Connect with us

Hi, what are you looking for?

သတင်း

ဖလမ်းမြို့ ပြန်ရရေး စစ်တပ်ကစစ်ကြောင်းသုံးခု အင်အား ထောင်ဂဏန်းအသုံးပြု ထိုးစစ်ဆင်

အာဏာသိမ်းစစ်တပ်က ဆုံးရှုံးနယ်မြေတွေ ပြန်ရဖို့ ထိုးစစ်ဆင်နေရာ ချင်းပြည်နယ်မြောက်ပိုင်းမှာ ချင်းညီနောင်သိမ်းပိုက်ထားတဲ့ ဖလမ်းမြို့ကို ဦးတည်ပြီး စစ်ကြောင်းသုံးကြောင်းနဲ့ ထိုးစစ်ဆင်နေကြောင်း ချင်းညီနောင်အဖွဲ့ဝင် ချင်းအမျိုးသားကာကွယ်ရေးတပ်(CNO/CNDF) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းတင်မီက ဒီကနေ့ ဇန်နဝါရီ ၂၄ရက်မှာ ပြောပါတယ်။

ဇန်နဝါရီ-၂၄၊ ၂၀၂၆။ ထားမြတ်/People’s Spring

အာဏာသိမ်းစစ်တပ်က ဆုံးရှုံးနယ်မြေတွေ ပြန်ရဖို့ ထိုးစစ်ဆင်နေရာ ချင်းပြည်နယ်မြောက်ပိုင်းမှာ ချင်းညီနောင်သိမ်းပိုက်ထားတဲ့ ဖလမ်းမြို့ကို ဦးတည်ပြီး စစ်ကြောင်းသုံးကြောင်းနဲ့ ထိုးစစ်ဆင်နေကြောင်း ချင်းညီနောင်အဖွဲ့ဝင် ချင်းအမျိုးသားကာကွယ်ရေးတပ်(CNO/CNDF) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းတင်မီက ဒီကနေ့ ဇန်နဝါရီ ၂၄ရက်မှာ ပြောပါတယ်။

ဒီကနေ့ ပြုလုပ်တဲ့ ချင်းညီနောင်အတွက် ရန်ပုံငွေရှာဖွေပွဲမှာ ချင်းမြောက်နဲ့ ချင်းတောင်ပိုင်း စစ်တပ် ထိုးစစ် ခုခံနေရမှု အခြေအနေကို အခုလို အသိပေးခြင်းဖြစ်ပါတယ်။ ချင်းပြည်နယ် တောင်ပိုင်းရော မြောက်ပိုင်းရော စစ်ကောင်စီဘက်က အင်အားအလုံးအရင်းနဲ့ စစ်ကြောင်းထိုးနေလို့ ချင်းတော်လှန်ရေး ပူးပေါင်းတပ်တွေ၊ မဟာမိတ်တွေက ကာကွယ်နေတယ်လို့ ပြောပါတယ်။

ချင်းပြည်နယ်မြောက်ပိုင်းကို စစ်ကောင်စီက နိုဝင်ဘာ လဆန်းက ထိုးစစ်ဆင်လာရာ တိုက်ပွဲဖြစ်ပွားမှု သုံးလခန့်ရှိပြီလို့ ပြောပါတယ်။

Public Service Announcement

Public Service Announcement

“ဖလမ်းဘက်မှာ ဆိုလို့ရှိရင် စစ်ကြောင်းက အရင်တုန်းက နှစ်ကြောင်းနဲ့ ဖလမ်းအနောက်မြောက်ဘက်က တကြောင်း၊ အရှေ့ခြမ်းဘက်ကနေ တကြောင်းရယ် ဆိုပြီးတော့ စစ်ကြောင်းနှစ်ကြောင်းနဲ့လာတယ်။ အင်အားက ၈၀၀ ကနေ ၁၀၀၀ ကြားရှိတဲ့ အင်အားနဲ့လာတဲ့ စစ်ကြောင်းကိုလည်း ချင်းတော်လှန်ရေး တပ်ဖွဲ့တွေက ကာကွယ်နေတဲ့ အချိန်ကာလဖြစ်တယ်”လို့ ဆလိုင်းတင်မီက ပြောပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းမှာတော့ စစ်ကောင်စီဟာ သိုင်းငင်းဘက်ကတဆင့် စစ်အင်အား ၂၀၀ကျော်နဲ့ ထပ်မံပြီး စစ်ကြောင်း တကြောင်းထိုးလာတယ်လို့ အသိပေးပါတယ်။ စစ်ကိုင်းတိုင်း ကလေးမြို့ကနေ စစ်ယာဉ်တန်းတွေနဲ့ လာတဲ့ စစ်ကောင်စီစစ်ကြောင်းဟာ တီးတိန်မြို့နယ် သိုင်းငင်းကတဆင့် ဟာ ဖလမ်းမြို့နဲ့ မိုင် ၄၀ ခန့်အကွာ ရောက်ရှိနေပြီလို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ နှစ်လကျော်ကြာ တိုက်ပွဲတွေမှာလည်း ချင်းလက်နက်ကိုင် ပူးပေါင်းတပ်ဖွဲ့ဟာ သိမ်းပိုက်ထားပြီးသား နယ်မြေတွေကို စစ်ကောင်စီတပ်တွေ ဝင်မလာနိုင်အောင် တားဆီးထားနိုင်ခဲ့ပြီး စစ်တပ်ကြိုးပမ်းနေတဲ့ ရွေးကောက်ပွဲ မဖြစ်ရေး တားဆီးနိုင်ခဲ့တယ်လို့ အသိပေးပါတယ်။ အင်အားအလုံးအရင်းနဲ့ ထိုးစစ်ဆင်နေပေမယ့် ကာကွယ်နိုင်ပြီး စစ်ကောင်စီတပ်ထံက လက်နက်ခဲယမ်းများစွာ သိမ်းရထားတယ်လို့လည်း ဆလိုင်းတင်မီက အသိပေးပါတယ်။

“ဖလမ်းကို ဦးတည်ပြီးမှ စစ်ကြောင်းသုံးကြောင်းနဲ့ အင်အား က ၁ထောင်ကျော်ပေါ့နော် အဲဒီ သုံးကြောင်းစလုံး တွက်မယ်ဆို အင်အား ၁ထောင်ပတ်ဝန်းကျင် အင်အားနဲ့ စစ်ကြောင်းထိုးနေချိန်ဖြစ်တယ်” လို့ ဆလိုင်းတင်မီက ပြောပါတယ်။
သိမ်းပြီးသားမြို့တွေကို ကောင်းမွန်စွာ ထိန်းထားနိုင်ဖို့ အပြင် သိမ်းဖို့ ကျန်နေတဲ့ တီးတိန်၊ ဟားခါးမြို့တွေ သိမ်းဖို့ စစ်ဆင်ရေးတွေ ရှိနေသေးလို့ ပြည်သူတွေအနေနဲ့ ဆုတောင်းပေးခြင်းသော်လည်းကောင်း၊ ထောက်ပို့ပေးခြင်းသော်လည်းကောင်း ကူညီပံ့ပိုးပေးဖို့ ဆလိုင်းတင်မီက တိုက်တွန်းပါတယ်။

တဖက်မှာလည်း စစ်ကောင်စီဟာ ချင်းပြည်နယ် တောင်ပိုင်းကို ဦးတည်ပြီး ထိုးစစ်ဆင်လာလို့ ချင်း-မကွေး အစပ် နယ်မြေတွေမှာ ခုခံကာကွယ်တိုက်ခိုက်လျက်ရှိတယ်လို့ အသိပေးထားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်တပ် ၁၁ဦးသေ၊ အရာရှိလည်းပါဝင်ဟု CNA ခန့်မှန်း

သတင်း

ချင်း-မကွေးအစပ်မှာ အာဏာသိမ်းစစ်တပ်က စစ်အင်အားအများအပြားနဲ့ ထိုးစစ်ဆင်လာတဲ့အပေါ် အတူစုပေါင်းရင်ဆိုင်ရန်လိုအပ်ကြောင်း ချင်းပြည်သူ့အစည်းအရုံး/ချင်းပြည်သူ့တပ်မတော် (CPU/CPA) ခေါင်းဆောင်တွေက တိုက်တွန်းနှိုးဆော်ပါတယ်။

သတင်း

ချင်းပြည်နယ်၊ ဖလမ်းမြို့ကိုလာတဲ့ စစ်တပ်ယာဥ်တန်းတိုက်ခိုက်မှုအတွင်း ဗိုလ်ကြီးအဆင့်အပါအဝင် ခုနစ်ဦးထက်မနည်းသေဆုံးတယ်လို့ CDF-CDM စီးယင်းစစ်ဦးစီးချုပ် ကိုထောင်းပူက လူထုနွေဦးကို ပြောပါတယ်။

သတင်း

ချင်းပြည်နယ်၊ ဖလမ်းမြို့ကနေ ခွာစစ်ဆင်ခဲ့ရပေမယ့် ပိုမိုကောင်းမွန်တဲ့ ပိုမိုကြီးမားတဲ့ အင်အားနဲ့ ပြန်လာဖို့ရှိတယ်လို့ ချင်းညီနောင်အဖွဲ့ဝင် ချင်းအမျိုးသားကာကွယ်ရေးတပ်(CNO/CNDF) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းတင်မီက ပြောပါတယ်။