Connect with us

Hi, what are you looking for?

သတင်း

ကပစ ဓာတ်အားလိုင်းဖြတ်တောက်ခံရပြီးနောက် စစ်တပ်က ဆိပ်ဖြူနယ်ကို စစ်ကြောင်းထိုး၊ တော်လှန်ရေးတပ်တွေ တိုက်ခိုက်ဖို့ ပြင်ဆင်နေ

ကာကွယ်ရေးပစ္စည်းစက်ရုံ(ကပစ)တွေ ဓာတ်အားလိုင်းဖြတ်တောက်ခံထားရတဲ့ မကွေးတိုင်း၊ဆိပ်ဖြူမြို့နယ်ကို စစ်တပ်က စစ်ကြောင်းစထိုးနေပြီလို့ ဒေသတွင်းကာကွယ်ရေးတပ်ဖွဲ့ဝင်အချို့က လူထုနွေဦးကို ပြောပါတယ်။

ဇန်နဝါရီ-၆၊ ၂၀၂၆။ မိုမို/People’s Spring

ကာကွယ်ရေးပစ္စည်းစက်ရုံ(ကပစ)တွေ ဓာတ်အားလိုင်းဖြတ်တောက်ခံထားရတဲ့ မကွေးတိုင်း၊ဆိပ်ဖြူမြို့နယ်ကို စစ်တပ်က စစ်ကြောင်းစထိုးနေပြီလို့ ဒေသတွင်းကာကွယ်ရေးတပ်ဖွဲ့ဝင်အချို့က လူထုနွေဦးကို ပြောပါတယ်။

ဒီကနေ့(ဇန်နဝါရီ ၆ ရက်)မနက်ပိုင်းကစပြီး ဆိပ်ဖြူမြို့အနောက်ဘက်ခြမ်းက တဲကြီးကျေးရွာကို အင်အား၂၀၀ကျော်ပါတဲ့ စစ်ကြောင်းဝင်ရောက်လာတာလို့ ဆိုပါတယ်။

Public Service Announcement

Public Service Announcement

“အရင်ရက်တွေတုန်းကတော ဟိုဘက်ထိုးမလိုလိုဒီဘက်ထိုးမလိုလိုနဲ့ အရိပ်အယောင်ပြတယ်။အင် အား ၁၅၀ ကျော်လောက်ရှိတယ်။ဒီနေ့ကတော့ စစ်ကြောင်းဝင်နေပြီ။အင်အား ၂၀၀ ကျော်ပါတယ်။မနက်က တဲ ကြီးရွာကို စဝင်တယ်။ပြီးတော့ အခု စိန်မှန်ကုန်းဘက်ကို တပ်ဖြန့်ပြီး ဝင်နေတယ်”လို့ ပခုက္ကူခရိုင် တပ်ရင်း(၄) တပ်ရင်းမှူးက ပြောပါတယ်။

စစ်ကောင်စီစစ်ကြောင်းမှာ ကပစ(၂၁)နဲ့ (၂၂) တပ်သားတွေအပြင် တပ်မ(၈၈) လက်အောက်ခံတပ်ရင်းအချို့ပါတယ်လို့ သူက အသိပေးပါတယ်။

“ကပစ တွေရဲ့လျှပ်စစ်မီးတိုင်တွေ ကျွန်တော်တို့ ဖြတ်တောက်ထားတယ်။သံဇလုံဂိတ်တို့ လကတ(လေကြောင်းရန်ကာကွယ်ရေးတပ်)က သေနတ်ရှစ်လက်ရတဲ့ပွဲတို့။ဒီလိုတစ်လအတွင်းမှာ လုပ်လိုက်တာဖြစ်တဲ့အတွက် သူတို့တော်တော် အထိနာသွားတယ်။ဒါကြောင့် အခု စစ်ထိုးလာတာ”လို့ ဆိပ်ဖြူအခြေစိုက်ကာကွယ်ရေးရဲဘော်တစ်ဦးက ပြောပါတယ်။

ဒါ့အပြင် စစ်တပ်စစ်ကြောင်းကို တိုက်ခိုက်ဖို့လည်း ပြင်ဆင်နေပြီး ဒေသတွင်းလူထုအနေနဲ့လည်း စစ်ကြောင်းကို ဂရုစိုက်ဖို့ သူက တိုက်တွန်းပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၅ ဒီဇင်ဘာ ၃၀ရက်က ဆိပ်ဖြူမြို့နဲ့ (၁၇)မိုင်အကွာက လေကြောင်းရန်ကာကွယ်ရေးတပ် (လကတ ၂၀၃၆) တပ်မမှူး ဗိုလ်မှူးကြီးအံ့ကျော်မင်း လာကြိုတဲ့ယာဥ်တန်း တိုက်ခိုက်ခံရပြီး ၁၆ ဦးထက်မနည်းသေဆုံးကာ သေနတ်ရှစ်လက်ရတယ်လို့ ပခုက္ကူခရိုင်အမှတ် (၁၉) တပ်ရင်းတာဝန်ရှိသူက လူထုနွေဦးကို ပြောထားပါတယ်။

အဲဒါ့အပြင် ၂၀၂၅ ဒီဇင်ဘာ ၂၃ရက်က ဆိပ်ဖြူမြို့နယ် ကပစ (၂၂) သွယ်တန်းထားတဲ့ လျှပ်စစ်ဓာတ်အားလိုင်း ဓာတ်တိုင်တွေကို မိုင်းခွဲတိုက်ခိုက်ခဲ့တာအပြင် ကပစ(၂၂) တပ်ကိုလည်း ရော့ကတ်တွေနဲ့ ပစ်ခဲ့တယ်လို့ သိရပါတယ်။

ဒီဇင်ဘာ ၂၄ရက်မှာလည်း ဆိပ်ဖြူမြို့နယ်၊ သံဇလုံကျေးရွာ စစ်ကောင်စီစစ်ဆေးရေးဂိတ် တိုက်ခိုက်မှုမှာလည်း စစ်သား သုံးဦးသေပြီး ဒဏ်ရာရတဲ့သူရှိတယ်လို့ ပခုက္ကူခရိုင်စစ်ဌာနက ထုတ်ပြန်ထားပါတယ်။

(ဆိပ်ဖြူနယ်က စစ်ကောင်စီတပ်တွေကို တိုက်ခိုက်အပြီးတွေ့ရတဲ့ တော်လှန်ရေးတပ်ရဲဘော်တွေနဲ့ သိမ်းရတဲ့ လက်နက်ခဲယမ်းတွေ။ ဓာတ်ပုံ – ပခုက္ကူခရိုင်စစ်ဌာန)

ဆက်စပ်သတင်းများ