Connect with us

Hi, what are you looking for?

သတင်း

ဗုံးကြဲတဲ့​လေယာဥ်မှူးတွေပင်ပန်းနေကြောင်း တင်ပြတဲ့စစ်ဦးစီးအရာရှိချုပ်(လေ)ရာထူးမှအနားပေးခံရ

တိုက်လေယာဉ်နဲ့ ဗုံးကြဲတဲ့ ​လေယာဥ်မှူးတွေ ပင်ပန်းနေပြီး ‌အကြိမ်ရေလျှော့ ပျံသန်းဖို့တင်ပြတဲ့ စစ်ဦးစီးအရာရှိချုပ်(လေ) ဒုတိယဗိုလ်ချုပ်ကြီးဇော်ဝင်းမြင့်ကို အာဏာသိမ်းစစ်တပ်က အနားပေးလိုက်ပါတယ်။

အာဏာသိမ်းစစ်တပ်ရဲ့ စစ်ဦးစီးအရာရှိချုပ် (လေ)ရာထူးမှအနား​ပေးခံရတဲ့ ဒုတိယဗိုလ်ချုပ်ကြီးဇော်ဝင်းမြင့်

နိုဝင်ဘာ-၂၅၊၂၀၂၅။အိမ်သွင်/People’s Spring

တိုက်လေယာဉ်နဲ့ ဗုံးကြဲတဲ့ ​လေယာဥ်မှူးတွေ ပင်ပန်းနေပြီး ‌အကြိမ်ရေလျှော့ ပျံသန်းဖို့တင်ပြတဲ့ စစ်ဦးစီးအရာရှိချုပ်(လေ) ဒုတိယဗိုလ်ချုပ်ကြီးဇော်ဝင်းမြင့်ကို အာဏာသိမ်းစစ်တပ်က အနားပေးလိုက်ပါတယ်။

ဒုတိယဗိုလ်ချုပ်ကြီးဇော်ဝင်းမြင့်ကို နိုဝင်ဘာလ၂၃ရက်နေ့မှာ ရာထူးကနေအနားပေးလိုက်ပြီး နိုင်ငံခြားရေးဝန်ကြီးဌာနကို ရွှေ့ပြောင်းလိုက်တယ်လို့ နေပြည်တော်သတင်းရင်းမြစ်ကပြောပါတယ်။

စစ်ဦးစီးအရာရှိချုပ်(လေ)နေရာကို အနောက်ပိုင်းလေတပ်ကွပ်ကဲမှုဌာနချုပ်မှူး ဗိုလ်ချုပ်ထွန်းဝင်းကို အစားထိုးခန့်အပ်လိုက်တယ်လို့ သိရပါတယ်။

Public Service Announcement

Public Service Announcement

“ပိုင်းလော့(​လေယာဥ်မှူး)တွေလည်း မောင်းသာမောင်းနေရပေမယ့်စစ်ရာဇဝတ်မှုတွေနဲ့ တချိန်မှာပြန်ပြီးအရေးယူခံရမှာကြောက်နေကြတယ်။နောက်ပြီးနေ့တိုင်း ရောက်ပြန်မောင်းခိုင်းနေတော့ မဖြစ်သင့်တဲ့အကြောင်း ကာကွယ်ရေးဦးစီးချုပ်(လေ)ကို တင်ပြတာ။နောက်နေ့ ပြုတ်တာပဲ”လို့နေပြည်တော်သတင်းရင်းမြစ်က​လူထု​နွေဦးကိုပြောပါတယ်။

စစ်အုပ်စုဟာလေကြောင်းတိုက်ခိုက်မှုတွေကြောင့် ငွေကြေးလိုအပ်ချက်တွေရှိနေပြီးနောက်ပိုင်းမှာ တိုက်လေယာဉ်အပြင်ပါရာမော်တာတွေ၊ ဒရုန်းတွေပိုအသုံးပြုတိုက်ခိုက်လာပါတယ်။အဲ့ဒီလိုဖိအား‌တွေရှိနေချိန်မှာလေကြောင်းပျံသန်းမှုအပေါ် ဝေဖန်တယ်လို့ဆိုပြီးကာကွယ်ရေးဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီး ထွန်းအောင်က အလျင်အမြန်ဆုံးဖြတ်ချက်ချအရေးယူတာဖြစ်တယ်လို့ လေတပ်အငြိမ်းစားအရာရှိတစ်ဦးကပြောပါတယ်။

စစ်ဦးစီးအရာရှိချုပ်(လေ)ဟာကာကွယ်ရေးဦးစီးချုပ်(လေ)ပြီးရင် ဒုတိယအာဏာအရှိဆုံးပုဂ္ဂိုလ်ဖြစ်ပါတယ်။

“စစ်ကောင်စီတပ်ရဲ့ထိပ်ပိုင်းမှာ အချင်းချင်းမကြေလည်မှုတွေရှိနေတဲ့ပြဿနာကိုမြင်ရတယ်”လို့ စစ်ဖက်ဆိုင်ရာနဲ့နိုင်ငံရေးလေ့လာသူတစ်ဦးကပြောပါတယ်။

စစ်အုပ်စုဟာ နိုင်ငံတော်အာဏာကိုသိမ်းယူပြီးချိန်ကနေပြီးခဲ့တဲ့အောက်တိုဘာလကုန်ထိလေကြောင်းတိုက်ခိုက်မှု ၃၉၉၉ ကြိမ် ကျူးလွန်ခဲ့ပြီး ပြည်သူ၄,၃၂၂ဦးသေဆုံးခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ၊လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနက ပြီးခဲ့တဲ့ နိုဝင်ဘာလ၃ရက်နေ့မှာထုတ်ပြန်ထားပါတယ်။

လက်ရှိနိုဝင်ဘာလထဲမှာလည်း ရခိုင် နဲ့ ကချင်ပြည်နယ်၊မကွေးတိုင်း၊ စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်း၊ ပဲခူးတိုင်းနဲ့ ဧရာဝတီတိုင်းတွေမှာ စစ်တပ်ကလေကြောင်းတိုက်ခိုက်မှုတွေပြုလုပ်နေပါတယ်။ လူထုကိုပစ်မှတ်ထားပြီးသတ်ဖြတ်နေတဲ့ စစ်ရာဇဝတ်မှု သက်သေတွေစုဆောင်းနေပြီး နောင်တချိန်မှာပြစ်ဒဏ်ပေးနိုင်ဖို့ကြိုးပမ်းနေတယ်လို့ အမျိုးသားညီညွတ်ရေး အစိုးရကထုတ်ပြန်ထားပါတယ်။

ဒါ့အပြင်စစ်တပ်​လေ​ကြောင်းတိုက်ခိုက်မှု​တွေကိုအချက်အလက်စု​ဆောင်း​ဖော်ပြနေတဲ့ ဥာဏ်လင်းသစ်သု​​တေသနအဖွဲ့ရဲ့ အချက်အလက်​တွေအရ စစ်တပ်က အာဏာသိမ်းပြီး​နောက်ပိုင်း၂၀၂၁ ​ဖေ​ဖော်ဝါရီလက​နေ ၂၀၂၅ စက်တင်ဘာလကုန်အထိ ​လေ​ကြောင်းတိုက်ခိုက်မှု​​ပေါင်း ၆၀၀၀ ​ကျော်ပြုလုပ်ခဲ့ပြီး ပြည်သူ ၅၀၀၀ ​ကျော်​သေဆုံးခဲ့တယ်လို့​​ဖော်ပြထားပါတယ် ။ဒါကစစ်တပ်အာ​ဏာသိမ်းပြီး​နောက်ပိုင်းပျမ်းမျှတစ်ရက်ကို သုံးကြိမ်ခွဲဗုံးကြဲ​နေပြီးတစ်ရက်ကိုပျမ်းမျှပြည်သူ ၃ ဦး​နေ့စဥ်​သေဆုံး​နေရတာဖြစ်ပါတယ်။ စစ်တပ်က ကိုယ့်ပြည်သူ​တွေကို ​နေ့စဥ်နီးပါးဗုံးကြဲသတ်ဖြတ်​နေတာ အခု​လောက်ပမာဏ အများအပြားဟာ မြန်မာ့သမိုင်းမှာဘယ်တုန်းကမှ မရှိခဲ့ပါဘူး။

လေကြောင်းတိုက်ခိုက်မှုတွေမှာ ကလေးတွေနဲ့အရပ်သားပြည်သူတွေသေဆုံးမှုတွေများပြားနေလို့ လေယာဉ်မောင်းပိုင်း လော့တွေရဲ့ ကိုယ်ရေးအချက်အလက်တွေကိုလည်း တော်လှန်ရေးအင်အားစုတွေကစုဆောင်းနေကြပါတယ်။ ဒါကြောင့် ​လေယာဥ်​မောင်းတွေဟာကြောက်လန့်နေပြီး စိတ်ဖိစီးမှုတွေရှိနေတယ်လို့လည်း စစ်ကောင်စီနဲ့ နီးစပ်တဲ့သူတွေကပြောဆိုနေကြပါတယ်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးတိုင်း၊မလှိုင်မြို့နယ်တောင်ဘက်ပိုင်းကို တိုက်ပွဲမရှိဘဲ စစ်တပ်က လေကြောင်းတိုက်ခိုက်မှုတွေဆက်တိုက်ပြုလုပ်နေပြီး မိတ္ထီလာ-‌ ကျောက်ပန်းတောင်းလမ်းပိုင်းကို အင်အားဖြည့်တာတွေ ရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

အာရက္ခပြည်၊ သံတွဲမြို့နယ်၊ ငပလီမြို့ကို စစ်တပ်က လေယာဉ်အုပ်စုနဲ့ ဗုံးကြဲတိုက်ခိုက်မှုအတွင်း နေအိမ်အဆောက်အအုံ ၂၀ခန့်ပျက်စီးပြီး ဒေသခံပြည်သူ ၂ဦး ထိခိုက်ခဲ့တယ်လို့ အာရက္ခတပ်တော်(AA)က ထုတ်ပြန်ပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ်က ရခိုင်ပြည်နယ်က ရှေးဟောင်းမြို့တော်ဖြစ်တဲ့ မြောက်ဦးမြို့အနီးဝန်းကျင်နေရာတွေကို ဂျက်ဖိုက်တာ ၆စီး၊ ထောက်ပို့လေယာဉ် Y12တို့နဲ့ အုပ်စုလိုက် ဒီ​နေ့ညမှာဗုံးကြဲနေပြီးအလုံးရေဆယ်ချီရှိနေပြီဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

သံတွဲမှာ ၁၁ ရက်အတွင်းစစ်တပ်ဗုံးကြဲလို့ ၇ ဦးသေပြီး ၃၆ ဦး ဒဏ်ရာရ