Connect with us

Hi, what are you looking for?

သတင်း

ရန်ကုန်-ပြည်လမ်းပေါ်မှာ စစ်တပ်ယာဉ်တန်းကို PDFတိုက်ခိုက်၊ ဒုရဲအုပ်အပါအ၀င်၆ဦးသေဆုံး

ပဲခူးတိုင်း၊အုတ်ဖိုမြို့နယ်ကရန်ကုန်-ပြည်လမ်းပေါ်မှာစစ်တပ်ယာဉ်တန်းကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေကတိုက်ခိုက်ခဲ့ပြီး ဒုရဲအုပ်တဦး အပါအ၀င် ၆ဦးသေဆုံးခဲ့တယ်လို့ သတင်းထုတ်ပြန်ပါတယ်။

စစ်သားနဲ့ ရဲ​တွေထံက သိမ်းဆည်းရရှိတဲ့လက်နက်ခဲယမ်း​တွေ။ဓါတ်ပုံ-သာယာ၀တီခရိုင်တပ်ရင်း(၃၈၀၂ )တပ်ခွဲ(၄)

ဒီဇင်ဘာ-၂၁၊၂၀၂၅။အိမ်သွင်/People’s Spring

ပဲခူးတိုင်း၊အုတ်ဖိုမြို့နယ်ကရန်ကုန်-ပြည်လမ်းပေါ်မှာစစ်တပ်ယာဉ်တန်းကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေကတိုက်ခိုက်ခဲ့ပြီး ဒုရဲအုပ်တဦး အပါအ၀င် ၆ဦးသေဆုံးခဲ့တယ်လို့ သတင်းထုတ်ပြန်ပါတယ်။

အုတ်ဖိုမြို့နယ်၊လွှစဥ်ရွာဘုန်းကြီးကျောင်းထဲမှာ တပ်စွဲထားတဲ့ စစ်သားနဲ့ရဲတပ်ဖွဲ့ဝင်တွေက ဒီဇင်ဘာလ ၁၉ရက်နေ့ညမှာ ဆိုင်ကယ်၅စီးနဲ့ ပြင်ပကိုထွက်ခွာလာစဉ် ဖြတ်တောက်တိုက်ခိုက်ခဲ့တာလို့ သာယာ၀တီခရိုင်တပ်ရင်း(၃၈၀၂ )တပ်ခွဲ(၄)၊မြေအောက်ပြောက်ကျား တပ်ဖွဲ့က သတင်းထုတ်ပြန်ပါတယ်။

အဲဒီတိုက်ခိုက်မှုမှာဒုရဲအုပ်၁ဦးအပါအ၀င် ၆ဦးသေဆုံးပြီး လက်နက်ခဲယမ်းတွေသိမ်းဆည်းနိုင်ခဲ့တယ်လို့သာယာ၀တီခရိုင်တပ်ရင်း(၃၈၀၂ )၊တပ်ခွဲ(၄)ကသတင်းထုတ်ပြန်ပါတယ်။

Public Service Announcement

Public Service Announcement

“ရန်ကုန်-ပြည်လမ်းမှာဒီအခရီးသွားကားတွေများနေတယ်။တိုက်ခိုက်တဲ့အချိန်ကတော့ လူသွားလူလာနည်းတဲ့အချိန်ဖြစ်ပါတယ်။ ကျနော်တို့က စစ်ရေးအခြေအနေကို ဘာမှကြိုမသိရပေမယ့် အခုရက်ထဲမှာ ခရီးအသွားအလာ သတိပြုဖို့လိုမယ်ထင်တယ်။ရန်ကုန်-ပြည်လမ်းတလျှောက်မှာလည်း တိုက်ပွဲမကြာခဏဖြစ်တယ်” လို့ အုတ်ဖိုမြို့ဒေသခံတဦးကပြောပါတယ်။

တိုက်ခိုက်ခဲ့တဲ့ စစ်အုပ်စုဟာ ဒေသခံတွေကို ပေါ်တာဆွဲဖို့အတွက်ထွက်လာတာဖြစ်ပြီး ရန်ကုန်-ပြည်လမ်းပေါ်မှာ အပြန်အလှန် ပစ်ခတ်ချိန် ၅မိနစ်ခန့်ကြာမြင့်ခဲ့တယ်လို့သာယာ၀တီခရိုင်တပ်ရင်း(၃၈၀၂ )တပ်ခွဲ(၄)က သတင်းထုတ်ပြန်ထားပါတယ်။

G3သေနတ် ၂လက်၊ G3ကျည် ၂၅တောင့်၊ ကျည်ဘောက် ၂ခု၊ဓားမြှောင်၁ချောင်း၊ ဖျူ့စ် ၁ချောင်း၊မိုလ်ဘိုင်းဖုန်း ၁လုံးတို့လည်း သိမ်းဆည်းနိုင်ခဲ့တယ်လို့အသိပေးထားပါတယ်။

သာယာတတီခရိုင်ထဲမှာဒီဇင်ဘာလ(၁၆)ရက်ကလည်း တိုက်ပွဲအပြင်းထန်ဖြစ်ခဲ့ပြီး စစ်သားအများအပြားသေဆုံးခဲ့ပါတယ်။

လက်ပံတန်းမြို့နယ်၊ ဆင်တလင်းကျေးရွာမှာ အင်အား၃၀ခန့်နဲ့တပ်စွဲထားတဲ့စစ်သားနဲ့ရဲတပ်ဖွဲ့ပါဝင်တဲ့စစ်ကြောင်းကို ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တွေကတိုက်ခိုက်ခဲ့ကြတာဖြစ်ပါတယ်။ အဲဒီတိုက်ပွဲမှာ စစ်ကောင်စီနဲ့ရဲတပ်ဖွဲ့ဝင် ၁၉ဦးသေဆုံးပြီး ၇ဦးဒဏ်ရာရရှိခဲ့တယ်လို့သာယာဝတီခရိုင်တပ်ရင်း – (၃)Myanmar Defense Forceက သတင်းထုတ်ပြန်ခဲ့ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းမြို့နယ်မှာ စစ်တပ် ယာဉ်တန်းကို မိုင်းဆွဲတိုက်ခိုက်ရာ စစ်တပ်က ရမ်းသမ်းပစ်ခတ်မှုကြောင့် မြေပဲနှုတ်နေတဲ့ တောင်သူ ၁ ဦး သေဆုံးခဲ့ပါတယ်။

သတင်း

စစ်ကိုင်းမြို့နယ်မှာ စစ်တပ်ယာဥ်တန်းကို ကင်းစောင့်ပေးနေတဲ့ ရဲတွေ မိုင်းဆွဲတိုက်ခိုက်ခံခဲ့ရပါတယ်။

သတင်း

မကွေး-နတ်မောက်လမ်းပိုင်းမှာ စစ်တပ်ယာဥ်တန်းကို ကြားဖြတ်တိုက်ခိုက်ခဲ့ရာ ထိခိုက်သေဆုံးမှုတွေရှိတယ်လို့ မကွေးခရိုင်စစ်ဌာန သရက်ခရိုင် အမှတ် (၃)ငါးပြေမတပ်ရင်းက ဒီကနေ့ ထုတ်ပြန်ပါတယ်။

သတင်း

ကချင်ပြည်နယ်၊ မြစ်ကြီးနား-တနိုင်းသွား လီဒိုလမ်းမပေါ်မှာ စစ်တပ်ယာဉ်တန်းကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA)က ကြားဖြတ်တိုက်ခိုက်ခဲ့ရာ ထိခိုက်မှုရှိခဲ့တယ်လို့ ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

Facebook