Connect with us

Hi, what are you looking for?

သတင်း

မိုးမိတ်မှာတိုက်ပွဲပြန်ဖြစ်​ စစ်တပ်ကလုံခြုံ​ရေးမြှင့်

မိုးမိတ်မြို့နယ်ထဲမှာဇန်နဝါရီလ ၁၈ရက်နေ့ညက တိုက်ပွဲပြင်းထန်ခဲ့ပြီး ဒီကနေ့မနက်ပိုင်းမှာအာဏာသိမ်း စစ်တပ်‌က မြို့အဝင်အထွက်ကို စစ်
ဆေးရေးတင်းကြပ်နေပါတယ်။

ဇန်နဝါရီ-၁၉၊၂၀၂၆။အိမ်သွင်/People’s Spring

မိုးမိတ်မြို့နယ်ထဲမှာဇန်နဝါရီလ ၁၈ရက်နေ့ညက တိုက်ပွဲပြင်းထန်ခဲ့ပြီး ဒီကနေ့မနက်ပိုင်းမှာအာဏာသိမ်း စစ်တပ်‌က မြို့အဝင်အထွက်ကို စစ်ဆေးရေးတင်းကြပ်နေပါတယ်။

“မနေ့ကည ၉ နာရီလောက်ကစပြီးတိုက်ပွဲဖြစ်တာ။ နာရီဝက်လောက်အကြာမှာ ရပ်သွားတယ်။တိုက်ပွဲဖြစ်နေတဲ့အချိန်မှာဒရုန်းရောလေယာဉ်ရောပျံတယ်။ ဒီမနက်တော့ မြို့က တော်တော်လေး လူကြဲနေပြီး စစ်တပ်က လှည့်နေတယ်” လို့ မြို့ခံတဦးကပြောပါတယ်။

တိုက်ပွဲဖြစ်တဲ့ကျေးရွာကိုသိပေမယ့် ထုတ်ဖော်ပြောကြားလိုခြင်းမရှိဘူးလို့ သူက ဆိုပါတယ်။

Public Service Announcement

Public Service Announcement

တအာင်းတပ်(TNLA)က မိုးကုတ်နဲ့မိုးမိတ်မြို့ကို ၂၀၂၅ နိုဝင်ဘာလကုန်ပိုင်းမှာစစ်ကောင်စီထံ ပြန်လွှဲပေးခဲ့ပြီးတဲ့နောက်ပိုင်း စစ်ကောင်စီစစ်ကြောင်းတွေပြန်လည်ဝင်ရောက်တပ်စွဲထားတာဖြစ်ပါတယ်။ မိုးမိတ်မြို့ရောက် စစ်တပ်တွေထဲက စစ်မှု
ထမ်းသင်တန်းဆင်း ၄၀ ခန့်ဟာ ပြီးခဲ့တဲ့ ဇန်နဝါ
ရီလ ၂ရက်နေ့က ထွက်ပြေးလို့ စစ်တပ်က ပိတ်ဆို့ရှာဖွေခဲ့ပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန(MOD) စစ်ရုံးချုပ်က မိုးကုတ် – မိုးမိတ်ဒေသ စစ်ဆင်ရေးစစ်ဦးစီးအဖွဲ့ကို နိုဝင်ဘာလ (၉) ရက်နေ့မှာ စတင်ဖွဲ့စည်းခဲ့ပြီး စစ်တပ်စစ်
ကြောင်းတွေကို နိုဝင်ဘာလ (၃၀) ရက်ကစပြီး တိုက်ခိုက်ခဲ့ပါတယ်။နိုဝင်ဘာလ (၃၀) ရက်က နေ ဒီဇင်ဘာလ ၂၄ရက်အတွင်း တိုက်ပွဲကြီးငယ်
ပေါင်း ၂၀ ကျော်ဖြစ်ခဲ့ပြီး စစ်တပ်စခန်း တချို့ကို သိမ်းပိုက်နိုင်ခဲ့သလို စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၈ဦး သေဆုံးပြီး ၃ဦးဖမ်းမိထားတယ်လို့ MODက ထုတ်ပြန်ထားပါတယ်။

စစ်ကောင်စီတပ်တွေရဲ့ အုပ်ချုပ်မှု၊ ကွပ်ကဲမှု၊ ထောက်ပံ့မှု ရပ်ဝန်းတွေကို အထူးစစ်ဆင်ရေးဖော်ဆောင်ပြီး အဆက်မပြတ်တိုက်ခိုက်နေတယ်လို့ MODက အသိပေးထားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ကရင်နီပြည်နယ်၊ ဖရူဆိုမြို့နယ်မှာ စစ်တပ်ရဲ့ ဒရုန်းတိုက်ခိုက်မှုကြောင့် ခြောက်လသားအရွယ် ကလေးငယ်အပါအ၀င် အရပ်သား ၅ ဦးသေဆုံးခဲ့တယ်လို့ ဒေသခံသတင်းရင်းမြစ်‌တချို့က ပြောပါတယ်။

နိုင်ငံတကာ

လူစည်ကားရာ အပန်း‌ဖြေ ကမ်းခြေတစ်ခုကို ယူကရိန်းက ဒရန်းနဲ့ တိုက်ခိုက်လို့ ကလေးတွေ အပါအဝင် လူ ၇ ဦး သေဆုံးခဲ့ကြောင်း ရုရှားရဲ့ ဒေသဆိုင်ရာ အာဏာပိုင်တွေက စွပ်စွဲ ပြောကြားခဲ့ပါတယ်။

နိုင်ငံတကာ

ရုရှား ဒရုန်းတစ်စီး နယ်ကျော် ဝင်ရောက်လာလို့ ရိုမေးနီးယားက တိုက်လေယာဉ်တွေ စေလွှတ်ပြီး ပစ်ချခဲ့ကြောင်း သိရပါတယ်။

နိုင်ငံတကာ

ရုရှားပိုင်နက်ထဲမှာ ဒရုန်းတိုက်ခိုက်မှုတွေ ပိုပြီး ထိထိရောက်ရောက် ဆောင်ရွက်နိုင်အောင် အထောက်အကူ ဖြစ်စေမယ့် jammerတွေ ထုတ်လုပ်ဖို့ မူပိုင်ခွင့်ကို ဗြိတိန်က ယူကရိန်းဆီ ပေးအပ်ခဲ့ပါတယ်။