Connect with us

Hi, what are you looking for?

သတင်း

မုံရွာနယ်မြောက်ခြမ်း စစ်တပ်စစ်ကြောင်းထိုးပြီး စက်တပ်လေထီးနဲ့တိုက်ခိုက်လို့ ပြည်သူတစ်ဦး ထိခိုက်

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်မြောက်ဘက်ခြမ်းမှာ စစ်ကောင်စီတပ်က စစ်ကြောင်းထိုးပြီး ပါရာမိုတာနဲ့ ဗုံးကြဲတိုက်ခိုက်သွားလို့ ပြည်သူထိခိုက်မှုရှိကြောင်း ဒေသခံတွေက ပြောပါတယ်။

အာဏာသိမ်းစစ်တပ်ရဲ့ တပ်မ(၃၃)က စစ်သားတွေကို တွေ့ရစဉ်။ ဓာတ်ပုံ - AFP

နိုဝင်ဘာ-၁၀၊ ၂၀၂၅။ဇေအောင်/People’s Spring

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်မြောက်ဘက်ခြမ်းမှာ စစ်ကောင်စီတပ်က စစ်ကြောင်းထိုးပြီး ပါရာမိုတာနဲ့ ဗုံးကြဲတိုက်ခိုက်သွားလို့ ပြည်သူထိခိုက်မှုရှိကြောင်း ဒေသခံတွေက ပြောပါတယ်။

ဒီကနေ့ နိုဝင်ဘာ ၁၀ ရက်မနက်ပိုင်းက မုံရွာမြို့နယ်၊ သာစည်ထောင်ရွာမှ ထွက်လာတဲ့စစ်ကြောင်းဟာ မုံရွာမြို့နယ်မြောက်ခြမ်းက ကျေးရွာတွေကို နယ်မြေရှင်းလင်းစစ်ကြောင်းထိုးခဲ့ကြောင်း ဒေသခံတွေက ပြောပါတယ်။

ဒါ့အပြင် မုံရွာအနောက်မြောက်တိုင်း စစ်ဌာနချုပ်(နမခ)ကနေ တက်လာတဲ့ ပါရာမိုတာ စက်တပ်လေထီးဟာ မုံရွာမြို့နယ် ထန်းပင်လှရွာ အနီးနဲ့ ကံပြားရွာအနီးမှာ ဗုံးကြဲတိုက်ခိုက်သွားတယ်လို့ မုံရွာမြို့နယ် သတင်းမှန်ပြန်ကြားရေးအဖွဲ့က ပြောပါတယ်။

Public Service Announcement

Public Service Announcement

“ပါရာက သုံးနေရာကြဲတာ။ တနေရာတော့ စစ်ရှောင်တယောက် ထိတယ်ကြားတယ်။”လို့ ဒေသခံတဦးက ပြောပါတယ်။

ထိခိုက်မှု အခြေအနေကိုတော့ အသေးစိတ်မသိရသေးပါဘူး။

ဒါ့အပြင် အမတ(၅၀၈)အမြောက်တပ်ရင်းကနေလည်း မြောက်ပိုင်းက ကျေးရွာတွေကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

နိုဝင်ဘာ ၇ ရက်ကလည်း မုံရွာမြို့နယ်၊ မုံရွာ-မန္တလေးလမ်းတနေရာမှာ ဆိုင်ကယ်စီးလာတဲ့ အမျိုးသား ၄ဦးကို စစ်တပ်က အိမ်စီးကားနဲ့ လိုက်လံပစ်ခတ်ခဲ့ပြီး ၃ဦးသေဆုံးခဲ့ပါသေးတယ်။

ဆက်စပ်သတင်းများ

သတင်း

တနင်္သာရီမြို့နယ် လမိုင်းကော့ကျေးရွာကို စစ်တပ်က တိုက်လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်လို့ အသက် ၆၀ အရွယ်အမျိုးသမီး ၁ဦးသေဆုံးခဲ့ကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU) မြိတ်ထားဝယ်ခရိုင်က သတင်းထုတ်ပြန်ပါတယ်။

သတင်း

ရခိုင်ပြည်နယ်၊ စစ်တွေမြို့နယ်နဲ့ ရသေ့တောင် မြို့နယ်အစပ်က နံ့သာကျွန်းအနီးမှာ ငါးဖမ်းနေတဲ့ငါးဖမ်းသမားတွေကို အာဏာသိမ်းစစ်တပ်က သေနတ်နဲ့လိုက်လံပစ်ခတ်တာကြောင့် ရသေ့တောင်မှာ စစ်ရှောင်နေသူ ငါးဖမ်းသမား ၁ဦး သေဆုံးပြီး ၂ဦး ဒဏ်ရရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

မကွေးတိုင်း၊ချောက်မြို့နယ်ထဲမှာစစ်ကြောင်းထိုးနေတဲ့အာဏာသိမ်းစစ်တပ်ကနရွဲတောရွာကိုမီးရှို့ဖျက်ဆီးလိုက်တာကြောင့် ရွာလုံးကျွတ်နီးပါးအပျက်အဆီးတွေများနိုင်သလို ရွာခံတွေလည်း ထွက်ပြေးနေရတယ်လို့ ဒေသခံအချို့ ဆီကသိရပါတယ်။

သတင်း

ကရင်နီပြည်နယ်၊ ဖရူဆိုမြို့နယ်မှာ စစ်တပ်ရဲ့ ဒရုန်းတိုက်ခိုက်မှုကြောင့် ခြောက်လသားအရွယ် ကလေးငယ်အပါအ၀င် အရပ်သား ၅ ဦးသေဆုံးခဲ့တယ်လို့ ဒေသခံသတင်းရင်းမြစ်‌တချို့က ပြောပါတယ်။