Connect with us

Hi, what are you looking for?

သတင်း

ရေစကြိုမှာ စစ်တပ်က ပါရာမော်တာနဲ့ဗုံးကြဲလို့ သုံးရက်အတွင်း ပြည်သူ ၃ဦးသေဆုံး

မကွေးတိုင်း၊ ရေစကြိုမြို့နယ်မှာ စစ်တပ်က ပါရာမော်တာ စက်တပ်လေထီးနဲ့ ဗုံးကြဲတိုက်ခိုက်လို့ သုံးရက်အတွင်း ပြည်သူ ၃ဦး သေဆုံးခဲ့ကြောင်း သတင်းရရှိပါတယ်။

၂၀၂၅ သြဂုတ် ၃၁ရက်က ရေစကြိုမြို့နယ်၊ ငတရော်ရွာကို စစ်တပ်က လေကြောင်းတိုက်ခိုက်ခဲ့လို့ ပြည်သူ ၅ဦးသေဆုံးခဲ့တဲ့အပြင် ပျက်စီးခဲ့သော နေအိမ်များအား တွေ့ရစဥ်။ ဓာတ်ပုံ-Info Committee Yesagyo

ဒီဇင်ဘာ-၁၄၊၂၀၂၅ ဟာနာဆန်/People’s Spring

မကွေးတိုင်း၊ ရေစကြိုမြို့နယ်မှာ စစ်တပ်က ပါရာမော်တာ စက်တပ်လေထီးနဲ့ ဗုံးကြဲတိုက်ခိုက်လို့ သုံးရက်အတွင်း ပြည်သူ ၃ဦး သေဆုံးခဲ့ကြောင်း သတင်းရရှိပါတယ်။

ပြီးခဲ့တဲ့ ဒီဇင်ဘာ ၁၂ ရက် ည ၈ နာရီ ၄၆မိနစ်ခန့်က ရေစကြိုမြို့နယ်၊ ဟင်္သာကျေးရွာကို ပခုက္ကူမြို့တပ်မ(၁၀၁) ကနေ တက်လာတဲ့ ပါရာမော်တာ စက်တပ်လေထီး ၂စီးနဲ့ ဗုံးနှစ်ကြိမ်ချတိုက်ခိုက်ခဲ့ကြောင်း ရေစကြိုသတင်းအချက်အလက်ကော်မတီက ပြောပါတယ်။

အဲဒီတိုက်ခိုက်မှုကြောင့် ဟင်္သာကျေးရွာနေ (၄၈)နှစ်အရွယ် ဦးဖိုးကျော်၊ (၃၀)အရွယ် ကိုချစ်ကို တို့နှစ်ဦး သေဆုံးခဲ့ပြီး (၅၅)နှစ်အရွယ် အမျိုးသားတစ်ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း ရေစကြိုသတင်းအချက်အလက်ကော်မတီရဲ့တာဝန်ရှိသူက ပြောပါတယ်။

Public Service Announcement

Public Service Announcement

အလားတူ ဒီကနေ့ ဒီဇင်ဘာ ၁၄ ရက် မနက်ပိုင်းကလည်း ရေစကြိုမြို့နယ်က သမန္တပို့ရွာတောင်ပိုင်းကို စက်တပ်လေထီးနဲ့ ဗုံးသီးကြဲချတိုက်ခိုက်ခဲ့လို့ (၄၀)ဝန်းကျင် အမျိုးသမီးတစ်ဦး သေဆုံးခဲ့ကြောင်း ရေစကြိုသတင်းအချက်အလက်ကော်မတီရဲ့တာဝန်ရှိသူက ပြောပါတယ်။

“ ပါရာမော်တာ နှစ်စီးနဲ့ လေကြောင်းတိုက်ခိုက်သွားတာ” လို့ ရေစကြိုပကဖအဖွဲ့ရဲ့ တာဝန်ရှိသူက ပြောပါတယ်။

စစ်တပ်ဟာ တိုက်ပွဲ ဖြစ်ပွားတာမရှိဘဲ လေကြောင်းတိုက်ခိုက်ခဲ့တာဖြစ်ပြီး စက်တပ်လေထီးတွေနဲ့
ဗုံးသီးချတိုက်ခိုက်လို့ ပြည်သူတွေ နေ့စဉ်စိုးရိမ်ထိတ်လန့်နေရကြောင်း ရေစကြိုသတင်းအချက်အလက်ကော်မတီက အသိပေးထားပါတယ်။

အာဏာသိမ်းစစ်ကောင်စီတပ်ဟာ ၎င်းတို့လုပ်မယ့်ရွေးကောက်ပွဲနီးကပ်လာချိန် စစ်ကိုင်း၊ မကွေး၊ မန္တလေးအပါအဝင် တော်လှန်ရေးအားကောင်းတဲ့ ဒေသတွေကို လေကြောင်းကနေ ‌ဗုံးကြဲတိုက်ခိုက်တာ ပြင်းပြင်းထန်ထန်လုပ်နေပါတယ်။

ဆက်စပ်သတင်းများ