Connect with us

Hi, what are you looking for?

သတင်း

ရွှေဘိုမှာ စစ်တပ်က လူငယ်အများအပြားပေါ်တာဆွဲဖမ်းဆီးပြီး လေ့ကျင့်ရေးတပ်ပို့

စစ်ကိုင်းတိုင်း၊ရွှေဘိုမြို့မှာ စစ်ကောင်စီတပ်က လူငယ်အများအပြားကို ပေါ်တာဆွဲဖမ်းဆီးပြီး အမှတ်(၈)လေ့ကျင့်ရေးတပ် ပို့ဆောင်လိုက်တယ်လို့ အဖမ်းခံရသူတွေရဲ့ မိသားစုဝင်တွေက ပြောပါတယ်။

ဒီဇင်ဘာ-၂၄၊၂၀၂၅။အလင်္ကာ/People’s Spring

စစ်ကိုင်းတိုင်း၊ရွှေဘိုမြို့မှာ စစ်ကောင်စီတပ်က လူငယ်အများအပြားကို ပေါ်တာဆွဲဖမ်းဆီးပြီး အမှတ်(၈)လေ့ကျင့်ရေးတပ် ပို့ဆောင်လိုက်တယ်လို့ အဖမ်းခံရသူတွေရဲ့ မိသားစုဝင်တွေက ပြောပါတယ်။

ဒီဇင်ဘာ ၁၀ ရက်မှာ စစ်ကောင်စီတပ်လှည့်ကင်းက ရွှေဘိုမြို့ ဘူတာရပ်ကွက်က အသက်(၃၀) အရွယ် ကိုကျော်ဇေယျအပါဝင် ထမင်းဆိုင်မှာရှိနေတဲ့ လူငယ် ၅ ဦးအပြင် ဘူတာရပ်ကွက်၊ပြည်တော်သာရပ်ကွက်၊ချီပါစုရပ်ကွက်နဲ့ အောင်ချမ်းသာရပ်ကွက်က လူငယ်တွေကို ဖမ်းဆီးခေါ်ဆောင်ပြီး အမှတ် (၈)လေ့ကျင့်ရေးတပ် ပို့ဆောင်လိုက်တယ်လို့ သိရပါတယ်။

” ဖမ်းတာမဟုက်ဘူး။ စစ်မှုထမ်းဖို့ခေါ်တာ ပြန်ခေါ်လို့မရဘူး။ ငွေနဲ့ ညှိလည်းရမှာမဟုက်ဘူး။ ငွေပေးတဲ့သူကိုပါ စစ်မှုထမ်းဥပဒေနဲ့ဖမ်းမှာလို့ပြောတယ်။ တွေ့ခွင့်ကလည်း ကြာကြာမပေးဘူး။ အမေစိတ်မပူနဲ့လို့ပြောပြီးပြန်ခေါ်သွားတာ။ အခုချိန်ထိ ဘာအဆက်သွယ်မှမရတော့ဘူး”လို့ ပေါ်တာဆွဲဖမ်းဆီးခံရသူ ကိုကျော်ဇေယျရဲ့ မိတ်ဆွေတစ်ဦးက ပြောပါတယ်။

Public Service Announcement

Public Service Announcement

ရွှေဘိုမြို့နယ်၊ ဆိပ်ခွန်ကျေးရွာရှိ စစ်ကောင်စီတပ် အထိုင်စခန်းက ရဲနဲ့ စစ်သားတွေက ကွင်းလမ်းမှ ကွင်းမောင်းလာတဲ့ ကုန်ကားတစ်စီးကို တားဆီးစစ်ဆေးပြီး ကားပေါ်ပါ အမျိုးသား ၂ ဦးကို စစ်မှုထမ်းဖို့ ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ သိရပါတယ်။

ဒီဇင်ဘာ ၂၀ ရက် ညနေ ၃ နာရီခန့်မှာ ရွှေဘိုမြို့ဘက်က မောင်းလာတဲ့ကုန်ကားကို ဆိပ်ခွန်ရွာအနီးမှာ တားဆီးခဲ့တာလို့ ဆိုပါတယ်။

“ကွင်းလမ်းကိုသူတို့က အရင်ရောက်တာ ခနနေမှကားရောက်လာတာ။ စစ်သား၃ယောက်က ကင်းပုန်းဝတ်နေပြီး ၃ယောက်က ကားပေါ်က လူ၂ယောက်ကိုဆွဲချဖမ်းဆီးပြီးကားကို လွတ်ပေးလိုက်တယ်။ အဖမ်းခံရတဲ့၂ယောက်ဘယ်ကဘယ်သူတွေလည်ဆိုတာကိုမသိဘူး။ ပြန်လွတ်ပေးတယ်လို့တော့ မကြားမိဘူးလို့”လို့ ဖြစ်စဉ်ကိုသိသူ ဒေသခံတစ်ဦးက ပြောပါတယ်။

စစ်ကောင်စီတပ်ဟာ အခု ဒီဇင်ဘာထဲမှာ ရွှေဘိုမြို့နယ်က လူငယ်အများအပြားကို အရင်ကထက်ဖမ်းဆီးပေါ်တာဆွဲ ခေါ်ဆောင်နေတာလို့ ဆိုပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ရန်ကုန်မြို့ရဲ့ မြို့နယ်တွေမှာ စက်တင်ဘာ ၂ပတ်အတွင်း မတရားဖမ်းဆီးပေါ်တာဆွဲခံရသူ ၉၀ ကျော် ရှိတယ်လို့ မြေပြင်ကင်းထောက်အဖွဲ့တွေနဲ့ ဒေသခံတွေက ပြောပါတယ်။

ဆောင်းပါး

စာဖတ်သူများ မင်္ဂလာပါ။ ဒီကနေ့ဟာ (၁၄) ကြိမ်မြောက် မြန်မာနိုင်ငံရဲ့လူကုန်ကူးမှု တိုက်ဖျက်ရေးနေ့ပါတဲ့။ ဒီကနေ့မှာ လူကုန်ကူးမှု တားဆီးကာကွယ်ရေးဗဟိုအဖွဲ့ဥက္ကဋ္ဌနေရာကို ရယူထားတဲ့အာဏာသိမ်းစစ်တပ်ရဲ့ ပြည်ထဲရေးဝန်ကြီးဌာနက ဒုတိယဗိုလ်ချုပ်ကြီးညွန်ဝင်းဆွေဆိုသူက သဝဏ်လွှာပေးပို့ခဲ့ပါတယ်။

သတင်း

မကွေးတိုင်း၊ ရေစကြိုမြို့နယ်မှာ အာဏာသိမ်းစစ်တပ်က ဆယ်ဘီးကား ၂ စီးနဲ့ လူငယ်တွေကို ပေါ်တာဆွဲသွားကြောင်း ရေစကြိုသတင်းအချက်အလက်ကော်မတီရဲ့ တာဝန်ရှိသူက ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်းဒေသအတွင်း တနေရာမှာ အမျိုးသမီးမဟာမိတ် အင်အားစု (WAB) စုဖွဲ့မှု (၅)နှစ်ပြည့် အထိမ်းအမှတ်အဖြစ် ဂျန်ဒါအသိပညာပေးမှုဆိုင်ရာ ဆွေးနွေးပွဲကို ဒီကနေ့ (စက်တင်ဘာ ၁၀) ပြုလုပ်ခဲ့ပါတယ်။