Connect with us

Hi, what are you looking for?

သတင်း

ရေတာရှည်တိုက်ပွဲမှာ သေဆုံးခဲ့တဲ့ စစ်တပ်ရုပ်အလောင်းတချို့ စစ်တောင်းမြစ်အတွင်း မျောနေ

ပဲခူးတိုင်း၊ရေတာရှည်မြို့နယ်တိုက်ပွဲမှာ သေဆုံးခဲ့တဲ့ စစ်ကောင်စီတပ်သား ရုပ်အလောင်းတချို့ စစ်တောင်းမြစ်အတွင်း မျောနေတယ်လို့ ဒေသတွင်းစစ်ရေးသတင်းရင်းမြစ်အချို့က ပြောပါတယ်။

ရေတာရှည်တိုက်ပွဲမှာ သေဆုံးခဲ့တဲ့ စစ်ကောင်စီတပ်သား ရုပ်အလောင်းကို စစ်တောင်းမြစ်အတွင်း တွေ့ရစဥ်။ဓာတ်ပုံ -စစ်တောင်းမြို့ပြ ပြောက်ကျားအဖွဲ့

ဒီဇင်ဘာ-၂၆၊၂၀၂၅။ဇော်ဝင်း/People’s Spring

ပဲခူးတိုင်း၊ရေတာရှည်မြို့နယ်တိုက်ပွဲမှာ သေဆုံးခဲ့တဲ့ စစ်ကောင်စီတပ်သား ရုပ်အလောင်းတချို့ စစ်တောင်းမြစ်အတွင်း မျောနေတယ်လို့ ဒေသတွင်းစစ်ရေးသတင်းရင်းမြစ်အချို့က ပြောပါတယ်။

အခု ဒီဇင်ဘာ ၂၃ရက်က ရေတာရှည်မြို့နယ် စစ်တောင်းမြစ်အရှေ့ဘက်နဲ့ အနောက်ဘက်ခြမ်းက စစ်ကောင်စီတပ် အထိုင်စခန်းတွေနဲ့ မဲရုံနေရာတွေကို နေပြည်တော် PDFတပ်ရင်းတွေက တိုက်ခိုက်ရှင်းလင်းခဲ့တာဖြစ်ပါတယ်။

“မနေ့က မနက်ပိုင်းတွေ့တာဗျ။ဒီကောင်တွေ မမြုပ်ပေးပဲ မြစ်ထဲပစ်ချလိုက်တာ”လို့နေပြည်တော်တိုင်းစစ်ဌာန တာဝန်ရှိသူက စစ်ကောင်စီတပ်သား ရုပ်အလောင်းတွေ့ရှိတာနဲ့ပတ်သက်ပြီး ပြောပါတယ်။

Public Service Announcement

Public Service Announcement

စစ်ကောင်စီတပ်အထိုင်စခန်းချပြီးမဲရုံတည်ဆောက်ထားတဲ့ ဆွာမကြီး ကျေးရွာနဲ့ အဲဒီရွာကိုအကာ အကွယ် ပေးထားတဲ့ ရွာသစ်ကျေးရွာ အထိုင်စခန်းတွေနဲ့ မဲရုံကို ရှင်းလင်းတိုက်ခိုက်မှုမှာ စစ်တပ်က သေဆုံးသူ ၁၀ ဦးရှိတယ်လို့ နေပြည်တော် PDF က ဒီဇင်ဘာ ၂၅ရက်မှာ အသိပေးထားပါတယ်။

“ဆွာမကြီးက စစ်တောင်းမြစ်ကမ်းဘေးနဖူးတင်ထားတဲ့ရွာပါ။အခုတော့ စခတွေ ပြန်ဝင်နေပြီ။ရွာခံတချို့ ဖမ်းဆီးခံထားရတယ်”လို့ ရေတာရှည်မြို့ခံသတင်းရင်းမြစ်က ပြောပါတယ်။

တိုက်ခိုက်ခံရပြီးနောက် ရေတာရှည်မြို့နယ် စစ်တောင်းမြစ်အရှေ့ဘက်ကမ်းက တစ်ခုတည်းရှိတဲ့ ဆွာမကြီးကျေးရွာမဲရုံကို စစ်တောင်းအနောက်ဘက်ကမ်းရွှေ့ခဲ့တယ်လို့ သိရပါတယ်။

“မြစ်(စစ်တောင်းမြစ်)အနောက်ကမ်း ငါးကြီးကွေ့ကျေးရွာဘက်ကိုပြောင်းထားတယ်”လို့နေပြည်တော်တိုင်းစစ်ဌာန တာဝန်ရှိသူကပြောပါတယ်။

စစ်ကောင်စီရဲ့ရွေးကောက်ပွဲ တားဆီးနိုင်ဖို့အတွက် ရွေးကောက်ပွဲကျင်းပနိုင်တဲ့နေရာ အားလုံးကို ဖြစ်နိုင်တဲ့နည်းလမ်းတွေအားလုံးနဲ့ ဟန့်တားသွားမယ်လို့ နေပြည်တော် PDFက ဆိုပါတယ်။

ပြည်သူတွေအနေနဲ့လည်း စစ်ကောင်စီရဲ့ ရွေးကောက်ပွဲ မဲမထည့်ပဲ ဆန့်ကျင်တားဆီးပေးကြဖို့ တိုက်တွန်းထားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ကချင်ပြည်နယ်၊ ဗန်းမော်နဲ့ ရွှေကူမြို့နယ်က တိုက်ပွဲတွေမှာ ဒဏ်ရာအပြင်းအထန်ရတဲ့ စစ်သားတွေကို မြစ်ကြီးနာမြို့က မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်(မပခ)အပြင် ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့က အရှေ့မြောက်တိုင်းစစ်ဌာနချုပ်(ရမခ)ကိုပါ လေကြောင်းကနေပို့ပြီး ဆေးကုသနေတယ်လို့ သတင်းရရှိပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ်ဟာ စစ်သားတွေရဲ့ အသက်ကိုစတေးပြီး အသေခံ စစ်ဗျူဟာ အသုံးပြုနေတာဖြစ်လို့ အသုံးချခံနေရတဲ့ စစ်သည်တွေအနေနဲ့ ကိုယ့်ဘ၀ ကိုယ်ကယ်ဆယ်ကြဖို့ လိုအပ်ကြောင်း ပြည်သူ့ပန်းတိုင်က တိုက်တွန်းလိုက်ပါတယ်။

သတင်း

စစ်တပ်အာဏာသိမ်းလိုက်ခြင်းကြောင့် စစ်သားတွေ ပိုပင်ပန်းတော့မယ် ပိုအလုပ်ရှုပ်တော့မယ်ဆိုတာ ခံစားခဲ့ရကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) ရဲ့ စစ်သုံ့ပန်းဖြစ်နေတဲ့ ဗိုလ်မှူး အောင်ဖြိုးဝေက ပြောပါတယ်။

သတင်း

ရန်ကုန်မြို့လယ်က ကန်တော်ကြီးအတွင်းမှာ အမျိုးသား ၁ဦး ရုပ်အလောင်းတွေ့ရှိတယ်လို့ မင်္ဂလာတောင်ညွန့်မြို့နယ်လူမှုကူညီရေးအသင်းတာ၀န်ရှိသူတချို့က ပြောပါတယ်။