်ကျောင်း၊ဖောင်းကွဲ၊ ရေမျက်၊ပြည့်အိုင်၊ ရွာသာအေး ၊မြေပန်းတောင်းစတဲ့ ကျေးရွာများမှ ပြည်သူများ ဘေးလွတ်ရာသို့ တိမ်းရှောင်နေရကြောင်း ဒေသခံတွေဆီက သိရပါတယ်။

ဒါ့အပြင် ပခုက္ကူမြို့နယ်၊ မြစ်ခြေဒေသတွေကို ဦးတည်နေတယ်လို့ ခန့်မှန်းရကြောင်း၊ ဒီကနေ့မှာ မြေပန်းတောင်းရွာကိုဝင်ရောက်ပြီး ဒေသခံတွေရဲ့ပစ္စည်းတွေကို သိမ်းယူတာ၊ ဖမ်းဆီးတာတွေ ပြုလုပ်နေတယ်လို့ သတင်းရရှိပါတယ်။

စစ်ကောင်စီတပ်ဟာအောက်တိုဘာ၂၄ ရက် ညကလည်း ပါရာမိုတာနဲ့ ဗုံးချတိုက်ခိုက်လို့ ပခုက္ကူမြို့နယ်၊ ထန်းတပင်ရွာက ပြည်သူ နှစ်ဦးထိမှန်သေဆုံးပြီး ပြည်သူတဦး ပြင်းထန်ဒဏ်ရာ ရရှိခဲ့ပါသေးတယ်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးတိုင်း၊စဉ့်ကူးမြို့နယ်၊သဲအင်း ကျေးရွာက ကျောင်းထိုင်ဆရာ‌‌တော် တပါးကို အာဏာသိမ်းစစ်တပ်ကဖမ်းဆီးနှိပ်စက်သတ်ဖြတ်လိုက်ပြီး အနီးပတ်ဝန်းကျင်က ကျေးရွာ တွေကိုလည်း ပေါ်တာဆွဲဖမ်းဆီးမှုတွေလုပ်​နေတယ်လို့ ဒေသခံ တွေက ပြောပါတယ်။

သတင်း

စစ်တပ်ကဗုံးအလုံး​ရေ​ထောင်ချီကြဲ​ပေမယ့်ရေ​ကြောင်းနဲ့ကုန်း​ကြောင်းတိုက်ပွဲမှာရှုံး

သတင်း

AA ကစစ်​တွေရှိ စစ်တပ်ကာကင်းအနည်းဆုံး၃ခုနဲ့ ခြေကုတ်​နေရာ၄ခုကိုသိမ်းပိုက်ပြီး

သတင်း

ရွှေဝါရောင်တော်လှန်ရေးမှာ သံဃာတော်တွေနဲ့ ပြည်သူတွေကို စစ်အာဏာရှင်က ရက်ရက်စက်စက် နှိက်စက်သတ်ဖြတ်ခဲ့တာကို မမေ့ကြဖို့နဲ့ စစ်အာဏာရှင်တွေကဘုံရန်သူပျောက်အောင် သွေးခွဲလေ့ရှိတာကိုသတိထားကြဖို့ရွှေဝါရောင်ဆရာတော် ဆရာတော် မင်းသုညက မိန့်ကြားလိုက်ပါတယ်။