ဇန်နဝါရီ-၂၂၊ ၂၀၂၆ ဇေအောင်/People’s Spring
စစ်ကိုင်းတိုင်း၊ မုံရွာ-မန္တလေးလမ်းပိုင်းရှိ မုံရွေးတန်ပိုဂိတ်က စစ်ကောင်စီတပ်သားတွေ တိုက်ခိုက်ခဲ့ရာ ထိခိုက်မှုတွေရှိကြောင်း Monywa Dynamite.STF အဖွဲ့ရဲ့ တာဝန်ရှိသူက ပြောပါတယ်။
မနေ့က ဇန်နဝါရီ ၂၁ ရက် နေ့လယ် ၁၂ နာရီ ၄၅ မိနစ်ခန့်က မုံရွာမြို့နယ်၊ မုံရွာ-မန္တလေးလမ်းပေါ်က မုံရွေးတန်ပိုဂိတ်ကနေ အင်အား ၂၀ လောက်နဲ့ ထွက်လာတဲ့ စစ်ကောင်စီတပ်သားတွေ ကို မိုင်းခွဲတိုက်ခိုက်ခဲ့တာဖြစ်ကြောင်း Monywa Dynamite.STF အဖွဲ့ရဲ့ တာဝန်ရှိသူက ပြောပါတယ်။
အဲဒီတိုက်ခိုက်မှုကြောင့် စစ်အုပ်စုဝင် ၄ ဦးဒဏ်ရာရကာ တစ်ဦးသေဆုံးတယ်လို့ ၎င်းက ဆိုပါတယ်။

Public Service Announcement
“တန်ပိုဂိတ်နဲ့မဝေးဘူး နီးနီးလေးပဲ။ လမ်းတော့ခဏပိတ်သွားတယ်။ ခုတော့ပြန်ဖွင့်ထားတယ်။”လို့ အထက်ပါအဖွဲ့ တာဝန်ရှိသူက ပြောပါတယ်။
ထိခိုက်သူတွေကို မုံရွာကနေ စစ်ကားတစ်စီးနဲ့ လာသယ်သွားပြီး အနောက်မြောက်တိုင်း စစ်ဌာနချုပ်ကို နမခကို ခေါ်ဆောင်သွားတယ်လို့ သိရပါတယ်။
အဲဒီစစ်ဆင်ရေးကို Brave Heart Army.BHA၊ Monywa Dynamite.STF၊ Chindwin Fighter Group.CFGအဖွဲ့တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ကြောင်း သိရပါတယ်။
ပြီးခဲ့တဲ့ ဇန်နဝါရီ ၁၅ ရက်ညကလည်း စစ်ကိုင်းမြို့နယ်၊ မုံရွာ-မန္တလေးလမ်းပေါ်မှာရှိတဲ့ စစ်ကောင်စီတပ်အထိုင်ချထားတဲ့ ကံတလူတိုးဂိတ် တိုက်ခိုက်ခံရပြီး စစ်အုပ်စု ထိခိုက်သေဆုံးမှုတွေ ရှိခဲ့ပါသေးတယ်။


















































