Connect with us

Hi, what are you looking for?

သတင်း

သဘောထားကွဲလွဲမှုတွေဖယ်ပြီး နိုင်ငံရေးအကြပ်အတည်း ပူးပေါင်းအဖြေရှာဖို့ ရှမ်းနှစ်သစ်ကူးနေ့သို့ TNLA သဝဏ်လွှာပို့

တအာင်းတိုင်းရင်းသားနဲ့ ရှမ်းတိုင်းရင်းသား ညီအစ်ကိုမောင်နှမအချင်းချင်း ညီအစ်ကိုရင်းပမာ ချစ်ကြည်ရင်းနှီးစွာနဲ့ အတူတကွ ယှဉ်တွဲနေထိုင်လျက် ယခင်ကရှိခဲ့သော သဘောထား ကွဲလွဲမှုများ၊ သံသယများကို ဘေးဖယ်ပြီး နိုင်ငံရေးအကြပ်အတည်းအား စုပေါင်းဝိုင်းဝန်း အဖြေရှာဖို့ ပူးပေါင်းဆောင်ရွက်ကြဖို့ တအာင်းတပ်မတော်(PSLF/TNLA) က ရှမ်းနှစ်သစ်ကူးနေ့သို့ သဝဏ်လွှာ ပေးပို့ပါတယ်။

ရှမ်းနှစ်သစ်ကူးပွဲတော်၊ အထူးဒေသ (၁) သိန္နီခရိုင်အတွင်း ကျင်းပနေစဉ်။ ဓာတ်ပုံ - The Kokang

နိုဝင်ဘာ-၂၀၊ ၂၀၂၅။ ပုရစ်/People’s Spring

တအာင်းတိုင်းရင်းသားနဲ့ ရှမ်းတိုင်းရင်းသား ညီအစ်ကိုမောင်နှမအချင်းချင်း ညီအစ်ကိုရင်းပမာ ချစ်ကြည်ရင်းနှီးစွာနဲ့ အတူတကွ ယှဉ်တွဲနေထိုင်လျက် ယခင်ကရှိခဲ့သော သဘောထား ကွဲလွဲမှုများ၊ သံသယများကို ဘေးဖယ်ပြီး နိုင်ငံရေးအကြပ်အတည်းအား စုပေါင်းဝိုင်းဝန်း အဖြေရှာဖို့ ပူးပေါင်းဆောင်ရွက်ကြဖို့ တအာင်းတပ်မတော်(PSLF/TNLA) က ရှမ်းနှစ်သစ်ကူးနေ့သို့ သဝဏ်လွှာ ပေးပို့ပါတယ်။

ယနေ့ နတ်တော်လဆန်း ၁ရက် နိုဝင်ဘာ ၂၀ရက်မှာကျရောက်တဲ့ ရှမ်းနှစ်သစ်ကူးနေ့ကို TNLAက သဝဏ်လွှာပေးပို့ခဲ့တာဖြစ်ပြီး ငြိမ်းချမ်းသာယာဖွံ့ဖြိုးတိုးတက်သော လူမှုပတ်ဝန်းကျင်ဖြစ်စေရေးတို့ကို ဟန်ချက်ညီညီ ပူးပေါင်းဆောင်ရွက်သွားကြပါစို့ဟု သဝဏ်လွှာမှာ ဖော်ပြပါတယ်။

တော်လှန်ရေးခရီးကြမ်းမှာ နှစ်ဖက်ညီနောင်တွေအနေနဲ့ ဆယ်စုနှစ်ချီကြာ အပြန်အလှန် ဖေးမကူညီစောင့်ရှောက်ရင်း နှစ်ဟောင်းမှာ အတူတကွ ဖြတ်သန်းခဲ့ကြတဲ့ အတွေ့အကြုံတွေကို ပြန်လည် ဆင်ခြင်သုံးသပ်ပြီး လာမည့်နှစ်သစ်တွေမှာ အခုထက်သာ၍ ကောင်းမွန်သော ကောင်းကျိုးများရရှိရေး အတွက် ရှေးရှုသွားကြဖို့ လိုအပ်ကြောင်းလည်း သဝဏ်လွှာမှာ ပါရှိပါတယ်။

Public Service Announcement

Public Service Announcement

TNLAနဲ့ ရှမ်းလက်နက်ကိုင်တပ်ဖွဲ့ဖြစ်တဲ့ ရှမ်းပြည်တိုးတက်ရေးပါတီ(SSPP/SSA)ဆို့ဟာ ၀တပ်ဖွဲ့ (UWSA) ဦးဆောင်တဲ့ ပြည်ထောင်စုနိုင်ငံရေးဆွေးနွေးညှိနှိုင်းရေးကော်မတီ(FPNCC) အဖွဲ့ဝင်တွေ ဖြစ်ပြီး စစ်ရေးနိုင်ငံရေး ပူးပေါင်းဆောင်ရွက်မှုတွေရှိပေမယ့် အခုနောက်ပိုင်းမှာနယ်မြေအငြင်းပွားမှုနဲ့ပတ်သက်ပြီး ပြဿနာဖြစ်တာ၊ တိုက်ပွဲဖြစ်တာတွေရှိခဲ့ပါတယ်။

TNLAဟာ အခြားရှမ်းလက်နက်ကိုင်တပ်ဖွဲ့တခုဖြစ်တဲ့ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ(RCSS)နဲ့လည်း ၂၀၁၅ ဝန်းကျင်လောက်ကတည်းက တိုက်ပွဲတွေ ပြင်းထန်ခဲ့ပါတယ်။

စစ်တပ်အာဏာသိမ်းပြီးနောက်မှာလည်း TNLAနဲ့ SSPP ပေါင်းပြီး RCSSကို ရှမ်းမြောက်ဒေသကနေ တိုက်ခိုက်မောင်းထုတ်ခဲ့တဲ့ စစ်ဆင်ရေးကို ဖော်ဆောင်ခဲ့ပါတယ်။ SSPPနဲ့ RCSS ရှမ်းလက်နက်ကိုင်တပ်ဖွဲ့ နှစ်ခုဟာလည်း ရှမ်းတပ်အကြား တိုက်ပွဲတွေ ပြဿနာတွေ ဖြစ်ပွားခဲ့ပါတယ်။

RCSSနဲ့ SSPPဟာ အာဏာသိမ်းစစ်တပ်နဲ့ ထိတွေ့ဆက်ဆံနေတဲ့ ရှမ်းလက်နက်ကိုင်တပ်ဖွဲ့တွေဖြစ်သလို TNLAဟာလည်း တရုတ်ရဲ့ ကြားဝင်မှုကြောင့်ဆိုကာ ပြီးခဲ့တဲ့ အောက်တိုဘာလကုန်မှာ စစ်ကောင်စီနဲ့ အပစ်ရပ်စဲရေးလုပ်ဆောင်ထားတဲ့ တပ်ဖွဲ့ဖြစ်ပါတယ်။

စစ်ကောင်စီနဲ့ အပစ်ရပ်ပြီးနောက်ပိုင်း သိမ်းပိုက်ထားတဲ့ မိုးကုတ်နဲ့ မိုးမိတ်မြို့ကို စစ်ကောင်စီထံ ပြန်ပေးမယ်ဆိုတဲ့ အချက်ကြောင့် TNLAအပေါ် ပြည်သူတွေက ဝေဖန်နေကြပါတယ်။

ဆက်စပ်သတင်းများ

သတင်း

တအာင်းတပ်မတော်(TNLA)ထိန်းချုပ်ထားတဲ့ နမ့်ခမ်းမြို့က ကောင်းတပ်ကျေးရွာပေါက်ကွဲမှု ဘေးသင့်ပြည်သူတွေ ပြန်လည်ထူထောင်ရေးကော်မတီရဲ့ အလှူခံဌာနကို ဇွန်လ ၁၅ရက်မှာ ပိတ်သိမ်းရပ်ဆိုင်းသွားမှာ ဖြစ်ကြောင်း ကော်မတီက ဒီကနေ့ ထုတ်ပြန်ခဲ့ပြီး အလှူရှင်ပြည်သူတွေအနေနဲ့ ပါဝင်လှူဒါန်းလိုရင် မပိတ်သိမ်းမီ အပြီးသတ် ပါဝင်လှူဒါန်းပေးဖို့ တိုက်တွန်းနှိုးဆော်ထားပါတယ်။

သတင်း

တအာင်းတပ်မတော်(TNLA) ထိန်းချုပ်ထားတဲ့ နမ့်ခမ်းမြို့ ကောင်းတပ်ရပ်ကွက် ပေါက်ကွဲမှု ဘေးသင့်ပြည်သူတွေ ပြန်လည်ထူထောင်ရေးအတွက် အာရက္ခတပ်တော်(AA)၊ ရှမ်းပြည်တိုးတက်ရေးပါတီ(SSPP)၊ ၀ပြည်သွေးစည်းညီညွတ်ရေးပါတီ(UWSA) လားရှိုးဆက်ဆံရေးရုံးတို့က အလှူငွေတွေ ပေးအပ်ခဲ့ကြောင်း ကောင်းတပ်ရွာ ပြန်လည်ထူထောင်ရေးကော်မတီက ထုတ်ပြန်ထားပါတယ်။

သတင်း

ရှမ်းပြည်နယ်မြောက်ပိုင်း၊ နမ့်ခမ်းမြို့နယ် ကောင်းတပ်ရပ်ကွက် ပေါက်ကွဲမှုဖြစ်စဉ်မှာ သေဆုံးထိခိုက်နစ်နာဆုံးရှုံးခဲ့ကြရတဲ့ မိသားစုဝင်တွေကို တအာင်းတပ်မတော်(PSLF/TNLA) ခေါင်းဆောင်တွေက သွားရောက်တောင်းပန်ပြီး ဝမ်းနည်းကြောင်း ဖော်ပြခဲ့တယ်လို့ TNLAက သတင်းထုတ်ပြန်ပါတယ်။