Connect with us

Hi, what are you looking for?

သတင်း

စစ်ကိုင်းတက္ကသိုလ်အနီး စစ်အုပ်စုယာဥ်တိုက်ခိုက်ခံရမှု ကားပါမီးရှို့ခဲ့တယ်လို့ ပြောက်ကျားတပ်ဖွဲ့ပြော

စစ်ကိုင်းတက္ကသိုလ်အနီး ဖြစ်ပွားခဲ့တဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေလိုက်ပါလာတဲ့ယာဥ် တိုက်ခိုက်ခံရမှုမှာ ထိခိုက်သေဆုံးမှုရှိပြီး ကားပါမီးရှို့ဖျက်​ဆီးခံရတယ်လို့ လင်းယုန်ညီနောင်ပြောက်ကျားတပ်ဖွဲ့(စစ်ကိုင်း)ရဲ့ တာဝန်ရှိသူက ပြောပါတယ်။

တိုက်ခိုက်မှုတခုအတွင်း တွေ့ရတဲ့ လင်းယုန်ညီနောင်ပြောက်ကျားတပ်ဖွဲ့(စစ်ကိုင်း)ရဲ့ ရဲဘော်တွေ။ ဓာတ်ပုံ - Screengrab

နိုဝင်ဘာ-၁၇၊ ၂၀၂၅။ဇေအောင်/People’s Spring

စစ်ကိုင်းတက္ကသိုလ်အနီး ဖြစ်ပွားခဲ့တဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေလိုက်ပါလာတဲ့ယာဥ် တိုက်ခိုက်ခံရမှုမှာ ထိခိုက်သေဆုံးမှုရှိပြီး ကားပါမီးရှို့ဖျက်​ဆီးခံရတယ်လို့ လင်းယုန်ညီနောင်ပြောက်ကျားတပ်ဖွဲ့(စစ်ကိုင်း)ရဲ့ တာဝန်ရှိသူက ပြောပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာ ၂၈ရက် ည ၈နာရီခွဲခန့်က မုံရွာ-မန္တလေးလမ်းပိုင်းပေါ်မှာရှိတဲ့ ကံတလူတိုးဂိတ်နဲ့ စစ်ကိုင်းမြို့ဘက်ကို ကူးသန်းနေတဲ့ စစ်အုပ်စုရဲ့ ကင်းပတ်ယာဥ်ကို စစ်ကိုင်းတက္ကသိုလ်အနီးမှာ တိုက်ခိုက်ခဲ့တာလို့ ၎င်းကပြောပါတယ်။

“ပြည်သူတွေကို ဖမ်းဆီးငွေညှစ်လေ့ရှိတဲ့ စစ်ကိုင်းထွေအုပ်စာရေး ကျော်ရဲလွင်နဲ့ စစ်ကောင်စီတပ်သားတွေ လိုက်ပါလာတဲ့ ကားကို တိုက်ခိုက်တာ။ သူတို့က စစ်ကိုင်းကံတလူတိုးဂိတ်မှာ စစ်ဆေးရေးဂိတ်လုပ်ပြီး ပြည်သူကားတွေ ဆိုင်ကယ်တွေကို ဖမ်းဆီး ငွေညစ်တာတွေလုပ်တာ”လို့ အထက်ပါ တာဝန်ရှိသူက ပြောပါတယ်။

Public Service Announcement

Public Service Announcement

အဲဒိီဖြစ်စဥ်မှာ ကားပေါ်ပါ ထွေအုပ်စာရေး ကျော်ရဲလွင်နဲ့ စစ်ကောင်စီတပ်သားတွေ စုစုပေါင်း ၇ ဦးသေဆုံးခဲ့ကြောင်း၊ စစ်ကိုင်းတက္ကသိုလ်နဲ့ တပ်မ(၃၃) ကနေ အိမ်စီးကား ၁၂ စီးနဲ့ တပ်ကူရောက်လာလို့ တိုက်ခိုက်လိုက်တဲ့ကားကို မီးရှို့ပြီး ပြန်ဆုတ်ခဲ့ကြောင်း လင်းယုန်ညီနောင် ပြောက်ကျားတပ်ဖွဲ့(စစ်ကိုင်း)က အသိပေးပါတယ်။

စစ်အုပ်စုဝင်တွေ ထိခိုက်သေဆုံးမှုကိုတော့ လူထုနွေဦးက ထပ်မံအတည်ပြုလို့ မရသေးပါဘူး။စစ်ကိုင်းမြို့နယ်အတွင်းမှာ အင်တာနက်ဖြတ်တောက်မှုတွေ ပိုမိုဆိုးရွားလာတဲ့အတွက် သတင်းထုတ်ပြန်တာ နောက်ကျရခြင်းဖြစ်ကြောင်း လင်းယုန်ညီနောင် ပြောက်ကျားတပ်ဖွဲ့(စစ်ကိုင်း)ရဲ့ တာဝန်ရှိသူက ပြောပါတယ်။

တပ်ကူလာတဲ့စစ်အုပ်စုဟာ လက်နက်ငယ်တွေ၊ စက်လက်တွေနဲ့ ပတ်ဝန်းကျင်ကို ရမ်းသမ်းပစ်ခတ်သွားတယ်လို့ သိရပါတယ်။

သြဂုတ် ၂၃ ရက်ကလည်း မုံရွာ-မန္တလေးလမ်းပေါ်က ကုန်းရွာအနီးမှာ စစ်ကောင်စီယာဥ်တန်းကို လုံခြုံရေးလာယူပေးတဲ့ စစ်အုပ်စုဝင်တွေနဲ့ လင်းယုန်ညီနောင် ပြောက်ကျားတပ်ဖွဲ့(စစ်ကိုင်း)တို့ တိုက်ပွဲဖြစ်ပွားခဲ့ပါသေးတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းမြို့နယ်မှာ စစ်တပ် ယာဉ်တန်းကို မိုင်းဆွဲတိုက်ခိုက်ရာ စစ်တပ်က ရမ်းသမ်းပစ်ခတ်မှုကြောင့် မြေပဲနှုတ်နေတဲ့ တောင်သူ ၁ ဦး သေဆုံးခဲ့ပါတယ်။

သတင်း

စစ်ကိုင်းမြို့နယ်မှာ စစ်တပ်ယာဥ်တန်းကို ကင်းစောင့်ပေးနေတဲ့ ရဲတွေ မိုင်းဆွဲတိုက်ခိုက်ခံခဲ့ရပါတယ်။

သတင်း

မကွေး-နတ်မောက်လမ်းပိုင်းမှာ စစ်တပ်ယာဥ်တန်းကို ကြားဖြတ်တိုက်ခိုက်ခဲ့ရာ ထိခိုက်သေဆုံးမှုတွေရှိတယ်လို့ မကွေးခရိုင်စစ်ဌာန သရက်ခရိုင် အမှတ် (၃)ငါးပြေမတပ်ရင်းက ဒီကနေ့ ထုတ်ပြန်ပါတယ်။

သတင်း

ကချင်ပြည်နယ်၊ မြစ်ကြီးနား-တနိုင်းသွား လီဒိုလမ်းမပေါ်မှာ စစ်တပ်ယာဉ်တန်းကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA)က ကြားဖြတ်တိုက်ခိုက်ခဲ့ရာ ထိခိုက်မှုရှိခဲ့တယ်လို့ ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

Facebook