Connect with us

Hi, what are you looking for?

သတင်း

ညောင်ပင်ရွာကိုစစ်တပ်ဗုံးကြဲလို့ ဒဏ်ရာရ ကလေးတစ်ဦး ထပ်မံသေဆုံး

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ ညောင်ပင်ရွာ လေကြောင်းတိုက်ခိုက်မှုကြောင့် ထိခိုက်ဒဏ်ရာရတဲ့သူတွေအနက် ကလေးတစ်ဦး ထပ်မံသေဆုံးခဲ့ပြီး သေဆုံးသူ၂ဦးရှိလာတယ်လို့ဒေသခံ​တွေကပြောပါတယ်။

ဇန်နဝါရီ ၄၊ ၂၀၂၆ ​ဇေအောင်/People’s Spring

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ ညောင်ပင်ရွာ လေကြောင်းတိုက်ခိုက်မှုကြောင့် ထိခိုက်ဒဏ်ရာရတဲ့သူတွေအနက် ကလေးတစ်ဦး ထပ်မံသေဆုံးခဲ့ပြီး သေဆုံးသူ၂ဦးရှိလာတယ်လို့ဒေသခံ​တွေကပြောပါတယ်။

ဇန်နဝါရီ ၂ ရက် ညနေ ၄ နာရီခန့်က မုံရွာမြို့နယ် အရှေ့တောင်ခြမ်းမှာရှိတဲ့ ညောင်ပင်ကျေးရွာက ရေတွင်းမှာ ပြည်သူတွေရေချိုးနေချိန် အနောက်မြောက်တိုင်းစစ်ဌာနချုပ်(နမခ)ကနေ ဂျိုင်ရိုကော်ပတာ ၂ စီးနဲ့ ဗုံးကြဲသွားခဲ့ပါတယ်။

အဲဒီလေကြောင်းတိုက်ခိုက်မှုကြောင့် ညောင်ပင်ရွာက အသက် ၁၀ နှစ်အရွယ် မောင်ကျော်မင်းထက်ဆိုသူ ကလေးတစ်ဦး ပွဲချင်းပြီး သေဆုံးပြီး ၇ ဦးထက်မနည်း ထိခိုက်ဒဏ်ရာ ရရှိခဲ့ပါတယ်။ ဒဏ်ရာရသူတွေထဲက အသက် ၁၁ နှစ်အရွယ်ကလေးငယ် မသွန်းမီမီဇော်ဆိုသူမှာ ဒဏ်ရာပြင်းထန်တာကြောင့် ထပ်မံသေဆုံးခဲ့ကြောင်း ဒေသခံများက ပြောပါတယ်။

Public Service Announcement

Public Service Announcement

“နောက်စေ့ အစမှန်တဲ့ ကောင်မလေးတစ်ယောက် အဲ့နေ့ညကဆုံးသွားတာ”လို့ဒေသခံတစ်ဦးက ပြောပါတယ်။

စစ်တပ်ဟာ ရေတွင်းအနီးက စာသင်ကျောင်းကိုချတာဖြစ်ပြီး ကျောင်းပေါ်မကျဘဲ ရေချိုးနေတဲ့ပြည်သူတွေ ထိခိုက်ခဲ့တာဖြစ်ကြောင်း ဒေသခံတွေက ပြောပါတယ်။

ကျန်တဲ့ထိခိုက်ဒဏ်ရာရသူတွေလည်းပေါင် ၊ ‌ကျော၊ လက်တို့မှာ ဒဏ်ရာရထားပြီး ဆေးကုသနေရကြောင်း စုံစမ်းသိရှိရပါတယ်။

စစ်တပ်ဟာ ၎င်းတို့လုပ်မယ့်ရွေးကောက်ပွဲလုပ်မယ့် ဒီဇင်ဘာလအတွင်းမှာ ပြည်သူတွေကို လေကြောင်းတိုက်ခိုက်မှုတွေ ဆက်တိုက်ပြုလုပ်နေပြီး ဒီဇင်ဘာလတစ်လတည်း စစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် ပြည်သူ ၁၅၀ ကျော် သေဆုံးခဲ့ပြီး အနည်းဆုံး ၁၈ဝ ကျော် ထိခိုက်ဒဏ်ရာရခဲ့ပါတယ်။

မုံရွာနမခက ဂျိုင်ရိုကော်ပတာတွေဟာ စစ်ကိုင်းတိုင်းတင်မကဘဲ မကွေးတိုင်းထဲကနယ်တွေအထိ ပြည်သူတွေကို ဗုံးကြဲတိုက်ခိုက်နေကြောင်း ဒေသခံတွေဆီက သိရပါတယ်။

ဆက်စပ်သတင်းများ