Connect with us

Hi, what are you looking for?

သတင်း

စစ်တပ်ရဲ့ရွေးကောက်ပွဲ တနိုင်ငံလုံးနည်းလမ်းမျိုးစုံနဲ့ဆန့်ကျင်တိုက်ဖျက်ဖို့ မန္တလေးမြေပြင် တော်လှန်ရေးအဖွဲ့တွေ တိုက်တွန်း

စစ်ကောင်စီတပ်ရဲ့ရွေးကောက်ပွဲကို တနိုင်ငံလုံးက တော်လှန်ရေးအင်အားစုတွေအနေနဲ့ နည်းလမ်းမျိုးစုံ အသုံးပြုပြီး ဆန့်ကျင်တိုက်ဖျက်ကြဖို့ မန္တလေးမြေပြင် တော်လှန်ရေးအဖွဲ့တွေက တိုက်တွန်းလိုက်ပါတယ်။

ကနီမြို့နယ်စုပေါင်းသပိတ်က စစ်ကောင်စီရွေးကောက်ပွဲဆန့်ကျင်ကြဖို့ အောက်တိုဘာ ၃၀ရက်မှာ ဆန္ဒပြနေစဉ်။ ဓာတ်ပုံ - GSCB

နိုဝင်ဘာ ၂၊ ၂၀၂၅။ဇေအောင်/People’s Spring

စစ်ကောင်စီတပ်ရဲ့ရွေးကောက်ပွဲကို တနိုင်ငံလုံးက တော်လှန်ရေးအင်အားစုတွေအနေနဲ့ နည်းလမ်းမျိုးစုံ အသုံးပြုပြီး ဆန့်ကျင်တိုက်ဖျက်ကြဖို့ မန္တလေးမြေပြင် တော်လှန်ရေးအဖွဲ့တွေက တိုက်တွန်းလိုက်ပါတယ်။

စစ်ကောင်စီလုပ်မယ့် ရွေးကောက်ပွဲနဲ့ပတ်သက်ပြီး မန္တလေးမြေပြင် တော်လှန်ရေးအဖွဲ့တွေက ဒီကနေ့ နိုဝင်ဘာ ၂ ရက်မှာ အသိပေးကြေညာချက်တစောင် ထုတ်ပြန်ခဲ့ပါတယ်။

အဲဒီကြေညာချက်မှာ စစ်တပ်ဟာ ပြည်သူတရပ်လုံး ပူးပေါင်းပါဝင် ဆန္ဒမဲပေးခဲ့တဲ့၊ လွတ်လပ်ပြီး တရားမျှတမှုရှိကြောင်း နိုင်ငံတကာကပါ အသိအမှတ်ပြုခဲ့တဲ့ ၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲနဲ့ ရလဒ်ကို လက်နက်အားကိုးနဲ့ မတရားပယ်ဖျက်ခဲ့ကြောင်း၊ ဒါ့အပြင် နိုင်ငံ့ခေါင်းဆောင်တွေ၊ ပြည်သူတွေရွေးချယ်တင်မြှောက်လိုက်တဲ့ လွှတ်တော်ကိုယ်စားလှယ်တွေကို ဖမ်းဆီးကာ နိုင်ငံတော်အာဏာကို မတရားလုယူခဲ့ပြီး နေ့စဥ် ပြည်သူတွေကို စစ်ရာဇဝတ်မှုတွေ ကျူးလွန်နေတဲ့ အကြမ်းဖက်အုပ်စုဖြစ်ကြောင်း ဖော်ပြထားပါတယ်။

Public Service Announcement

Public Service Announcement

ဒါ့အပြင် စစ်တပ်ဟာ အဲဒီအချိန်က တည်ဆဲဖြစ်တဲ့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအပါအဝင် တည်ဆဲဥပဒေအားလုံးကို ချိုးဖောက်ကာ နိုင်ငံတော်အာဏာကို မတရားလုယူခဲ့ပြီးနောက် နိုင်ငံအနှံ့အပြား စစ်မီးတောက်လောင်နေတယ်လို့ မန္တလေးမြေပြင် တော်လှန်ရေးအဖွဲ့တွေက အသိပေးပါတယ်။

စစ်တပ်ဟာ အရပ်ဘက်၊ စစ်ဘက်မခွဲခြားဘဲ ပြည်သူလူထုအပေါ် ရက်ရက်စက်စက် အကြမ်းဖက်နှိပ်စက်သတ်ဖြတ်လျက်ရှိပြီး ပြည်သူတွေဟာ များစွာသော အတိဒုက္ခတွေနဲ့ရင်ဆိုင်နေရတယ်လို့ မန္တလေးမြေပြင် တော်လှန်ရေးအဖွဲ့တွေက ထပ်မံ အသိပေးပါတယ်။

ယခုအခါ စစ်တပ်က ၎င်းတို့ မတရားရယူထားတဲ့အာဏာကို အဆုံးတိုင် ရယူထားဖို့၊ ၎င်းတို့ရဲ့ အကြမ်းဖက်လုပ်ရက်တွေအတွက် တရားဥပဒေရဲ့ စီရင်မှုကို ရှောင်လွှဲနိုင်ဖို့နဲ့ နိုင်ငံတကာကို လိမ်လည်လှည့်ဖျားနိုင်ဖို့ ရည်ရွယ်ပြီး ၎င်းတို့စံပြုထားတဲ့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေမှာတောင် မပါတဲ့၊ ၎င်းတို့ ဦးစီးကျင်းပခွင့်မရှိတဲ့ တရားမဝင် အတုအယောင် ရွေးကောက်ပွဲကို ပြုလုပ်ဖို့ ပြင်ဆင်နေကြောင်း၊ ဒါ့ကြောင့် စစ်တပ်ရဲ့ နိုင်ငံရေးထွက်ပေါက်ဖြစ်တဲ့ တရားမဝင် အတုအယောင် ရွေးကောက်ပွဲကို မန္တလေးတိုင်းအတွင်းနဲ့ တနိုင်ငံလုံးရှိ တော်လှန်ရေးအင်အားစုများအနေနဲ့ နည်းလမ်းမျိုးစုံ အသုံးပြုကာ ဆန့်ကျင်တိုက်ဖျက်သွားကြဖို့ အလေးအနက်ထား တိုက်တွန်းကြောင်း မန္တလေးမြေပြင် တော်လှန်ရေးအဖွဲ့တွေရဲ့ ကြေညာချက်မှာ ဖော်ပြပါတယ်။

စစ်တပ်ရဲ့ ရွေးကောက်ပွဲမှာ ပါဝင်ပတ်သက်ခြင်းမပြုဖို့နဲ့ ပါဝင်ပတ်သက်လို့ ဖြစ်လာမယ့်အကျိုးဆက်တွေကို တာဝန်မယူဘူးလို့ မန္တလေးမြေပြင် တော်လှန်ရေးအဖွဲ့တွေက သတိပေးပါတယ်။

အဲဒီကြေညာချက်ကို မန္တလေးမြေပြင် တော်လှန်ရေးအဖွဲ့တွေဖြစ်တဲ့ NMD-PDF၊ AMA-PDF၊ YADANABON UG၊ AST-MDY၊ PSF-AMARAPURA၊ AMY၊ ဂဠုန်ဝါတပ်ဖွဲ့၊ BLACK GARUDA စတဲ့အဖွဲ့တွေ ပူးပေါင်းထုတ်ပြန်လိုက်တာဖြစ်ကြောင်း သိရပါတယ်။

လက်ရှိမှာတော့ အာဏာသိမ်းစစ်တပ်ဟာ ၎င်းတို့လုပ်မယ့် ရွေးကောက်ပွဲပျက်အောင် လုပ်တယ်ဆိုပြီး လူသိများတဲ့ အနုပညာရှင် ၅ ဦးအပါအဝင် ပြည်သူပေါင်း ၈၈ ဦးကို မတရားပုဒ်မတွေတပ်ပြီး အရေးယူထားတယ်လို့ သတင်းရရှိပါတယ်။

ဆက်စပ်သတင်းများ

သတင်း

မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေးကောင်စီ (SAC-M)နဲ့ လွတ်လပ်သောရွေးကောက်ပွဲများဆိုင်ရာအာရှကွန်ရက်(ANFREL)အဖွဲ့တို့ ပူးပေါင်း ထုတ်ပြန်တဲ့ ကြေညာချက်မှာတော့ ၂၀၂၅ နှစ်ကုန်ပိုင်းနဲ့ ၂၀၂၆ နှစ်ဆန်းပိုင်းတို့မှာ အပိုင်း ၃ ခု ခွဲခြားပြီး အာဏာသိမ်း မြန်မာစစ်တပ်က ကျင်းပခဲ့တဲ့ ရွေးကောက်ပွဲတွေဟာလုံးဝတရားဝင်မှုမရှိကြောင်းအတိအလင်းရှုတ်ချထားခဲ့ပါတယ်။

နိုင်ငံတကာ

အတိုက်အခံ ခေါင်းဆောင်ရဲ့ ပြတ်သားတဲ့ ရွေးကောက်ပွဲ အနိုင်ရလဒ်နဲ့အတူ ဟန်ဂေရီကို ၁၆ နှစ်ကြာ ကြီးစိုး အုပ်ချုပ်ခဲ့တဲ့ ဗစ်တာအော်ဘန်ရဲ့ ခေတ်က အဆုံးသတ်သွားခဲ့ပါတယ်။

သတင်း

စစ်ကောင်စီကို တိုက်ခိုက်နေတဲ့ မွန်လက်နက်ကိုင်တပ်ဖွဲ့တွေပါဝင်တဲ့ မွန်တော်လှန်ရေးဖိုရမ်က ကြေညာချက် တရပ်ထုတ်ပြန်ခဲ့ရာ စစ်တပ် ကျင်းပတဲ့ ရွေးကောက်ပွဲက ပေါ်လာမယ့် ဘယ်အုပ်ချုပ်ရေးအဖွဲ့ကိုမှ အသိအမှတ်မပြုကြောင်း အသိပေးထားသလို ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ နဲ့ တနိုင်ငံလုံး အပစ်ရပ်စာချုပ် (NCA) အခြေခံ နိုင်ငံရေးဆွေးနွေးပွဲတွေကိုလက်မခံကြောင်း ကြေညာချက်ထုတ်ပြန်ပါတယ်။

နိုင်ငံတကာ

ဘင်္ဂလားဒေ့ရှ် ရွေးကောက်ပွဲမှာ အရေးနိမ့်ခဲ့တဲ့ မဟာမိတ် ညွန့်ပေါင်း အင်အားစု မဲဆန္ဒနယ် ၃၀ ကျော်က ရလဒ်တွေနဲ့ ပတ်သက်လို့ မကျေနပ်ကြောင်း ရွေးကောက်ပွဲ ကော်မရှင် (EC)ဆီ တရားဝင် အရေးဆိုခဲ့ပါတယ်။