Connect with us

Hi, what are you looking for?

သတင်း

ရန်ကုန်မှာ အောက်တိုဘာအတွင်း ဖမ်းဆီးခံရသူ ၉၀ကျော်ရှိဟု RSN ထုတ်ပြန်

ရန်ကုန်မြို့မှာ အောက်တိုဘာလအတွင်း စစ်ကောင်စီရဲ့ ဖမ်းဆီးခံရသူ ၉၀ကျော်ရှိပြီး ရွေးကောက်ပွဲအပေါ်ဝေဖန်ပြောဆိုမှုဆိုတဲ့ အကြောင်းပြချက်နဲ့ ၉ဦးဖမ်းဆီးခံခဲ့ရတယ်လို့ မြေပြင်သတင်းတွေဖော်ပြနေတဲ့ Rangoon Scout Network -RSNက ဖော်ပြပါတယ်။

ရန်ကုန်မြို့တနေရာမှာ လုံခြုံရေးယူနေတဲ့ စစ်သားတစ်ဦး။ ဓာတ်ပုံ - AFP

နိုဝင်ဘာ-၇၊၂၀၂၅။သတိုး/People’s Spring

ရန်ကုန်မြို့မှာ အောက်တိုဘာလအတွင်း စစ်ကောင်စီရဲ့ ဖမ်းဆီးခံရသူ ၉၀ကျော်ရှိပြီး ရွေးကောက်ပွဲအပေါ်ဝေဖန်ပြောဆိုမှုဆိုတဲ့ အကြောင်းပြချက်နဲ့ ၉ဦးဖမ်းဆီးခံခဲ့ရတယ်လို့ မြေပြင်သတင်းတွေဖော်ပြနေတဲ့ Rangoon Scout Network -RSNက ဖော်ပြပါတယ်။

“ဒီလမှာ သိရတဲ့ အဖမ်းအဆီးဦးရေက အရင်လတွေထက်တော့ နည်းသွားပါတယ်ဗျ။ လိုက်ဆွဲတာတွေကတော့ ရှိနေဆဲပါ။ ဒါပေမယ့် သူတို့ရွေးကောက်ပွဲလုပ်ဖို့ရှိလို့ နည်းနည်းထိန်းထားတယ်နဲ့တူတယ်ဗျ။ စစ်တပ်ကို လိုင်းပေါ်မှာဝေဖန်လို့ဆိုပြီး ဖမ်းတာတွေအပြင်ကို ရွေးကောက်ပွဲကို ဝေဖန်လို့ နှောင့်ယှက်လို့ဆိုပြီး ဖမ်းတာတွေပါ ထပ်တိုးရှိလာပါတယ်။ ” လို့ RSN အဖွဲ့ တာဝန်ရှိသူကပြောပါတယ်။

အောက်တိုဘာလအတွင်း စစ်ကောင်စီရဲ့ ဖမ်း​ဆီးခံရသူ ၉၄ ဦးရှိပြီး ၁၃ဦးပြန်လွတ်ကာ စစ်မှုထမ်းနဲ့ အကျဉ်း​ထောင်တွေကို ၂၃ဦး ပို့ခဲ့တယ်လို့ RSNက ဆိုပါတယ်။ ကျန်တဲ့ ဖမ်းဆီးခံရသူ ၅၈ ဦးနဲ့ ပတ်သက်လို့တော့ သတင်းမရဘူးလို့ ထုတ်ပြန်ထားပါတယ်။

Public Service Announcement

Public Service Announcement

ရွေးကောက်ပွဲနဲ့ပတ်သက်လို့ စစ်ကောင်စီက သူတို့​ ဝါဒဖြန့်ဇာတ်ကားဝေဖန်သူတွေလို့ ခေါင်းစဉ်တပ်ဖမ်းဆီးခဲ့တာပါ။ ဖမ်းဆီးခံရသူ ကိုးဦးထဲမှာ ငါးဦးက အနုပညာလောကသားတွေဖြစ်ပြီး ဇာတ်ကားကို ဝေဖန်တာ ၊ ဝေဖန်တဲ့ ပို့စ်ကို အသဲပေးမိတာတွေနဲ့ ဖမ်းတာလို့ စစ်ကောင်စီက ထုတ်ပြန်ထားပါတယ်။ ကျန်တဲ့သူတွေကတော့ သုံးဦးက ရွေးကောက်ပွဲကို အွန်လိုင်းပေါ်ကဝေဖန်လို့ဖြစ်ပြီး ကျန်တစ်ဦးကတော့ ရွေးကောက်ပွဲ အဖွဲ့ဝင်ကို ထိုးခဲ့တာလို့ သိရပါတယ်။

“လူတွေကို ကြောက်နေအောင် ရွေးကောက်ပွဲနဲ့ ပတ်သတ်ပြီး ဝေဖန်တာတွေကို တောက်လျှောက်လိုက်ဖမ်းပြနေတာမို့ လိုင်းသုံးရင် အကောင့်တွေကို လောခ့်ချထားဖို့ မှာချင်ပါတယ်။ စစ်တပ်လက်အောက် ဘာလုပ်လုပ် အန္တရာယ်ရှိနေတဲ့ ကာလမို့လို့ Risk များတာတွေဆို မလုပ်ကြဖို့ တိုက်တွန်းချင်ပါတယ်ဗျ။” လို့ အထက်ပါတာဝန်ရှိသူက အကြံပြုစကားဆိုပါတယ်။

ဖမ်းဆီးခံရတဲ့ အကြောင်းအရာတွေကတော့ အရင်လတွေကလိုပဲ သတင်းအတိအကျနဲ့ ရှာဖွေဖမ်းဆီးတာ ၊ ရှောင်တခင်စစ်တာ၊ လမ်းဘေးမှာထိုင်နေတာ ၊လမ်းပေါ်မှာသွားနေတာ စတဲ့ အကြောင်းပြချက်တွေနဲ့ဖမ်းဆီးခံကြရတာပါ။

ဒါ့အ​​ပြင် ဒီလ နိုဝင်ဘာထဲမှာ ဖမ်းဆီးခံရမှုမှာလည်း အလုပ်ရှိတယ်လို့ လိမ်လည်ခေါ်ယူခံရသူ ၆ ဦးနဲ့ မူးယစ်ဆေးကျွေးပြီး ဖမ်းဆီးခေါ်ဆောင်ခံရသူ ၁ဦး ပါဝင်တယ်လို့ RSN ကဆိုပါတယ်။

မူးယစ်ဆေးကျွေးတဲ့ဖြစ်စဉ်မှာ ဖမ်းဆီးခံရသူက ရန်ကုန်မြို့လယ် ၆ထပ်ရုံးရဲ့ လုံခြုံရေးဝန်ထမ်းလို့ ဖော်ပြထားပြီး အောက်တိုဘာ ၂၀ ရက်က နေအိမ်ကိုပြန်ချိန်ကားပေါ်မှာ အမျိုးသမီး နှစ်ဦးက တို့ဆေးသုံးကာ ခေါ်ဆောင်သွားတာလို့ RSN ကထုတ်ပြန်ထားပါတယ်။

အဲဒီ့အမျိုးသားကို စစ်တပ်ထဲရောင်းစားခံခဲ့ရပြီး မိသားစုနဲ့ အဆက်အသွယ်ပြန်ရချိန်မှာ သိန်း ၁၀၀နဲ့ရွေးဖို့ ကနဦးပြောပေမယ့် မိသားစုဘက်က ပေးမယ်ပြောတဲ့ အချိန်မှာတော့ ရှမ်းပြည်နယ်ဘက်ကိုပို့ဆောင်ခံရတာကြောင့် ပြန်ရွေးလို့ မရခဲ့ဘူးလို့ အောက်တိုဘာ ၂၇ ရက်မှာ RSN ကဖော်ပြထားပါတယ်။

အဲဒီ့အကြောင်းအရာတွေအပြင် စစ်ကောင်စီကို အွန်လိုင်းမှာ ဝေဖန်လို့ဆိုပြီး ဖမ်းဆီးခံခဲ့ရသူ သုံးဦးရှိသလို စစ်ရေးလှုပ်ရှားမှုတွေမှာပါဝင်လို့ဆိုပြီး ဖမ်းဆီးခံရသူ ငါးဦးရှိတယ်လို့ ဆိုပါတယ်။

စစ်ရေးလှုပ်ရှားမှု ခေါင်းစဉ်တပ်ဖမ်းဆိီးမှုနဲ့ ပတ်သက်ပြီးရန်ကုန်မြေပြင်မှာ လှုပ်ရှားမှုတွေဆောင်နေသူတစ်ဦးက အလုပ်လုပ်တဲ့ အဖွဲ့တွေတော့ ဖမ်းဆီးခံရတာ မကြားမိဘူးလို့ လူထုနွေဦးကို အတည်ပြုပေးပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ရန်ကုန်မြို့ရဲ့ မြိုနယ်နှစ်ခုမှာ ဒီရက်ပိုင်းအတွင်း ယာဉ်တိုက်မှုကြောင့် အမျိုးသမီး ၂ဦး သေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

ရန်ကုန်နဲ့ ဧရာဝတီတိုင်းမှာ အခုရက်ပိုင်းကြုံတွေ့နေရတဲ့ လေပြင်းဘေးကြောင့် စပါးခင်းအများအပြားပျက်စီးခဲ့တယ်လို့ ဒေသခံတောင်သူလယ်သမားတွေက ပြောပါတယ်။

သတင်း

ရန်ကုန်မြို့လယ်ခေါင်ကျောက်တံတားမြို့နယ် ပန်းဆိုးတန်းနဲ့ မဟာဗန္ဓုလလမ်းထောင့်မှာ ဒီကနေ့ (စက်တင်ဘာ ၁၉)ညမှာအမျိုးသားတစ်ဦး မူးယစ်ဆေးသုံးစွဲပြီး ကားကိုမောင်းနှင်တာမှာ လမ်း​ပေါ်ရှိတဲ့ ကား​တွေကို လိုက်လံတိုက်ခိုက်မှု ဖြစ်ပွားခဲ့တယ်လို့ဒေသခံပြည်သူတွေက ပြောပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ် ကာမိုင်းဒေသမှာ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ဒုတပ်ရင်းမှူး ၁ဦးကို စစ်တပ် လက်အောက်ခံ ရှမ်းနီတပ် SNA ရဲ့ ဖမ်းဆီးခြင်းခံရမှုမဟုတ်ဘဲ သတင်းအမှားသာဖြစ်ကြောင်း KIA စစ်ဘက်တာဝန်ရှိသူက ပြောပါတယ်။

Facebook