Connect with us

Hi, what are you looking for?

သတင်း

မုံရွာမှာ စစ်ရှောင်တွေနေတဲ့ ဘုန်းကြီးကျောင်းစစ်တပ် ပါရာမော်တာနဲ့ ဗုံးကြဲ၊ စစ်ရှောင် သားအဖ၂ဦးသေဆုံးပြီး ၄ ဦးဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်မှာ စစ်ရှောင်တွေနေတဲ့ ဘုန်းကြီးကျောင်းကို စစ်တပ်က ပါရာမော်တာနဲ့ ဗုံးကြဲတိုက်ခိုက်လို့ စစ်ရှောင် သားအဖ၂ ဦးသေဆုံးပြီး ၄ဦး ဒဏ်ရာရခဲ့ပါတယ်။

ပါရာမော်တာနဲ့ တိုက်ခိုက်ခံရတဲ့ သက္ကကျင်းကျေးရွာက ဘုန်းကြီးကျောင်းအတွင်း ပျက်စီးမှုများအား တွေ့ရစဥ်။ ဓာတ်ပုံ-Monywa Revolution

ဖေဖော်ဝါရီ-၄၊ ၂၀၂၆။ ဟာနာဆန်/People’s Spring

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်မှာ စစ်ရှောင်တွေနေတဲ့ ဘုန်းကြီးကျောင်းကို စစ်တပ်က ပါရာမော်တာနဲ့ ဗုံးကြဲတိုက်ခိုက်လို့ စစ်ရှောင် သားအဖ၂ ဦးသေဆုံးပြီး ၄ဦး ဒဏ်ရာရခဲ့ပါတယ်။

ဒီကနေ့ ဖေဖော်ဝါရီ ၄ရက် မနက် ၅နာရီခန့်က မုံရွာမြို့ အနောက်မြောက်တိုင်း စစ်ဌာနချုပ်ကနေ (နမခ) တက်လာတဲ့ ပါရာမော်တာ စက်တပ်လေထီးတစ်စီးဟာ သက္ကယ်ကျင်းရွာက ဘုန်းကြီးကျောင်းဝင်းထဲက စစ်ဘေးရှောင်တွေ နေထိုင်နေတဲ့နေရာကို ဗုံးကြဲတိုက်ခိုက်ခဲ့တာဖြစ်ကြောင်း Monywa Revolution ရဲ့ တာဝန်ရှိသူက ပြောပါတယ်။

အဲဒီတိုက်ခိုက်မှုကြောင့် (၁၈နှစ်အရွယ်သားဖြစ်သူနဲ့ ၎င်းရဲ့ဖခင် အသက်(၅၀)ဝန်းကျင် အမျိုးသားတို့ သေဆုံးကြောင်း၊ ဒါ့အပြင် ဘုန်းကြီးတစ်ပါးနဲ့ အမျိုးသမီးတွေအပါအဝင် ပြည်သူ ၆ ဦးထက်မနည်း ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း Monywa Revolution ရဲ့ တာဝန်ရှိသူက ပြောပါတယ်။

Public Service Announcement

Public Service Announcement

“သက္ကယ်ကျင်းရွာက မီးဘေးသင့်စစ်ရှောင်ပြည်သူတွေပါ။ ဘုရားကွင်းထဲက မီးဘေးသင့် စစ်ရှောင်တွေနေတဲ့ပေါ်ကျတာ။ ထိခိုက်ဒဏ်ရာရတဲ့သူတွေထဲတချို့က ပြင်းထန်တယ်။ ခုထိ ကုသနေဆဲပါ”လို့ အထက်ပါတာဝန်ရှိသူက ရှင်းပြပါတယ်။

အဆိုပါ စစ်ရှောင်တွေဟာ ပြီးခဲ့တဲ့ ၂၀၂၃ အတွင်းက စစ်ကောင်စီတပ်ရဲ့ မီးရှို့ဖျက်ဆီးမှုကြောင့် နေအိမ်ရာချီပျက်စီးခဲ့ပြီးနောက် ဘုန်းကြီးကျောင်းအတွင်း ခိုလှုံနေရတာဖြစ်ကြောင်း ဒေသခံတွေဆီက သိရပါတယ်။

စစ်ကောင်စီတပ်ဟာ မုံရွာနဲ့ချောင်းဦးတဝိုက်မှာ ပါရာမော်တာ၊ ဂျိုင်ရိုကော့ပတာတွေနဲ့ မကြာခဏ တိုက်ခိုက်​​နေပြီး ပြည်သူထိခိုက်သေဆုံးမှုတွေ ရှိနေပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာ ၆ ရက် သီတင်းကျွတ်လပြည့်ညက စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်မှာ ဆီမီးထွန်းပွဲ ဗုံးကြဲလို့ အရပ်သား အနည်းဆုံး ၂၄ ဦး သေဆုံးခဲ့ပြီး ဆယ်ချီ ထိခိုက်ဒဏ်ရာ ရခဲ့ပါသေးတယ်။

ဆက်စပ်သတင်းများ

သတင်း

ကချင်ပြည်နယ်မှာ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ် တိုက်ခိုက်သိမ်းပိုက်ထားတဲ့ နယ်မြေ များလာပြီး စစ်တပ် ဆုံးရှုံးမှုများလာလို့ အများပြည်သူ ကျေးရွာတွေကို ဗုံးကြဲတိုက်ခိုက်မှု ဆက်တိုက် ပြုလုပ်နေကြောင်း KIA သတင်းပြန်ကြားရေးဌာနက ဖော်ပြပါတယ်။

ဆောင်းပါး

PDF တွေရဲ့ဒရုန်း​လေတပ်ကိုထိုး​ဖောက်ဝင်​ရောက်တိုက်ခိုက်လာနိုင်တာကစစ်တပ်အတွက်အကြီးမားဆုံးစိန်​ခေါ်မှုဖြစ်လာမလား။

သတင်း

မကွေးတိုင်း၊ မင်းတုန်းမြို့နယ်မှာ အာဏာသိမ်းစစ်တပ်ရဲ့လေကြောင်းတိုက်ခိုက်မှုကြောင့် ကလေးငယ်တွေအပါအ၀င် ‌‌ပြည်သူ ၆ဦးသေဆုံးပြီး ၅ဦး ဒဏ်ရာရရှိတယ်လို့ သရက်ခရိုင်အမှတ်(၄) တပ်ရင်း တာ၀န်ရှိသူက လူထုနွေဦးကို ပြောပါတယ်။

သတင်း

မကွေးတိုင်း၊ဆိပ်ဖြူမြို့နယ်မှာ ပါရာမော်တာတစ်စီး ပျက်ကျခဲ့တယ်လို့ ဒေသခံအချို့က ‌ပြောပါတယ်။