Connect with us

Hi, what are you looking for?

သတင်း

မန္တလေးတိုင်းက နယ်မြေတွေကို ဆက်လက်ကာကွယ်မယ်လို့ TRI ဗျူဟာ ကြေညာ

မန္တလေးတိုင်းအတွင်းရှိ နယ်မြေတွေရဲ့ တော်လှန်ရေးဆိုင်ရာ လုပ်ငန်းတွေမှာ အားအင်အပြည့်နဲ့ ကြိုးစားဆောင်ရွက်နေလျှက် ရှိနေကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ TRI ဗျူဟာက ဒီနေ့ ထုတ်ပြန်ကြေညာခဲ့ပြီး ရည်မှန်းချက်ရောက်အောင် တိုက်ပွဲဝင်သွားမယ်လို့ အသိပေးပါတယ်။

TRI ဗျူဟာ တပ်ဖွဲ့ဝင်များကို တွေ့ရစဉ်

အောက်တိုဘာ-၃၀၊ ၂၀၂၅။ ထားမြတ်/People’s Spring

မန္တလေးတိုင်းအတွင်းရှိ နယ်မြေတွေရဲ့ တော်လှန်ရေးဆိုင်ရာ လုပ်ငန်းတွေမှာ အားအင်အပြည့်နဲ့ ကြိုးစားဆောင်ရွက်နေလျှက် ရှိနေကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ TRI ဗျူဟာက ဒီနေ့ ထုတ်ပြန်ကြေညာခဲ့ပြီး ရည်မှန်းချက်ရောက်အောင် တိုက်ပွဲဝင်သွားမယ်လို့ အသိပေးပါတယ်။

တအာင်းတပ်မတော်(TNLA)က မန္တလေးတိုင်း မိုးကုတ်မြို့နဲ့ ရှမ်းမြောက် မိုးမိတ်မြို့တို့ကနေ ဆုတ်ခွာဖို့ စစ်ကောင်စီနဲ့ သဘောတူ အပစ်ရပ်စဲကြောင်း ကြေညာခဲ့ပြီးနောက် မန္တလေး PDF၊ မိုးကုတ်ဗျူဟာတို့က ထိန်းချုပ်နယ်မြေတွေ ကာကွယ်သွားမယ့်အကြောင်းကြေညာခဲ့သလို စဉ့်ကူး၊ သပိတ်ကျင်း နယ်မြေခံ အများစု အပါအဝင် အင်အားများစွာနဲ့ စုဖွဲ့ထားတဲ့ TRI ဗျူဟာကလည်း တပ်ဖွဲ့ရဲ့ သဘောထားကို အခုလို ကြေညာခဲ့တာပါ။

TRI ဗျူဟာ တပ်ဖွဲ့ဝင်များကို တွေ့ရစဉ်

“အကြောင်းအရင်းကတော့ မန္တလေးတိုင်းဒေသတွင်း နယ်မြေများကို ဆက်လက် ကာကွယ်မယ့်ကိစ္စပါပဲ။ ဆက်ပြီး ကိုယ့်အလုပ်ကို ဆက်လုပ်ကြဖို့။ ပင်ပန်းတဲ့သူကို အလှည့်ပေးဖို့” လို့ TRI ဗျူဟာ တာဝန်ရှိသူက ကြေညာချက်ထုတ်ပြန်ရတဲ့ အကြောင်းအရင်းကို ရှင်းပြပါတယ်။

Public Service Announcement

Public Service Announcement

အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ မန္တလေးတိုင်းစစ်ဌာန ကွပ်ကဲမှုအောက်ရှိ ဗျူဟာဖြစ်တာနဲ့အညီ မန္တလေးတိုင်းအတွင်းရှိ နယ်မြေတွေရဲ့ တော်လှန်ရေးဆိုင်ရာ လုပ်ငန်းတွေမှာ အားအင်အပြည့်နဲ့ ကြိုးစားဆောင်ရွက်နေလျှက်ရှိနေပြီး မိတ်ဖက်တော်လှန်ရေးအင်အားစုတွေနဲ့ တွဲဖက်ကာ မိမိတို့မွေးဖွားအခြေတည်ရာ ဒေသတွေကို ကာကွယ်မယ်လို့ အသိပေးထုတ်ပြန်ပါတယ်။

အဲဒီ ကာကွယ်ပြီး ရည်မှန်းချက်ဖြစ်တဲ့ ဖက်ဒရယ်ဒီမိုကရေစီ စနစ်ဆီသို့ အခက်ခဲများစွာကြားမှ ဆက်လက်ချီတက် တိုက်ပွဲဝင်သွားမယ်လို့ ကတိသစ္စာပြုကြောင်း TRI ဗျူဟာက ထုတ်ပြန်ကြေညာပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေးဦးဆောင်ကောင်စီ (SCEF) နဲ့ စစ်ကိုင်းဖက်ဒရယ်ယူနစ်၊ မကွေးဖက်ဒရယ်ယူနစ်၊ မန္တလေးဒေသတို့မှ အစိုးရ၊ လွှတ်တော် တာဝန်ရှိသူများ တွေ့ဆုံဆွေးနွေးခဲ့ကြောင်း SCEFက ဒီကနေ့မှာ ထုတ်ပြန်ပါတယ်။

သတင်း

မန္တလေးတိုင်း မြို့သုံးမြို့က ဗိုလ်ချုပ်အောင်ဆန်းရုပ်တု ၃ခုကို အာဏာသိမ်းစစ်တပ်က ဖျက်ဆီးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

မန္တလေးတိုင်း၊ စဉ့်ကူးမြို့နယ်နဲ့ မတ္တရာမြို့နယ်အနောက်ခြမ်းက တပ်စွဲထားတဲ့ နေရာတွေတိုက်ခိုက်ခံရပြီးတဲ့နောက် စစ်တပ်က ပြည်သူတွေနေတဲ့ နေရာတွေကို လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ရာ ပြည်သူ ၁၀ဦး သေဆုံးပြီး ၂၀ကျော် ဒဏ်ရာတွေရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်းနဲ့ မန္တလေးတိုင်း မြို့နယ် ၃ခု ထိစပ်နေရာကို စစ်တပ်က လေကြောင်းတိုက်ခိုက်မှုတွေပြုလုပ်နေသလို စစ်သင်္ဘောတွေပေါ်ကနေ ပစ်ခတ်တာတွေလည်း ပြုလုပ်နေတယ်လို့ ဒေသခံ တွေက ပြောပါတယ်။