Connect with us

Hi, what are you looking for?

သတင်း

တားမြစ်ဆေးဝါးတစ်မျိုးပါတဲ့ vapeရှိ​နေတာကြောင့် စင်ကာပူကနေ နှင်ထုတ်ခံရမယ့် အသက် ၁၅ နှစ်အရွယ် မြန်မာမိန်းကလေး

အသက်၁၅ နှစ်အရွယ်မြန်မာမိန်းကလေးတစ်ဦးဟာ တားမြစ်မူးယစ်ဆေးတစ်မျိုးပါဝင်တဲ့အီလက်ထရောနစ် စီးကရက်(vape) ပိုင်ဆိုင်မှုကြောင့် စင်ကာပူကနေ နှင်ထုတ်တာ ခံခဲ့ရပါတယ်။

ဒီဇင်ဘာ-၉၊၂၀၂၅။People’s Spring

အသက်၁၅ နှစ်အရွယ်မြန်မာမိန်းကလေးတစ်ဦးဟာ တားမြစ်မူးယစ်ဆေးတစ်မျိုးပါဝင်တဲ့အီလက်ထရောနစ် စီးကရက်(vape) ပိုင်ဆိုင်မှုကြောင့် စင်ကာပူကနေ နှင်ထုတ်တာ ခံခဲ့ရပါတယ်။

ဒါဟာ စင်ကာပူမှာ ကာလရှည်ကြာ နေထိုင်ခွင့် ပြုထားတဲ့ ဗီဇာသတ်မှတ်ချက်ကို အဲဒီလို ပြစ်မှုမျိုးအတွက် ရုပ်သိမ်းတဲ့ ပထမဆုံး ဖြစ်စဉ်လို့လည်း သိရပါတယ်။

နိုဝင်ဘာ ၁၄ ရက်နေ့တုန်းက ရဲတွေရဲ့ရှောင်တခင်စစ်ဆေးမှုအတွင်း အဲဒီမိန်းကလေးဆီကနေအက်တိုမီဒိတ်ပါဝင်တဲ့ vapeကို သိမ်းဆည်းရမိခဲ့ပါတယ်။ စင်ကာပူမှာတော့ အဲဒီ ကိရိယာကို Kpodလို့လည်း ခေါ်လေ့ရှိပါတယ်။

Public Service Announcement

Public Service Announcement

ဒီဇင်ဘာ ၈ ရက်နေ့မှာတော့ အဲဒီမိန်းကလေးကို နယ်နှင်ဒဏ်ပေးပြီး အရေးယူမယ်လို့ ပြည်ထဲရေး ဝန်ကြီးဌာနနဲ့ ကျန်းမာရေးသိပ္ပံ ဦးစီးဌာနတို့က ပူးတွဲကြေညာချက်နဲ့ အတည်ပြုခဲ့ပါတယ်။

ဒါပေမဲ့ တခြား စွပ်စွဲချက်ကို ဖြေရှင်းဖို့အတွက် စင်ကာပူမှာအထူးခွင့်ပြုချက်နဲ့ ခဏတာ ဆက်လက် နေထိုင်ဖို့ကိုတော့ ခွင့်ပြုထားပါတယ်။အဲဒီနောက်ပိုင်းကျရင်တော့ မိန်းကလေးဟာ နှင်ထုတ်ခံရပြီးစင်ကာပူကိုနောက်တစ်ကြိမ် ဝင်ရောက်ခွင့် ပိတ်ပင်ခံရမယ်လို့လည်းသိရပါတယ်။

စင်ကာပူမှာ စက်တင်ဘာ ၁ ရက်နေ့ကစလို့ vapeတွေနဲ့ ပတ်သက်လို့ ပိုပြီးတင်းကျပ်တဲ့ စည်းမျဉ်း ဥပဒေတွေကို ပြဋ္ဌာန်းခဲ့ပါတယ်။စည်းမျဉ်းအသစ်တွေအရ Kpodတွေ ပိုင်ဆိုင်တဲ့၊ အသုံးပြုတဲ့ နိုင်ငံခြားသားတွေ၊ဒါမှမဟုတ်အက်တိုမီဒိတ်သုံးစွဲထားကြောင်းဆေးစစ်တွေ့ရှိတဲ့ နိုင်ငံခြားသားတွေဟာ စင်ကာပူမှာနေထိုင်ခွင့်ဗီဇာရုပ်သိမ်းတာ၊နှင်ထုတ်ခံရတာ၊ စင်ကာပူ ပြည်ဝင်ခွင့် ပိတ်ပင်ခံရတာတွေ ကြုံရမယ်လို့ ပြဋ္ဌာန်းထားပါတယ်။

သီးခြား အမှုတစ်ခုမှာတော့ နိုဝင်ဘာ ၂၇ ရက်နေ့တုန်းကအသက် ၁၆ နှစ်အရွယ်စင်ကာပူ နိုင်ငံသား လူငယ်တစ်ဦးဟာအက်တိုမီဒိတ်သုံးစွဲမှုနဲ့ဆေးဖြတ်စခန်းကို ၂ လကြာ သွားရောက်နေထိုင်ဖို့ ပို့ဆောင် ခံခဲ့ရပါတယ်။ သူဟာ ပုံမှန် vapeထဲမှာ တားမြစ် မူးယစ်ဆေးဝါးထည့်ပြီး အသုံးပြုနေကြောင်း စက်တင်ဘာ ၄ ရက်နေ့မှာ စစ်ဆေး တွေ့ရှိပြီး ထိန်းသိမ်း ခံခဲ့ရပါတယ်။ဒါဟာတင်းကြပ်လိုက်တဲ့ စည်းမျဉ်းတွေနဲ့ ပတ်သက်လို့ စင်ကာပူ နိုင်ငံသားတစ်ဦး ပထမဆုံ အရေးယူ ခံရခြင်း အထနေနဲ့လည်း မှတ်တမ်းဝင်ခဲ့ပါတယ်။

အဲဒီလူငယ်ဟာ ဆေးဖြတ်စခန်းက ပြန်ထွက်လာရင်တောင်ပုံမှန်ဆေးစစ်တာတွေနဲ့ စောင့်ကြည့်ခံရတာတွေကို နောက်ထပ်၁၂လကြာဖြတ်သန်းရမယ်လို့ သိရပါတယ်။

ကိုးကား: CNA

ဆက်စပ်သတင်းများ

သတင်း

ရန်ကုန်မြို့လယ်ခေါင်ကျောက်တံတားမြို့နယ် ပန်းဆိုးတန်းနဲ့ မဟာဗန္ဓုလလမ်းထောင့်မှာ ဒီကနေ့ (စက်တင်ဘာ ၁၉)ညမှာအမျိုးသားတစ်ဦး မူးယစ်ဆေးသုံးစွဲပြီး ကားကိုမောင်းနှင်တာမှာ လမ်း​ပေါ်ရှိတဲ့ ကား​တွေကို လိုက်လံတိုက်ခိုက်မှု ဖြစ်ပွားခဲ့တယ်လို့ဒေသခံပြည်သူတွေက ပြောပါတယ်။

သတင်း

အမေရိကန် သမ္မတရဲ့ ညွှန်ကြားချက်အရ မြန်မာ အပါအဝင်နိုင်ငံ​ပေါင်း ၂၃ ခုကို ၂၀၂၇ ဘဏ္ဍာရေးနှစ်အတွက် တရားမဝင် မူးယစ်ဆေးဝါးထုတ်လုပ်ရာ၊ ဖြတ်သန်းသယ်ယူ ပို့ဆောင်ရာနိုင်ငံတွေအဖြစ်သတ်မှတ်ကြောင်းအမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာနကစက်တင်ဘာ ၁၅ ရက်မှာထုတ်ပြန်ခဲ့ပါတယ်။

နိုင်ငံတကာ

အပြည်ပြည်ဆိုင်ရာ ရာဇဝတ်ခုံရုံး (ICC)မှာ တရားစွဲဆို ခံထားရသူ ဖိလစ်ပိုင် သမ္မတဟောင်း ရိုဒရီဂို ဒူတာတေးဟာ စက်တင်ဘာ ၁၆ ရက်နေ့တုန်းက ICCရဲ့ ကနဦးအဆင့် ကြားနာမှု အစီအစဉ်ကို လူကိုယ်တိုင် တက်ရောက်ခဲ့ပါတယ်။

ဆောင်းပါး

အမေရိကန် သမ္မတ ဒေါ်နယ်ထရန့်က မြန်မာနိုင်ငံကို ကမ္ဘာ့တရားမဝင် မူးယစ်ဆေးဝါး အဓိက ထုတ်လုပ်ရာနှင့် သယ်ယူဖြန့်ဖြူးရာ နိုင်ငံတစ်ခုအဖြစ် သတ်မှတ်လိုက်ကြောင်း အိမ်ဖြူတော်ကကြေညာချက်ထုတ်ပြန်လိုက်ပါတယ်။

Facebook