Connect with us

Hi, what are you looking for?

သတင်း

ယင်းမာပင်မှာ စစ်တပ်ကလေကြောင်းကနေ ဗုံးကြဲလို့ ဒေသခံပြည်သူ ၇ဦး သေဆုံး

စစ်ကိုင်းတိုင်းယင်းမာပင် နဲ့ ကနီမြို့ကိုအာဏာသိမ်းစစ်တပ်က လေကြောင်းကနေ ဒီဇင်ဘာ ၁၅ ရက်မှာ ဗုံးကြဲခဲ့တာ​ကြောင့်ဒေသခံ ပြည်သူ ၇ဦးသေဆုံးခဲ့တယ်လို့ ​ဒေသခံ​တွေက​ပြောပါတယ်။

ကနီမြို့နယ်ချင်းတွင်းမြစ်ကမ်းကိုစစ်တပ်က ဒီဇင်ဘာ ၄ရက်မှာလေကြောင်းက​နေဗုံးကြဲတာ​ကြောင့်မော်တော်တစ်စီးမီး​လောင်စဥ်။ ဓာတ်ပုံ-Screen Grab

ဒီဇင်ဘာ-၁၆၊၂၀၂၅။မိထက်/People’s Spring

စစ်ကိုင်းတိုင်းယင်းမာပင် နဲ့ ကနီမြို့ကိုအာဏာသိမ်းစစ်တပ်က လေကြောင်းကနေ ဒီဇင်ဘာ ၁၅ ရက်မှာ ဗုံးကြဲခဲ့တာ​ကြောင့်ဒေသခံ ပြည်သူ ၇ဦးသေဆုံးခဲ့တယ်လို့ ​ဒေသခံ​တွေက​ပြောပါတယ်။

ဒီဇင်ဘာလ၁၅ရက်က ကနီ နဲ့ ယင်းမာပင်မြို့နယ်ထဲကို ဂျက်ဖိုက်တာ နဲ့ ပါရာမော်တာ​တွေအသုံးပြုပြီး စစ်တပ်က ဗုံးကြဲခဲ့တာဖြစ်ပါတယ်။

” ယင်းမာပင်ထဲကိုချတာမှာ ပထမကြားတာက ၅ ဦးသေဆုံးတယ်။ အခု အတည်ပြုနိုင်တာက ၇ဦးဖြစ်သွားပါတယ်။ထီးချိုင့်အထိကို ပျံပြီးကာမှ အပြန်မှာကြဲတာ”လို့ ဒေသခံတဦးကပြောပါတယ်။

Public Service Announcement

Public Service Announcement

သေဆုံးသူ ၇ဦးစလုံး အရပ်သားတွေဖြစ်တယ်လို့လည်း ဒေသခံ​တွေကပြောပါတယ်။

ယင်းမာပင်ခရိုင်ထဲမှာ ယင်းမာပင်၊ ကနီ၊ ပုလဲနဲ့ ဆားလင်းကြီးမြို့နယ်တွေရှိပါတယ်။ စစ်တပ်က ကနီ၊ပုလဲနဲ့ ဆားလင်းကြီးမြို့နယ်ကို မြေပြင်ကနေလည်း စစ်ကြောင်းထိုးနေတာဖြစ်ပါတယ်။

” လေကြောင်းကနေ အများဆုံးလာပစ်နေတာက ကနီဖြစ်ပါတယ်။မြေပြင်စစ်ကြောင်းတွေကတော့ ကနီရော၊ပုလဲရော၊ဆားလင်းကြီးမှာပါရှိနေတယ်။ မြေပြင်စစ်ကြောင်းတွေရဲ့ရန်ကို ဒေသခံတွေရှောင်နေရတယ်” လို့ ဒေသတွင်းက ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဝင်တစ်ဦးကပြောပါတယ်။

စစ်တပ်ကအခု​လပိုင်းအတွင်း ကနီမြို့နယ်ကို ပစ်မှတ်ထားပြီး လေကြောင်းကနေမကြာခဏတိုက်ခိုက်နေပါတယ်။ ဒီဇင်ဘာလ၄ရက်နေ့က ကနီမြို့နယ်၊ချင်းတွင်းမြစ်ကြောင်းထဲကိုလေကြောင်းကနေလေးကြိမ်ဗုံးကြဲလို့ အရပ်သားနှစ်ဦးသေဆုံးပြီး စက်လှေအချို့လည်းနစ်မြုပ်ပျက်စီးခဲ့ပါတယ်။နိုဝင်ဘာ ၁၁ရက်က ကနီမြို့နယ်၊ ဝင်မနားရွာ တိုက်နယ်ဆေးရုံကို စက်တပ်လေထီးနဲ့ဗုံးကြဲခဲ့လို့ ဒေသခံတွေနဲ့ ကျန်းမာရေး ဝန်ထမ်းအချို့အပါအဝင် ခုနစ်ဦးသေဆုံးခဲ့ပါတယ်။

ကနီမြို့နယ်ကို ဒီဇင်ဘာ ၁၅ ရက်က လေကြောင်းကနေဗုံးကြဲတဲ့ဖြစ်စဉ်မှာတော့ အရပ်သားတွေထိခိုက်မှုမရှိပေမယ့် နေအိမ်တွေပျက်စီးခဲ့တယ်လို့​သိရတယ်။

“ယင်းမာပင်က ဗုံးကြဲလေ့သိပ်မရှိတော့ ဒေသခံတွေက အလစ်အငိုက်ခံလိုက်ရတဲ့အနေအထားဖြစ်တယ်။ ကနီကိုတော့ နေ့တိုင်းလာပြီးကြဲနေတယ်” လို့ ဒေသခံတစ်ဦးကပြောပါတယ်။

စစ်ကောင်စီရဲ့လေကြောင်းတိုက်ခိုက်မှုပုံစံလည်းပြောင်းလဲနေတယ်လို့ဒေသခံတွေကပြောပါတယ်။

ယင်းမာပင်နဲ့ ကနီမြို့ကို အခုဗုံးကြဲတဲ့ဖြစ်စဥ်မှာ ဆိုရင်လေကြောင်းကနေဗုံးကြဲတဲ့ ဂျက်ဖိုင်တာတွေဟာ ထီးချိုင့်၊ ကလေးမြို့နဲ့‌ ယောဒေသအထိ ပျံပြီးမှ ပြန်လှည့်လာပြီးမှတိုက်ခိုက်တာလို့ လေကြောင်းအန္တရာယ်ကိုစောင့်ကြည့်နေတဲ့ဒေသခံတွေကပြောပါတယ်။

ကနီ၊ပုလဲနဲ့ ဆားလင်းကြီးမြို့နယ်ကို စစ်တပ်စစ်ကြောင်းနဲ့ရောက်ရှိနေတာက ၃လနီးပါးရှိနေပြီဖြစ်ပါတယ်။ နေရပ်စွန့်ခွာနေရတဲ့ ဒေသခံတွေဟာ စားသောက်ကုန်၊ ဆေးဝါးနဲ့ အဝတ်အထည်တွေ အကူအညီလိုအပ်နေတယ်လို့ ယင်းမာပင်ခရိုင်ကပအဖတာဝန်ရှိသူတစ်ဦးကပြောပါတယ်။ အဲဒီသုံးမြို့နယ်မှာ စစ်ဘေးရှောင်ပြည်သူ နှစ်သောင်းကျော်ရှိနေပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ရှမ်းပြည်နယ်မြောက်ပိုင်းက မိုးကြီးပြီး ရေဘေးကြုံတွေ့နေတဲ့ မဘိမ်းမြို့ကို စစ်တပ်က လေကြောင်း ကနေ ဗုံးကြဲနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

ကရင်ပြည်နယ်၊ဖာပွန်ခရိုင်ကိုသြဂုတ်လ ၅ ရက်ညပိုင်းမှာအာဏာသိမ်းစစ်တပ်ရဲ့လေတပ်ကဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့်အမျိုးသမီးတစ်ဦးသေဆုံးပြီးလေးဦးထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ကရင်လူ့အခွင့်အရေးအဖွဲ့(KHRG)က သတင်းထုတ်ပြန်ပါတယ်။

သတင်း

မန္တလေးမြို့၊ အမရပူရမြို့နယ်မှာ ပိုးထည်ဆိုင်ဖွင့်ပွဲပြီး ဇာတ်မင်းသား စမ်းရေမိုးတက်မယ်ဆိုပြီး စစ်ကိုင်း-မန္တလေးလမ်းကို စစ်တပ်က နာရီပိုင်းကြာအောင် ပိတ်ထားလိုက်တာကြောင့် ခရီးသွားပြည်သူတွေ ဒုက္ခရောက်ခဲ့ကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

ပြည်သူတွေ ရေဘေးသင့်နေချိန်မှာ စစ်တပ်က လေကြောင်းတိုက်ခိုက်ခဲ့တာကြောင့် စစ်ကိုင်းတိုင်း၊ဝက်လက်မြို့နယ် အရှေ့ခြမ်း ကမ်းဖြူကျေးရွာက နေအိမ် ၁၀လုံး ထက်မနည်းပျက်စီးခဲ့ပြီး နွား၁၅ ကောင်ခန့် သေဆုံးခဲ့တယ်လို့ ‌ ဒေသခံတွေက ပြောပါတယ်။