Connect with us

Hi, what are you looking for?

သတင်း

ဝန်းသိုမြို့ကစစ်စခန်း​တွေကိုတိုက်ခိုက်မှာဖြစ်လို့ မြို့ခံတွေတိမ်း​ရှောင်​​ပေးဖို့ PDFသတိပေး

ဝန်းသိုမြို့က စစ်တပ်စခန်းတွေကိုတိုက်ခိုက်မှာမို့လို့ မြို့ခံတွေ တိမ်းရှောင်ပေးဖို့ ပြည်သူ့ကာကွယ်ရေးတပ်တွေက သတိပေးလိုက်ပါတယ်။

ကောလင်းနဲ့ဝန်းသိုကြားကသစ်ဖုလစခန်းသိမ်းတိုက်ပွဲမှာ ဝန်းသိုကစစ်ကူလာတဲ့စစ်သား​တွေကို PDF ​တွေက ဖြတ်​တောက်တိုက်ခိုက်ပြီး စစ်သု့ပန်း​တွေကိုဖမ်းဆီးထားစဥ်။ဓါတ်ပုံ-CJ

ဇန်နဝါရီ-၆၊၂၀၂၆။အိမ်သွင်/People’s Spring

ဝန်းသိုမြို့က စစ်တပ်စခန်းတွေကိုတိုက်ခိုက်မှာမို့လို့ မြို့ခံတွေ တိမ်းရှောင်ပေးဖို့ ပြည်သူ့ကာကွယ်ရေးတပ်တွေက သတိပေးလိုက်ပါတယ်။

ကောလင်းမြို့သိမ်းတိုက်ပွဲဆင်နွှဲနေစဉ် အာဏာသိမ်းစစ်တပ်ကစစ်ကူနဲ့လက်နက်အင်အားထောက်ပို့နေပြီး လက်နက်ကြီးနဲ့လည်းပစ်ခတ်နေတဲ့ ဝန်းသိုမြို့က စစ်တပ်စခန်းတွေကိုတိုက်ခိုက်ဖို့ ပြည်သူ့ကာကွယ်ရေးတပ်တွေက စီစဉ်လိုက်တာဖြစ်တယ်လို့သိရပါတယ်။

ဝန်းသိုမြို့နယ်မှာ တိုက်ပွဲဖော်ဆောင်မှာမို့လို့ ဒီနေ့ (ဇန်နဝါရီလ၆ရက်)ကနေ ဇန်နဝါရီလ၁၀ရက်အတွင်း မြို့ကနေ ယာယီတိမ်းရှောင်ပေးဖို့ ကာကွယ်ရေးတပ်ဖွဲ့တွေကသတိပေးထားပါတယ်။

Public Service Announcement

Public Service Announcement

“အဓိကတပ်ရင်းနှစ်ခုကတော့မြို့ပြင်မှာရှိတာ။ ဒါပေမယ့် စစ်တပ်ကဗုံးကြဲမယ့်အခြေအနေတွေကြောင့် သတိပေးတာလို့ပြောတယ်။ ရှောင်ဆိုရှောင်ရမှာပေါ့”လို့ မြို့ခံတစ်ဦးကပြောပါတယ်။

ဝန်းသိုမြို့ပေါ်ကရဲစခန်း၊ထွေအုပ်ရုံးနဲ့ ဌာနဆိုင်ရာအဆောက်အအုံတွေမှာ စစ်ကောင်စီတပ်စွဲထားပြီး မြို့ပြင်ကခြေမြန်တပ်ရင်းခမရ(၁၁၁)၊ခမရ (၁၂၀)တပ်ရင်းတွေမှ ပြီးခဲ့တဲ့၂၀၂၅ခုနှစ် နှစ်ကုန်ပိုင်းကစပြီး အင်အားဖြည့်တင်းထားတယ်လို့ သတင်းရရှိပါတယ်။

“ဝန်းသိုကို တိုက်မှရမှာ။မတိုက်ရင် မရဘူး။ လက်နက်ကြီးထိုင်ထားသလို ဟတ်စကီးကွင်းလည်း လုပ်ထားတယ်။ သူ့ကို ဖြိုရမယ်” လို့ ကာကွယ်ရေးရဲဘော်တဦးကပြောပါတယ်။

ဝန်းသိုမြို့နယ်ဟာရွှေနဲ့သစ်ထွက်တာကြောင့် စစ်တပ်နဲ့ပေါင်းပြီး စီးပွားရေးလုပ်နေသူတွေများပါတယ်။ စီးပွားရေးအရ စစ်တပ်နဲ့ပေါင်းနေသူတွေလည်းစစ်‌ရေးအခြေအနေကိုနားလည်ဖို့လို​ကြောင်းကာကွယ်ရေးရဲဘော်တွေက သတိပေးပါတယ်။

ဝန်းသိုမြို့ရဲ့ပတ်ဝန်းကျင်မှာ ပြည်သူ့ကာကွယ်ရေးတပ်တွေထိန်းချုပ်ထားတဲ့ အင်းတော်၊ ဗန်းမောက်၊ ပင်လည်ဘူးမြို့တွေရှိပါတယ်။ဒါအပြင် မြို့​ပေါ်မှအပ ကျန်​ဒေသ​တွေကို နယ်မြေစိုးမိုးထားနိုင်တဲ့ ထီးချိုင့်၊ ကောလင်းမြို့တွေရှိပါတယ်။

အရှေ့ဘက်မှာထီးချိုင့်မြို့နယ်၊ကောလင်းမြို့နယ်၊ အရှေ့မြောက်ဘက်မှာ အင်းတော်မြို့နယ်၊ မြောက်ဘက်မှာ ဗန်းမောက် မြို့နယ်၊ အနောက်ဘက်မှာ ပင်လည်ဘူးမြို့နယ်၊ တောင်ဘက်မှာ ကောလင်းမြို့နယ်တို့နဲ့ ဆက်စပ်နေတာပါ။ လက်ရှိမြို့သိမ်းတိုက်ပွဲဆင်နွဲနေတဲ့ ကသာမြို့နဲ့လည်း ၄၅မိုင်ခန့်အကွာမှာရှိပါတယ်။

ပြီးခဲ့တဲ့ဒီဇင်ဘာလက ကောလင်းမြို့ကစစ်တပ်စခန်းတချို့ကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေကတိုက်ခိုက်စဉ် စစ်တပ်က ဝန်းသိုမြို့ကနေ အင်အားအများအပြားပို့ဆောင်ခဲ့ပြီး လမ်းခုလတ်မှာ တိုက်ပွဲတွေအပြင်းအထန်ဖြစ်ပွားခဲ့ပါတယ်။ အဲဒီတိုက်ပွဲမှာ ကောလင်းနဲ့ဝန်းသိုကြားကသစ်ဖုလစခန်းကိုပြည်သူ့ကာကွယ်ရေးတပ်တွေက တပ်ဖွဲ့တွေကသိမ်းယူပြီးနယ်မြေစိုးမိုးမှုယူခဲ့ပါတယ်။

စစ်တပ်က ဝန်းသိုမြို့အနီးနားပတ်လည်မှာရှိတဲ့ ဩဂ၊ ကျွန်းကုန်း၊ အာမခံ ကျေးရွာတွေမှာ စစ်ကြောင်းတွေဖြန့်ထားပြီး ခုခံစစ်ပြင်ဆင်ထားတယ်လို့သတင်းရရှိပါတယ်။

၂၀၂၆ ခုနှစ်ထဲမှာ စစ်ရေးအရှိန်မြှင့်မယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနကထုတ်ပြန်ထားပြီး ၂၀၂၅ဒီဇင်ဘာလကုန်ပ်ိုင်းကစပြီး စစ်ကိုင်းနဲ့မကွေးတိုင်းကမြို့နယ်တချို့မှာ မြို့သိမ်းတိုက်ပွဲတွေကိုပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ မဟာမိတ်တပ်​တွေကပူး​ပေါင်းဖော်ဆောင်နေပါတယ်။ မ​ကွေးတိုင်းက ဆင်ဖြူကျွန်း ၊စလင်းတိုက်ပွဲ​တွေမှာလည်းPDF နဲ့ ပကဖ ​တွေကစစ်ဆင်​ရေးလုပ်မှာကို ပြည်သူ​တွေကိုအသိ​ပေးပြီး တိမ်း​ရှောင်ခိုင်းခဲ့ပါတယ် ။

ဆက်စပ်သတင်းများ