Connect with us

Hi, what are you looking for?

သတင်း

စစ်တပ်ရွေးကောက်ပွဲ ဆန့်ကျင်ကန့်ကွက်ကြောင်း တနင်္သာရီနဲ့ စစ်ကိုင်းတိုင်းက ပြည်သူတွေ ချီတက်ဆန္ဒပြ

တနင်္သာရီတိုင်းနဲ့ စစ်တိုင်းတိုင်းအတွင်းက သပိတ်အဖွဲ့တွေ၊ ဒေသခံပြည်သူတွေဟာ စစ်တပ်ရဲ့ ရွေးကောက်ပွဲကို ဆန့်ကျင်ကန့်ကွက်ကြောင်း ဆန္ဒပြသပိတ်လှုပ်ရှားမှုတွေ ဒီကနေ့ (ဇန်နဝါရီ ၂)မှာ အသီးသီး ပြုလုပ်ခဲ့ပါတယ်။

ရုပ်သံ - ရွာပေါင်းစုံသပိတ်၊ GSCB၊ ဂန့်ဂေါခရိုင် လူထုသပိတ်

ဇန်နဝါရီ-၂၊၂၀၂၆။ သုည/People’s Spring

တနင်္သာရီတိုင်းနဲ့ စစ်တိုင်းတိုင်းအတွင်းက သပိတ်အဖွဲ့တွေ၊ ဒေသခံပြည်သူတွေဟာ စစ်တပ်ရဲ့ ရွေးကောက်ပွဲကို ဆန့်ကျင်ကန့်ကွက်ကြောင်း ဆန္ဒပြသပိတ်လှုပ်ရှားမှုတွေ ဒီကနေ့ (ဇန်နဝါရီ ၂)မှာ အသီးသီး ပြုလုပ်ခဲ့ပါတယ်။

တနင်္သာရီတိုင်း ကေအဲန်ယူ-မြိတ်ထား၀ယ်ခရိုင် လယ်မူလားမြို့နယ်အတွင်းရှိ ဒေသခံပြည်သူတွေက စစ်တပ်ရဲ့ ရွေးကောက်ပွဲ ဆန့်ကျင်ကန့်ကွက်ကြောင်း ချီတက်ဆန္ဒထုတ်ဖော်ခဲ့ပါတယ်။

စစ်ကိုင်းတိုင်း ကသာခရိုင်မှာလည်း လူထုအောင်လံ သပိတ်စစ်ကြောင်းက ဦးဆောင်ပြီး အင်းတော်နယ်၊ ထီးချိုင့်နယ်မှ ပြည်သူတွေ ပူးပေါင်းကာ စစ်ကောင်စီရဲ့ ရွေးကောက်ပွဲကို ဆန့်ကျင်သပိတ်မှောက်ကြောင်း ဆန္ဒပြခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

ဆန္ဒပြသူတွေဟာ “စစ် သုံး စစ် တိုက်ဖျက်ရေး” ၊ “ဖက်ဆစ်ရွေးကောက် ခွေးထွက်ပေါက် မဲမပေးနဲ့ သပိတ်မှောက်” ၊ “သေနတ်အောက်မှာမဲမပေးနဲ့ ပြည်သူတွေ” စတဲ့ စာသားတွေ ကိုင်ဆောင်ပြီး စစ်တပ်ရွေးကောက်ပွဲကို ကန့်ကွက်ကြောင်း ကြွေးကြော်ဆန္ဒပြခဲ့ပါတယ်။

ဒါ့အပြင် “စစ်အာဏာရှင်ကိုတော်လှန်နေတဲ့ မဟာမိတ်တပ်ပေါင်းစုတွေ တိုက်ပွဲတိုင်းအောင်ပါစေ” ၊ “ပြည်သူ့ အရေးတော်ပုံ မုချအောင်ရမည်” ၊ “အမေစုနှင့် နိုင်ကျဥ်း/အားလုံးလွှတ်ပေးရေး” စတဲ့ ကြွေးကြော်သံတွေနဲ့လည်း တောင်းဆိုဆန္ဒပြခဲ့ပါတယ်။

အလားတူ ယင်းမာပင်မြို့နယ်မြောက်ခြမ်းမှာလည်း နောက်ပြန်မလှည့်ကြေးဒီတော်လှန်ရေးသပိတ်စစ်ကြောင်းမှ “သင့်မဲဖြင့် တရားဝင် လူသတ်ခွင့်မပေးနဲ့” ၊ “ဖက်ဆစ်ရွေးကောက် ခွေးထွက်ပေါက် မဲမပေးနဲ့သပိတ်မှောက်” စာသားတွေ ကိုင်ဆောင်ကာ ဆန္ဒထုတ်ဖော်ပြသခဲ့ပါတယ်။

ဆက်စပ်သတင်းများ