ဒီဇင်ဘာ-၂၉၊၂၀၂၅ ၊ မိုမို/People’s Spring
စစ်တပ်လုပ်တဲ့ ရွေးကောက်ပွဲမှာပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီက အစစအရာရာအသာစီးရထားတာမို့ မနိုင်ရင်ကိုယ့်ကိုကိုယ်သတ်သေကြလို့ပြည်ထောင်စုငြိမ်းချမ်းရေးနဲ့ညီညွတ်ရေးပါတီရဲ့ ဒုဥက္ကဌ ညီညီလွင် ကသူရဲ့လူမှုကွန်ယက်ကတဆင့် ဒီကနေ့ ရေးသားထားပါတယ်။
ပြည်ထောင် စုငြိမ်းချမ်းရေးနှင့်ညီညွတ်ရေးပါတီ (UPUP) အနေနဲ့ ၂၀၂၆ ဇန်နဝါရီ ၂၅ ရက်မှာလုပ်မယ့် ရွေးကောက်ပွဲအပိုင်း(၃)ကို သဲကုန်းမြို့နယ်က နေ ပါတီဥက္ကဌ ဒေါ်စောယုမာနဲ့အတူ ဝင်ပြိုင်မှာဖြစ်ပြီး ဒါကြောင့် မဲဆွယ်စည်းရုံးရေးဒီနေ့ပြန်စပြီအားပေးကြဖို့ သူက ဆိုပါတယ်။
အဲဒီပိုစ့် အောက် မှာ ကြံ့ခိုင်ရေးပါတီ ထောက်ခံသူတစ်ဦးက “မြန်မာနိုင်ငံရွေးကောက်ပွဲသမိုင်းတစ်လျှောက် တပ်မတော်က အစအဆုံးတာဝန်ယူကျင်းပတဲ့ ၂၀၂၅ ရွေးကောက်ပွဲမှာ မြန်မာ့တပ် မတော်ပါတီ USDP ပါတီ(ကြံ့ခိုင်ရေးပါတီ)က ပြိုင် ဘက်ပါတီတွေနဲ့ အကြိတ်အနယ်အသည်းအသန်ကြိုးစားရင်း ထိုက်ထိုက်တန်တန်အနိုင်ရသွားပါတယ်” လို့ မှတ်ချက်ပေးခဲ့ပါတယ်။

Public Service Announcement
မှတ်ချက်နဲ့ပတ်သက်လို့ “ရီစရာတွေ ကိုပေါတောတောနဲ့ လာပို့နေပြန်ပြီ” “ရှိသမျှ အစစအရာရာအကုန် အသာစီးရထားတာမှ မနိုင်ရင် ကိုယ့်ကိုကိုယ်သတ်သာသေကြတော့”လို့ UPUP ဒုဥက္ကဌ ဦးညီညီလွင်က တုံ့ပြန်ရေးသားခဲ့တာပါ။
ဒါ့အပြင် ဒီဇင်ဘာ ၂၈ ရက်လုပ်တဲ့ ရွေးကောက်ပွဲ အပိုင်း ၁ မှာ ကြိုတင်မဲတွေ နဲ့ ကြံ့ခိုင်ရေးပါတီက အနိုင်ရခဲ့တယ်လို့ ပြိုင်ဘက်ပါတီအချို့က ပြောနေကြပါတယ်။
ကြိုတင်မဲတွေ အပြင် မဲစာရင်းတွေမှာ သေဆုံးပြီးသူတွေရဲ့အမည်စာရင်းတွေပါနေတဲ့အဖြစ်အပျက်တွေ အများအပြားရှိနေတယ်လို့ ရန်ကုန် နဲ့ မန္တလေး ဒေသခံတွေဆီက သိရပါတယ်။မတ္တရာမြို့နယ်မှာတော့ စစ်ကောင်စီ ဝန်ထမ်းတွေရဲ့ သေဆုံးပြီး မိသားစုဝင်တွေကိုပါ ကြိုတင်မဲစာရင်းမှာထည့်ပြီး ကြံ့ဖွံ့ပါတီကိုမဲပေးခိုင်းနေပါတယ်။
မဲပေးဖို့ စစ်တပ်ရဲ့ ခြိမ်းခြောက်မှုတွေ ရှိပေမယ့် ရန်ကုန် နဲ့ မန္တလေး လို မြို့ကြီးတွေ အပါအဝင် မြို့နယ်တွေမှာ မနေ့က ရွေး ကောက်ပွဲကို မဲမပေးခဲ့တဲ့ ဒေသခံပြည်သူများစွာရှိခဲ့ပါတယ်။ စစ်တပ်ဝါဒဖြန့်လူမှုကွန်ယက်တွေက မဲပေးနှုန်းများတယ်၊ကြံ့ဖွံ့အပြတ်အသတ်အနိုင်ရတယ်လို့ဝါဒဖြန့်နေကြပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၀ ရွေးကောက်ပွဲက မဲစာရင်း မှားယွင်းတယ်လို့ စွပ်စွဲပြီး ရွေးကောက်ခံအရပ်သားအစိုးရကို စစ်တပ်ကလက်နက်အားကိုနဲ့ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်နေ့မှာ စစ်တပ်က အာဏာသိမ်းခဲ့တာဖြစ်ပါတယ်။
ရွေးကောက်ပွဲနိုင်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီကို ဖျက်သိမ်းတာအပြင် ပါတီဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် ပါတီ တာဝန်ရှိသူတွေအပြင် ပါတီဝင်တွေကို နှစ်ရှည်ထောင်ချတာ နဲ့ သတ်ဖြတ်မှုတွေကို စစ်တပ်က လုပ်ခဲ့ပါတယ်။


















































