Connect with us

Hi, what are you looking for?

သတင်း

အညာမြေတပ်ပေါင်းစုထံ ပခုက္ကူခရိုင်က တော်လှန်ရေးတပ်ဖွဲ့ ၂ဖွဲ့ ထပ်မံပေါင်းစည်း

အညာမြေတပ်ပေါင်းစုထံ ပခုက္ကူခရိုင်မှာ အခြေစိုက်တဲ့ GOD OF MYAING တပ်ဖွဲ့နဲ့ EAGLE FIGHTERတပ်ဖွဲ့တို့က ဒီကနေ့ (ဒီဇင်ဘာ၂ရက်)မှာ ထပ်မံပေါင်းစည်းလိုက်တယ်လို့ သတင်းရပါတယ်။

အညာမြေတပ်ပေါင်းစုထံ ပခုက္ကူခရိုင်မှာ အခြေစိုက်တဲ့ GOD OF MYAING တပ်ဖွဲ့နဲ့ EAGLE FIGHTERတပ်ဖွဲ့တို့ ပေါင်းစည်းအပြီး တွေ့ရစဉ်။ ဓာတ်ပုံ - အညာမြေတပ်ပေါင်းစု

ဒီဇင်ဘာ-၂၊၂၀၂၅။မိုမို၊ ဟန်နာဆန် / People’s Spring

အညာမြေတပ်ပေါင်းစုထံ ပခုက္ကူခရိုင်မှာ အခြေစိုက်တဲ့ GOD OF MYAING တပ်ဖွဲ့နဲ့ EAGLE FIGHTERတပ်ဖွဲ့တို့က ဒီကနေ့ (ဒီဇင်ဘာ၂ရက်)မှာ ထပ်မံပေါင်းစည်းလိုက်တယ်လို့ သတင်းရပါတယ်။

ပခုက္ကူခရိုင်းအတွင်းက ပခုက္ကူနယ်၊မြိုင်နယ်၊ပေါက်နယ်၊ဆိပ်ဖြူနယ်နဲ့ ပုလဲနယ်ဘက်တွေမှာ စစ်ရေးဖော်ဆောင်နေတဲ့ အညာမြေတပ်ပေါင်းစုကို မနှစ်က ဇွန်လမှာ M.U.G.D.F၊ဇာမဏီပြောက်ကြားတပ်ဖွဲ့၊JAMESBOND၊TSDNGF နဲ့ ဒို့ညီနောင်ပြောက်ကြားတပ်ဖွဲ့ ငါးဖွဲ့ တို့ပေါင်းပြီး တပ်ပေါင်းစုအဖြစ် ဖွဲ့ခဲ့ကြတာဖြစ်ပါတယ်။

” ကျွန်တော်တို့ ဒီတော်လှန်ရေးမှာ ဒီ‌လိုပေါင်းစည်းပြီး အပြန်အလှန်ထိန်းကျောင်းရင်း ဖက်ဒရယ်ကို အရောက်သွားနိုင်ဖို့ ခုလိုပေါင်းစည်းကြတာပါ”လို့ အညာမြေတပ်ပေါင်းစုရဲ့ ပြောရေးဆိုခွင့်ရှိသူ ကိုဘိုဘိုသန့်ဇင်က လူထုနွေဦးကို ပြောပါတယ်။

Public Service Announcement

Public Service Announcement

အညာမြေတပ်ပေါင်းစုထံ ပခုက္ကူခရိုင်မှာ အခြေစိုက်တဲ့ GOD OF MYAING တပ်ဖွဲ့နဲ့ EAGLE FIGHTERတပ်ဖွဲ့တို့ ပေါင်းစည်းအပြီး တွေ့ရစဉ်။ ဓာတ်ပုံ – အညာမြေတပ်ပေါင်းစု

ပေါင်းစည်းရတဲ့ အကြောင်းအရင်းတွေထဲမှာ ပိုမိုထိရောက်တဲ့ တိုက်ပွဲတွေဖော်ဆောင်ဖို့ ရန်သူကို ညီညွတ်စွာတုန့်ပြန်န်ိုင်ဖို့ ၊တော်လှန်ရေးအဖွဲ့အချင်းချင်းကြား ပိုပြီးညီညွတ်ဖို့ နဲ့ သဘောထားကွဲလွဲမှုတွေမရှိဖို့လို့ သူက ရှင်းပြပါတယ်။

အညာမြေတပ်ပေါင်းစုမှာ အရင်ရှိတဲ့ငါးဖွဲ့နဲ့ ထပ်မံဝင်ရောက်လာတဲ့ GOD OF MYAINGတပ်ဖွဲ့နဲ့ EAGLE FIGHTER တပ်ဖွဲ့တို့ဟာ ဒီကနေ့မှာ တရားဝင် ပူးပေါင်းမှုအတွက် လက်မှတ်ရေးထိုးခဲ့ပါတယ်။

လက်မှတ်ရေးထိုးတဲ့ အချက်ခြောက်ချက်ပါတဲ့ ကြေညာချက်အရ အာဏာရှင်ကျဆုံးတဲ့နေ့ရက်အထိ ကြေညာချက်က အတည်ဖြစ်ပြီး စစ်ရေးအရှိန်များကို အရင်ကထက်ပို မြှင့်တင်ဆောင်ရွက်မယ်လို့ အသိပေးပါတယ်။

ရဲဘော်တွေ၊ တပ်ဖွဲ့ဝင်တွေရဲ့ စောင့်သိရမယ့် သစ္စာအဓိဌာန်တွေ နဲ့အတူ မဟာမိတ်အချင်းချင်းကြား စောင့်သိလိုက်နာ မျှဝေရမယ်ဘ ချစ်ကြည်မှုတွေလည်း ​ကြေညာချက်မှာ ပါရှိပါတယ်။

တပ်ဖွဲ့ဝင်တွေအားလုံးက ဖက်ဒရယ်အတွက် ဦးလည်မသုန်တာဝန်ထမ်းရွက်ရမှာဖြစ်ပြီး ဖက်ဒရယ်အတွက်တိုက်ပွဲဝင်နေတဲ့ ဘယ်အဖွဲ့အစည်းနဲ့မဆို ခိုင်မာတဲ့ ဆက်ဆံရေးကိုတည်ဆောက်ပြီးအာဏာရှင်အား တွန်းလှန်ကြမယ်လို့ အညာမြေတပ်ပေါင်းစုက ကြေညာပါတယ်။

အညာမြေတပ်ပေါင်းစုရဲ့ စစ်ရေးတာဝန်ခံမှာ ကိုဘုတ်ကြီးနဲ့ မြေပြင်တာဝန်ခံမှာ ကိုဘဦးက ဖြစ်ပြီး Drone Teamကိုဆရာကျောင်းနဲ့ ကိုအီးဂဲလ်တို့က တာဝန်ယူမယ်လို့ သိရပါတယ်။

ဒါ့အပြင် ကိုသစ္စာက ဘဏ္ဍာရေးတာဝန်ခံ၊ကိုမင်းသူက လက်နက်ခဲယမ်းထိန်းသိမ်းရေး တာဝန်ခံ နဲ့ ကိုဘိုဘိုသန့်ဇင်သတင်းနဲ့ ပြန်ကြားရေး တာဝန်ခံအဖြစ်ဖွဲ့စည်းထားပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာ ၂၉ ရက်ကလည်း မြင်းခြံခရိုင်အတွင်းက တော်လှန်ရေးအဖွဲ့ ၇ ဖွဲ့ပေါင်းပြီး အထူးလှုပ်ရှားစစ်ကြောင်း ဖွဲ့စည်းလိုက်ပါသေးတယ်။

ဆက်စပ်သတင်းများ

သတင်း

ရှမ်းပြည်တောင်ပိုင်းနဲ့ ကရင်နီပြည်ဒေသအစပ် မိုးဗြဲဒေသမှာ တော်လှန်ရေးတပ်ဖွဲ့အချင်းချင်းပစ်ခတ်မှုဖြစ်ပွားခဲ့တဲ့ဖြစ်စဥ်ကို စုံစမ်းစစ် ဆေးရေးအဖွဲ့ ဖွဲ့စည်းလိုက်တယ်လို့ ကရင်နီပြည်ကြားကာလအုပ်ချုပ်ရေးကောင်စီ(IEC) ကာကွယ်ရေးဝန်ကြီးဌာနနဲ့ ကရင်နီတပ်ပေါင်းစုံစစ်ဦးစီးအဖွဲ့က မေလ ၁ရက်မှာ ပူးတွဲထုတ်ပြန်ပါတယ်။

သတင်း

တနင်္သာရီတိုင်း တနင်္သာရီမြို့နယ် မောတောင်မြို့သိမ်း စစ်ဆင်ရေးမှာ တာဝန်ထမ်းဆောင်ပြီး ပြန်လာတဲ့ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA)ရဲ့ မဟာမိတ် ဗထူးတပ်ဖွဲ့ရဲ့ ရဲဘော်တွေကို ဗိုလ်စောအယ်ခွီး (ခ) ကော်လားဖိုး ဦးဆောင်တဲ့ KTLA တပ်ဖွဲက ခြုံခိုတိုက်ခိုက်ခဲ့လို ရဲဘော် ၄ဦး ကျဆုံးကာ ၁ဦးပျောက်ဆုံး၊ ၃ဦး ဒဏ်ရာရခဲ့ကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU)က...

သတင်း

စစ်ကိုင်းတိုင်း၊ဖောင်းပြင်မြို့နယ်မှာ တော်လှန်ရေးတပ်ဖွဲ့တွေနဲ့ အနီးကပ်စစ်ဆိုင်ထားတဲ့ စစ်တပ်က တပ်ကြပ်တစ်ဦး လက်နက်ယူပြီး အလင်းဝင်လာတယ်လို့ မော်လိုက်ခရိုင်အမှတ်(၃)တပ်ရင်းတာဝန်ရှိသူက ပြောပါတယ်။

သတင်း

လေယာဉ်ဗုံးတွေထုတ်လုပ်နေတဲ့ အမှတ်(၂၁) ကာကွယ်ရေးပစ္စည်းစက်ရုံ(ကပစ-၂၁)အပါအဝင်ပခုက္ကူခရိုင်ထဲမှာရှိတဲ့ ကပစ စက်ရုံ၃ ရုံကိုပို့နေတဲ့ လျှပ်စစ်ဓာတ်အားလိုင်းတွေကို တော်လှန်ရေးတပ်တွေက ဖျက်ဆီးပြီး လျှပ်စစ်ဓာတ်အား ဖြတ်တောက်လိုက်ပါတယ်။