Connect with us

Hi, what are you looking for?

သတင်း

စေတုတ္တရာမှာ စစ်တပ်ရွေးကောက်ပွဲလုပ်ဖို့ ပြင်ဆင်နေလို့ ပြည်သူတွေ စစ်တပ်နဲ့နီးရာမှာ မနေဖို့ မြို့နယ်ပကဖ သတိပေး

အာဏာသိမ်းစစ်ကောင်စီကရွေးကောက်ပွဲဖြစ်မြောက်ရေးအတင်း အကျပ်လုပ်ကိုင်နေပြီး စေတုတ္တရာမြို့နယ်အတွင်း ရွေးကောက်ပွဲဆိုင်ရာ လုပ်ငန်းတွေ ပြင်ဆင်နေတာနဲ့ပတ်သက်ပြီး စေတုတ္တရာ မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)က ဇန်နဝါရီ ၈ရက်မှာ ကြောချက် ထုတ်ပြန်ကာ ပြည်သူတွေ စစ်ကောင်စီတပ်များအနီး နေထိုင်သွားလာတာ မလုပ်ဖို့ သတိပေးပါတယ်။

ဇန်နဝါရီ-၉၊ ၂၀၂၆။ ထားမြတ်/People’s Spring

အာဏာသိမ်းစစ်ကောင်စီကရွေးကောက်ပွဲဖြစ်မြောက်ရေးအတင်း အကျပ်လုပ်ကိုင်နေပြီး စေတုတ္တရာမြို့နယ်အတွင်း ရွေးကောက်ပွဲဆိုင်ရာ လုပ်ငန်းတွေ ပြင်ဆင်နေတာနဲ့ပတ်သက်ပြီး စေတုတ္တရာ မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)က ဇန်နဝါရီ ၈ရက်မှာ ကြောချက် ထုတ်ပြန်ကာ ပြည်သူတွေ စစ်ကောင်စီတပ်များအနီး နေထိုင်သွားလာတာ မလုပ်ဖို့ သတိပေးပါတယ်။

စစ်တပ်ကနိုင်ငံရေးထွက်ပေါက်အဖြစ်အသုံးချဖို့ ကြိုးစားနေတဲ့ ရွေးကောက်ပွဲဒုတိယပိုင်းကို ဇန်နဝါရီ ၁၀ရက်မှာ ပြုလုပ်ဖို့ မဲအမှတ်စဥ်တွေ၊ မဲပေးစက်တွေ မြိုနယ်အတွင်း ဖြန့်ဝေမှု လုပ်ဆောင်တဲ့အပေါ် စေတုတ္တရာ ပကဖက အခုလို ကြေညာချက် ထုတ်ပြန်ခဲ့တာပါ။

“အထက်ပါအကြောင်းအရာများ နှင့် စပ်လျှင်း၍ စေတုတ္တရာ လောင်းရှည်လမ်းနှင့်စေတုတ္တရာငဖဲလမ်းတို့အားကားများ၊ဆိုင်ကယ်များ၊ စက်ယန္တရားများအား ၁ လ တိတိ ပိတ်ထားမည်ဖြစ်ကြောင်း အမိန့်ထုတ်ပြန်လိုက်သည်” လို့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။

Public Service Announcement

Public Service Announcement

စစ်တပ်လိုက်ပါလာသော ကားတွေ၊ စစ်တပ်နဲ့ အနီးမှာ နေထိုင်သွားလာတာ မလုပ်ဖို့နဲ့လိုက်နာခြင်းမရှိလို့ ဖြစ်ပေါ်လာတဲ့ အခြေအနေတွေကို တာဝန်ယူဖြေရှင်းမှာ မဟုတ်ဘူးလို့ သတိပေးထားပါတယ်။

စစ်ကောင်စီကလည်း ပြီးခဲ့တဲ့ ဒီဇင်ဘာအတွင်း စေတုတ္တရာမြို့နယ်ကို ၅ကြိမ်လောက် စစ်ကြာင်းထိုးပြီး ရွေးကောက်ပွဲလုပ်ဆောင်နိုင်ရေး အားစိုက်နေကြောင်း စေတုတ္တရာမြို့နယ် ပကဖ စစ်ရေးတာဝန်ခံက ပြောပါတယ်။

“ပြည်သူကလည်း ဒီရွေးကောက်ပွဲ ပြီးသွားလို့လည်း ဘာမှ ထူးခြားလာမှု ရှိလာမှာမဟုတ်သလို ကျနော်တို့တော်လှန်ရေးအင်အားစုတွေကလည်း ရွေးကောက်ပွဲပြီးသည်ဖြစ်စေမပြီးသည်ဖြစ်စေအာဏာရှင်တွေ၊အာဏာ ရှင်စနစ် ရှိနေသရွေ့ ပြည်သူတွေ လွတ်လပ်မျှတမှု မရသရွေ့ ဆက်လက်တိုက်ပွဲဝင်သွားမယ်လို့ သတင်းစကားပါးချင်ပါတယ်” လို့ စေတုတ္တရာမြိုနယ် ပကဖ စစ်ရေးတာဝန်ခံက ပြောပါတယ်။

စစ်တပ် ရွေးကောက်ပွဲဟာ တရားမျှတမှုမရှိ၊ လွတ်လပ်မှုမရှိတာကို လူထုကလည်း သိကြပေမယ့် စစ်ကောင်စီဟာ လူထုကို ဖိအားပေးအကြပ်ကိုင် နေတာဖြစ်ကြောင်းလည်း စေတုတ္တရာ မြို့နယ် ပကဖ စစ်ရေးတာဝန်ခံက ပြောပါတယ်။

စစ်ကောင်စီဟာ ရွေးကောက်ပွဲဒုတိယပိုင်း ကျင်းပနိုင်ဖို့ ကြိုးပမ်းနေသလို အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီးဌာန တပ်ဖွဲ့တွေကလည်း စစ်တပ်ရွေးကောက်ပွဲ တိုက်ဖျက်နိုင်ရေး စစ်ရေးနည်းအရ ဖိအားပေးတဲ့ စစ်ဆင်ရေးတွေ ဖော်ဆောင်လျက်ရှိပါတယ်။

ဓာတ်ပုံ – စေတုတ္တရာ ပကဖ

ဆက်စပ်သတင်းများ