Connect with us

Hi, what are you looking for?

သတင်း

ဂန့်ဂေါမြို့နယ်က စစ်ကောင်စီတပ်စခန်းတွေနဲ့ ပျူစောထီးရွာတွေကို PDFထိုးစစ်ဆင်နေ

မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်မှာ စစ်ကောင်စီတပ်စခန်းတွေနဲ့ ပျူစောထီးကျေးရွာတွေကို ထိုးစစ်ဆင်နေပြီး ကျေးရွာတစ်ရွာသိမ်းထားပြီလို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ဂန့်ဂေါခရိုင်စစ်ဌာန က ဒီကနေ့ (ဒီဇင်ဘာ၂၉ရက်) ထုတ်ပြန်ပါတယ်။

ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ဂန့်ဂေါခရိုင်စစ်ဌာနက ရဲဘော်တွေကို တွေ့ရစဉ်။ ဓာတ်ပုံ - ဂန့်ဂေါခရိုင်စစ်ဌာန

ဒီဇင်ဘာ-၂၉ ၊၂၀၂၅။ဇော်ဝင်း/People’s Spring

မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်မှာ စစ်ကောင်စီတပ်စခန်းတွေနဲ့ ပျူစောထီးကျေးရွာတွေကို ထိုးစစ်ဆင်နေပြီး ကျေးရွာတစ်ရွာသိမ်းထားပြီလို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ဂန့်ဂေါခရိုင်စစ်ဌာန က ဒီကနေ့ (ဒီဇင်ဘာ၂၉ရက်) ထုတ်ပြန်ပါတယ်။

Yawland Opreation စစ်ဆင်ရေးအဖြစ် ဒီဇင်ဘာ ၂၇ ရက် မနက် ၅နာရီကစပြီး တိုက်ခိုက်နေတာလို့ ဆိုပါတယ်။

လက်ရှိ တိုက်ပွဲတွေအတွင်းမှာ စစ်ကောင်စီတပ်က လေကြောင်းကနေ အကြိမ်ကြိမ်လာရောက် ပစ်ခတ်ခဲ့ပြီး စစ်တပ်လက်အောက်ခဲ ပျူစောထီးကျေးရွာ တစ်ရွာကို သိမ်းပိုက်ထားတယ်လို့ အသိပေးပါတယ်။

Public Service Announcement

Public Service Announcement

“ဒေသတွင်း တော်လှန်ရေးအင်အားစုတွေ ၊ မဟာ မိတ်အဖွဲ့အစည်းတွေနဲ့လက်တွဲပြီး စစ်ဆင်ရေးဖော်ဆောင်နေတယ်။စစ်ရေးအသေးစိတ်ကိုတော့ ပြောလို့မရသေးဘူး”လို့ ဂန့်ဂေါခရိုင်စစ်ဌာန တာဝန်ရှိသူက စစ်ဆင်ရေးအခြေအနေကို ရှင်းပြပါတယ်။

တော်လှန်ရေးတပ်ဖွဲ့တွေဟာ ဂန့်ဂေါမြို့နယ်မြောက်ပိုင်းက ပျူစောထီးကျေးရွာတွေနဲ့ စစ်တပ်စခန်းတွေကို ထိုးစစ်ဆင်နေတာလို့ ဒေသတွင်းစစ်ရေးသတင်း ရင်းမြစ်တွေက အသိပေးပါတယ်။

“ဝင်ဝနဲ့ အရှေ့လယ်ကြီးက စစ်အုပ်စုနေရာတွေ ရတယ်သိရတယ်။ပြီးတော့ ပျူတွေကို လက်ရဖမ်းမိထားတယ်ကြားတယ်။မြစ်သာမြစ် အရှေ့ဘက်က ရွာတွေ။အနောက်ဘက်မှာလည်း ဟံသာဝတီလို ပျူ နဲ့ စစ်တပ်အထိုင်ချထားတဲ့ရွာတွေရှိသေးတယ်”လို့ ဂန့်ဂေါမြို့နယ်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

လတ်တလောစစ်ရေးအခြေအနေကြောင့် ပြည်သူတွေအနေနဲ့ လေကြောင်းနဲ့ လက်နက်ကြီးအန္တရာယ်တွေကို အထူးသတိပြုဖို့လည်း ဂန့်ဂေါခရိုင်စစ်ဌာနက တိုက်တွန်းပါတယ်။

ဒါ့အပြင် စစ်ဆင်ရေးရည်မှန်းချက် ပြီးမြောက်တဲ့အချိန်ရောက်မှ အသေးစိတ်အချက်အလက်တွေကို ထုတ်ပြန်မယ်လို့ ဆိုပါတယ်။

မကွေးတိုင်းထဲက ဆိပ်ဖြူ၊ ချောက်၊ စလေ၊ စလင်း၊ ဆင်ဖြူကျွန်း နဲ့ ပွင့်ဖြူ မြို့တွေမှာလည်း စစ်တပ်စခန်းတွေကို ဒီဇင်ဘာနောက်ဆုံးပတ်ကစလို့ ကာကွယ်ရေးတပ်ပေါင်းစုတွေက ထိုးစစ်ဆင်နေပါတယ်။

တော်လှန်ရေးတပ်ဖွဲ့တွေဟာ လက်တလောမှာ နေရာအနှံ့က စစ်ကောင်စီရဲ့ တပ်စခန်းတွေကို ထိုးစစ်ဆင်တိုက်ခိုက်နေပါတယ်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးမြို့ပေါ်မှာ သောင်းကျန်းနေတဲ့ ပျူစောထီးတပည့်တွေကို သူ့နာမည်မသုံးဖို့ ပျူစောထီးခေါင်းဆောင် ပေါက်ကိုယ်တော်က တားမြစ်လိုက်ပါတယ်။

သတင်း

မကွေးတိုင်း၊ နတ်မောက်မြို့နယ်မှာ သားအဖ ၂ဦး ဖမ်းဆီးပြီး မီးရှို့သတ်ဖြတ်မှုမှာပါ၀င်ခဲ့တဲ့ ပျူစောထီးကို ဖမ်းမိတယ်လို့ နတ်မောက် ပကဖက ဒီကနေ့ ထုတ်ပြန်ပါတယ်။

သတင်း

မန္တလေးမြို့မှာ ပျူစောထီးတွေက ပြည်သူ့စစ်နာမည်တပ်ကာ မြို့ပေါ်မှာသောင်းကြမ်းနေတယ်လို့ ဝေဖန်ခံရပြီးနောက် အချင်းချင်းစိစစ် အရေးယူမယ်လို့ ရဲမွန်တောင်ပြည်သူ့စစ်ခေါင်းဆောင်က ပြောလိုက်ပါတယ်။

သတင်း

မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ်၊ ဟေမမာလာတောင်ရပ်ကွက်မှာ စစ်မှုထမ်းမဲနှိုက်ရာမှာ ရပ်ကွက်အုပ်ကြီးအပါအဝင် အာဏာပိုင်တွေနဲ့ မြို့မျက်နှာဖုံး ငွေကြေးချမ်းသာသူတွေရဲ့ သားသမီးတွေ ကင်းလွတ်ခွင့်ရနေကြောင်း အမျိုးသမီးပျူစောထီးတစ်ဦးဖြစ်သူ ရွှေမူမူအောင်က ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။