Connect with us

Hi, what are you looking for?

သတင်း

စစ်ကောင်စီရွေးကောက်ပွဲကို နယူးဇီလန်အစိုးရ လက်မခံကြောင်း ထုတ်ပြန်ဖို့ လွှတ်တော်ဆုံးဖြတ်

ဒီမိုက​ရေစီနဲ့ ဖက်ဒရယ်အတွက်မြန်မာပြည်သူ​တွေရဲရဲရင့်ရင့်ခုခံတွန်းလှန်မှုဟာ နယူဇီလန်ကကူညီဖို့ထိုက်တန်တယ်လို့လေဘာပါတီအမတ်​ပြော

နယူဇီလန် လွှတ်​တော်မှာ ​မြန်မာအ​​ရေး​ဆွေး​နွေး​နေကြစဥ်။ဓါတ်ပုံ-Screengrab

နိုဝင်ဘာ-၅၊၂၀၂၅။People’s Spring

နယူးဇီလန်အစိုးရက စစ်ကောင်စီရွေးကောက်ပွဲကို လက်မခံကြောင်း ထုတ်ပြန်ပေးဖို့ အဆိုကို လွှတ်တော်က ကန့်ကွက်သူမရှိ အတည်ပြုခဲ့ပါတယ်။

နိုဝင်ဘာ ၅ ရက် ဒီနေ့ ကျင်းပတဲ့ နယူးဇီလန်လွှတ်တော်မှာ မြန်မာစစ်ကောင်စီရဲ့ ရွေးကောက်ပွဲက လွတ်လပ်ပြီး တရားမျှတမှာ မဟုတ်တာကြောင့် နယူးဇီလန်အစိုးရအနေနဲ့ အဲဒီရွေးကောက်ပွဲကို အသိအမှတ်မပြု၊ လက်မခံသင့်ကြောင်း အဆိုကို လွှတ်တော်တက်ရောက်လာတဲ့အမတ်အားလုံးက ထောက်ခံအတည်ပြုခဲ့တာပါ။

အဲဒီအဆိုကို လေဘာပါတီက ဖီလ်တွိုင်ဖို့ဒ်က တင်သွင်းခဲ့ပြီး ဂရင်းပါတီက တေးနူတူအိုနိုက ထောက်ခံခဲ့ပြီး နယူးဇီလန်နိုင်ငံခြားရေးဝန်ကြီး ဝင်စတန်ပီတာကလည်း အားလုံးပါဝင်တဲ့၊ စစ်မှန်တဲ့ ဒီမိုကရေစီစနစ်ကို အလိုရှိတဲ့ မြန်မာပြည်သူတွေနဲ့ အတူ ဆက်လက်ရပ်တည်ကြောင်း ပြောကြားခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

လေဘာပါတီက ဖီလ်တွိုင်ဖို့ဒ်က ​ဆွေး​နွေးတာမှာ စစ်ရာဇဝတ်သား မင်း​အောင်လှိုင်​ဟာ ကိုယ်ပြည်သူ့​တွေကို ​ဗုံးကြဲသတ်ဖြတ်တာ ၊က​လေးငယ်​တွေအပါအဝင် စာသင်​ကျောင်း​တွေ ၊​ဆေးရုံ​တွေကိုပါမ​ရှောင်ဗုံးကြဲသတ်ဖြတ်​နေတာ ၊ ​နေအိမ်​တွေကိုမီးရှိုတာ ၊ပြည်သူ​ပေါင်း သုံးသန်းခွဲ​ကျော်​နေအိမ်​တွေက​နေထွက်​ပြေး​နေရသလို ပြည်သူ ၁၆ သန်း​ကျော်ဟာလည်း အငတ်​ဘေးရင်ဆိုင်​နေရတယ်ဆိုတာကို IIMM ၊ WFP တို့ကအချက်အလက်​တွေနဲ့ကိုးကား​ပြောသွားပါတယ် ။ဒါ​ကြောင့် မြန်မာနိုင်ငံဟာ ​နေရပ်မှာထွက်​ပြေးတိမ်း​​ရှောင်​နေရသူ အာရှတိုက်မှာအများဆုံးနိုင်ငံ ၊ ကျားဖြန့် ၊ မူးယစ်​ဆေးဝါး ပြသာနာ​တွေဟာ စစ်တပ်အာဏာသိမ်းထားတဲ့ကာလမှာ အဆိုးဆုံးဖြစ်လာတယ်လို့​ပြောပါတယ် ။

ဒါအပြင် စစ်တပ်​ရွေး​ကောက်ပွဲဟာ ​ အဓိက အတိုက်အခံပါတီကြီး​တွေမပါသလို ၊တစ်နိုင်ငံလုံးမှာလည်း မလုပ်နိုင်ပဲ ၊​ရွေး​ကောက်ပွဲ နဲ့ပတ်သက်ပြီး ဖေစ်ဘွခ်​ပေါ်မှာ​ဝေဖန်ရင်​တောင် ​ဖမ်းဆီး​​ထောင်ချ​နေတယ်လို့လည်း​ပြောပါတယ် ။စစ်တပ်​ရွေး​ကောက်ပွဲဟာ အာဏာသိမ်းစစ်အုပ်စုက နိုင်ငံတကာအသိအမှတ်ပြုမှုရချင်လို့ စိတ်ကြိုက်ဖန်တီးထားတဲ့ လှည့်စားထားတဲ့ ​ရွေး​ကောက်ပွဲ-Sham Election သာဖြစ်တယ်လို့လည်း​ပြောပါတယ်။

စစ်တပ်ကို ကူညီ​နေတဲ့ တရုတ် ၊ ရုရှား ၊အိန္ဒိယ နိုင်ငံ​တွေကိုလည်း ကိုယ့်ပြည်သူကို ပြန်သတ်​နေတဲ့စစ်တပ်ကို ​​ငွေ​ကြေး ၊နည်းပညာ ၊စစ်လက်နက် ၊နည်းပညာ​တွေမ​ပေးဖို့တိုက်တွန်းခဲ့ပါ​သေးတယ် ။

ယ​​နေ့ ကမ္ဘာ​ပေါ်မှာ အကြမ်းအဖက်ဆုံးစစ်တပ်နဲ့ ရင်ဆိုင်ရ​ပေမယ့် မြန်မာပြည်သူ​တွေက ဒီမိုက​ရေစီအ​ရေးနဲ့ ဖက်ဒရယ်အ​ရေးအတွက် ရဲရဲရင့်ရင့်ခုခံတွန်းလှန်နေတာဟာ နယူဇီလန်က ကူညီဖို့ထိုက်တန်တယ်လို့ လည်း​ပြောကြားခဲ့ပါတယ် ။

ယူးဇီလန်နိုင်ငံခြားရေးဝန်ကြီးကလည်းအာဏာသိမ်းစစ်ကောင်စီ ကျင်းပဖို့ စီစဥ်ထားတဲ့ ရွေးကောက်ပွဲဟာ လွတ်လပ်ပြီး တရားမျှတမှု မရှိတဲ့အပြင် ရေရှည်တည်တံ့တဲ့ ငြိမ်းချမ်းရေး ရရှိစေမှာ မဟုတ်ကြောင်းဒီနေ့ လွှတ်တော်မှာ ပြောပါတယ်။

စစ်ကောင်စီရဲ့ ရွေးကောက်ပွဲအစီအစဥ်တွေဟာ ချို့ယွင်းချက်တွေအပြည့်နဲ့ မဲစာရွက်တွေမှာ မြန်မာပြည်သူတွေ ထောက်ခံအားပေးတဲ့ နိုင်ငံရေးပါတီ မပါဝင်ကြောင်း နယူးဇီလန်နိုင်ငံခြားရေးဝန်ကြီး ထောက်ပြပါတယ်။ စစ်တပ်ရွေးကောက်ပွဲကို ဝေဖန်သူတွေကိုလည်း ဖိနှိပ်တဲ့ဥပဒေတွေကို ပြဌာန်းထားကြောင်း သူက ဆက်ပြောပါတယ်။

နယူးဇီလန်အစိုးရအနေနဲ့ ကုလသမဂ္ဂလုံခြုံရေးကောင်စီက ချမှတ်ထားတဲ့ ဆုံးဖြတ်ချက် ၂၆၆၉ ပါ အချက်တွေနဲ့ အာဆီယံခေါင်းဆောင်တွေ ချမှတ်ထားတဲ့ တူညီဆန္ဒ ၅ရပ်ကို လက်တွေ့ကျကျ အကောင်အထည်ဖော်ပေးဖို့ တောင်းဆိုကြောင်း နိုင်ငံခြားရေးဝန်ကြီးဝင်စတန်ပီတာကပြောပါတယ်။

အာဏာသိမ်းစစ်ကောင်စီ လက်ရှိစီစဥ်ထားတဲ့ အစီအစဥ်အတိုင်း ရွေးကောက်ပွဲကို ကျင်းပမယ်ဆိုပါက ယုံကြည်နိုင်ဖွယ်မရှိကြောင်း နယူးဇီလန်နိုင်ငံခြားရေးဝန်ကြီးက သတိပေးပါတယ်။

တဖက်မှာလည်း အမျိုးသာညီညွတ်ရေးအစိုးရ NUG အပါအဝင် တော်လှန်ရေးအင်အားစုတွေက အာဏာသိမ်းစစ်ကောင်စီရဲ့ ရွေးကောက်ပွဲဟာ အတုအယောင်ရွေးကောက်ပွဲဖြစ်ပြီး ကုလသမဂ္ဂ၊ အာဆီယံအပါအဝင် အိမ်နီးချင်းနိုင်ငံတွေနဲ့ နိုင်ငံတကာအသိုင်းအဝိုင်းက လက်မခံ ဆန့်ကျင်ကြဖို့ တိုက်တွန်းထားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

၂၀၂၁ ကတည်းက မြန်မာနိုင်ငံက ကလေးတွေ ဖြတ်သန်းနေရတဲ့ အကြောင်းအရာတွေကို တစ်ကွက်ကာတွန်းအနေနဲ့ ထုတ်ဝေထားတဲ့ WART CARTOON စာအုပ်က ဂျပန်ကာတွန်းပညာရှင်များအသင်းရဲ့ ၅၅ကြိမ်မြောက် ဆုပေးပွဲမှာ ကာတွန်းကဏ္ဍ အထူးဆုဆွတ်ခူးရရှိခဲ့ပါတယ်။

သတင်း

စစ်အာဏာရှင်စနစ်ကို အမြစ်ပြတ်ဖယ်ရှားဖို့နဲ့ ဖက်ဒရယ်ဒီမိုကရေစီ တည်ဆောက်ရေးအတွက် မြန်မာပြည်သူတွေရဲ့ ရဲဝံ့သော ကြိုးပမ်း ဆောင်ရွက်မှုတွေကို အပြည့်အဝပံ့ပိုးကူညီပေးဖို့ ကမ္ဘာ့အသိုက်အဝန်းကို ကုလသမဂ္ဂဆိုင်ရာမြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်းက တောင်းဆိုလိုက်ပါတယ်။

သုံးသပ်ဆောင်းပါး

-ခါကာဘို ရေးသားသည်။ ကမ္ဘာ့ဘဏ်(World Bank)ရဲ့ ဇွန်၁၆ရက် အစီရင်ခံစာအရ မြန်မာနိုင်ငံမှာ ငွေကြေးဖောင်းပွမှုက၂၀၂၆ ခုနှစ်အတွင်း၂၅ရာခိုင်နှုန်းနီးပါး အထိ မြင့်တက်လာနေကြောင်း ဖော်ပြထားပါတယ်။ အမေရိကန်-အီရန် စွမ်းအင် တင်းမာမှုကြောင့် ဖြစ်ပေါ်လာတဲ့ အရှေ့အလယ်ပိုင်း အကျပ်အတည်း၊ ပြည်တွင်းစစ်နှင့် စစ်အာဏာရှင်အောက်က နိုင်ငံရေး–စီးပွားရေး မတည်ငြိမ်မှုတွေရဲ့ ပေါင်းစပ် သက်ရောက်မှုတွေက...

သတင်း

အာဏာသိမ်းခေါင်းဆောင်မင်းအောင်လှိုင် တရုတ်နိုင်ငံကိုရောက်ရှိနေစဉ်မှာ မူဆယ်နဲ့ နမ့်ခမ်းမြို့နယ်အတွင်း တရုတ်နိုင်ငံဖက်ခြမ်းကမြန်မာဘက်ကိုတိုးပြီး နယ်စပ်ခြံစည်းရိုးကာနေတာကို အရှိန် မြှင့်လုပ်​​လာတယ်လို့ ဒေသခံတွေကဒီက​နေ့မနက်ပိုင်းမှာပြောပါတယ်။