Connect with us

Hi, what are you looking for?

သတင်း

ဖားကန့်မှာအနံ့ဆိုးတွေပျံ့နေလို့ ဒေသခံတွေစိုးရိမ်​

ဖားကန့်မှာ ဒီက​နေ့ည​နေမှာ မြို့ပေါ်ရပ်ကွက်တွေအပြင် ပတ်ဝန်းကျင်ကျေးရွာတွေမှာပါ ပြင်းထန်တဲ့အနံ့ဆိုးတွေ ထွက်ပေါ်နေပြီး ဒေသခံတွေ ကျန်းမာရေးအတွက်စိုးရိမ်နေကြရပါတယ်။

(ဖားကန့်မြို့မှာ ​ဖေ​ဖော်ဝါရီ ၂ ရက်ကစာသင်​ကျောင်း​ပေါ်လက်နက်ကြီးကျပြီး​နောက်အပျက်အစီး​တွေ နဲ့ မိသားစုဝင်​တွေက သားသမီး​တွေကိုလာ​ခေါ်စဥ်။ဓါတ်ပုံ-​ဒေသခံ

​ဖေ​ဖော်ဝါရီ-၅၊၂၀၂၆။ရွှေပြည်စိုး/People’s Spring

ဖားကန့်မှာ ဒီက​နေ့ည​နေမှာ မြို့ပေါ်ရပ်ကွက်တွေအပြင် ပတ်ဝန်းကျင်ကျေးရွာတွေမှာပါ ပြင်းထန်တဲ့အနံ့ဆိုးတွေ ထွက်ပေါ်နေပြီး ဒေသခံတွေ ကျန်းမာရေးအတွက်စိုးရိမ်နေကြရပါတယ်။

ဖေဖော်ဝါရီလ၅ရက်ည ၇နာရီခန့်မှာ ဓာတုဆေးအနံ့လို အနံပြင်းပြင်းတွေထွက်ပေါ်လာတာလို့ ဒေသခံတွေကပြောပါတယ်။

“ကိုယ့်အိမ်မှာဝါယာလျှော့ဖြစ်တယ်မှတ်လို့ ပတ်ကြည့်တာ။တစ်ရွာလုံးအနံ့တွေရနေမှ ဓာတုဆေးအနံ့မှန်းသိတာ။ အခု အသက်ရှူကြပ်နေတယ်။ ခြင်ထောင်ထဲမှာဝင်နေကြရတယ်”လို့ဆိုင်းတောင်ရွာကဒေသခံတစ်ဦးကပြောပါတယ်။

Public Service Announcement

Public Service Announcement

ပြင်းထန်တဲ့အနံ့ဟာ ဖားကန့်နေရာအများစုမှာရရှိနေတာဖြစ်ပါတယ်။

ည ၇ နာရီခန့်မှာစစ်တပ်လေယာဉ်လာပြီးမိနစ်အနည်းငယ်အကြာ အနံ့စထွက်လာတာလို့ ဒေသခံတစ်ဦးကပြောပါတယ်။

“လေယာဉ်ဖြတ်ချိန်အသံအကျယ်ကြီး ၄ ချက်ကြားတယ်။ခဏနေတော့အနံ့တွေရတာ။ပိုဆိုးနေပြီ။ဘယ်လိုကာကွယ်ရမှန်းမသိတော့ဘူး”လို့ဖားပြင်ရွာက ဒေသခံတစ်ဦးကပြောပါတယ်။

လေယာဉ်အပြင် စစ်တပ်ဒရုန်းသုံးစင်းလည်း ဖြတ်သွားပြီး ဒီနေ့ည ဓာတုဆေးနံ့တွေဟာ စစ်ကောင်စီက ဓာတုလက်နက်သုံးပြီး တိုက်ခိုက်တာလို့ ဒေသခံတွေက ပြောနေကြပါတယ်။ ဖြစ်စဉ်အတိအကျကိုတော့အသေးစိတ်မသိရသေးပါဘူး။

ဒါ​ပေမယ့် အခြား​ဒေသခံအချို့က ​ဖေ​ဖော်ဝါရီ ၅ ရက်မှာ ညပိုင်းအထိ စစ်တပ်​လေယာဥ်မလာဘူးလို့​ပြောပါတယ် ။

“​​ခေါင်းမူးတာရှိတယ်အချို့​တွေက ပြီးရင် မျက်လုံးစပ်တာ​တွေရှိတယ် ။ပြီးလို့ရှိရင် လျှာမှာ​တွေ ၊နှာ​ခေါင်းမှာ​တွေ အနံ့​တွေစွဲတယ်​ပေါ့ စိန်း​ရွေ​ရွေအနံ့​တွေစွဲတယ် ။ပိုးသတ်​ဆေးနံ့နဲ့ပိုတူတယ် ။အဲတာမျိုး​တွေဖြစ်တာ ဧရိယာအ​တော်ကျယ်တယ်”လို့ ​ဒေသခံတဦးက​ပြောပါတယ်။

​ဒေသခံအချို့က အင်ဂျင်ဝိုင်​တွေကျိုချက်ပြီး​ဝှေခါ​ချောင်းထဲသွန်းလို့​နောက်ဆက်တွဲဖြစ်တာလို့လည်း​ပြော​နေကြပါတယ်။ ​​ဝေခါ​ချောင်းဆိုတာ ဥရု​​ချောင်းထဲ စီးဝင်တဲ့​ချောင်းပါ။ ဒါ​​ပေမယ့် အနံ့ဆိုး ထွက်တဲ့ ဖြစ်စဥ် အမှန်ကို ဘယ်သူမှ အတိအျကမသိ​သေးဘူးလို့ ​ဒေသခံ​တွေက ​ပြောပါတယ်။

အနံ့ဆိုးတွေကြောင့်ပန်းနာရင်ကြပ်လို အသက်

ရှုလမ်းကြောင်းဆိုင်ရာရောဂါတွေရှိနေသူတွေဟာ နေရထိုင်ရခက်နေပြီးဆေးပညာဆိုင်ရာအကြံပြုချက်တွေပေးဖို့လူမှုကွန်ရက်ကနေ တောင်းဆိုနေကြပါတယ်။ကလေးငယ်နဲ့သက်ကြီးရွယ်အိုတွေကိုစောင်တွေထဲမှာအုပ်ထားရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဖားကန့်မှာ ဇန်နဝါရီလ ၂၄ရက်ကစပြီး ဒီနေ့အထိ တိုက်ပွဲဆက်ဖြစ်နေပါတယ်။​ဖေ​ဖော်ဝါရီ၅ ရက်နေ့ မနက်ပိုင်းက မရှီကထောင်‌ရပ်ကွက်အနီးမှာ စစ်ကောင်စီ ဒရုန်းတစ်စင်းကို KIA၊KPDF ပူးပေါင်းတပ်က ပစ်ချပြီး သိမ်းဆည်းလိုက်ပါတယ်။တိုက်

ပွဲအတွင်း လက်နက်ကြီးထိမှန်လို့ အရပ်သားထိခိုက်သေဆုံးမှုတွေ ရှိနေပါတယ်။ညနေပိုင်းမှာ စစ်ကောင်စီက လက်နက်ကြီးနဲ့ ပစ်လို့ အမျိုးသမီးနှစ်ဦး ဒဏ်ရာရခဲ့ပါတယ်။

ဒီနေ့ည ထွက်နေတဲ့ အနံ့တွေနဲ့ ပတ်သက်လို့ ည ၈နာရီ၄၅ မိနစ်အထိ အခြေအနေကို ဒေသခံတစ်ဦးက “အနံ့က ထွက်တုန်းပဲ။ ကျနော်တော့ချောင်းအဆက်မပြတ်တော့ဘူး။ဆိုးနေပြီ”လို့ ပြောပါတယ်။

ဆက်စပ်သတင်းများ

သတင်း

မိုးတွင်းကာလ ရေဘေးဆက်တိုက်ရင်ဆိုင်နေရတဲ့ ဖားကန့်မှာ ဇူလိုင်လ ၁၉ရက်ကစတဲ့ ရေ ဘေးကြောင့် လမ်းနဲ့အိမ် ပျက်စီးမှုတွေများပြားခဲ့ပြီး ဒေသခံတွေအခက်အခဲကြုံတွေ့နေပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ဖားကန့်မြို့မှာ ဒေသခံတွေ ယခုရက်ပိုင်း ရင်ဆိုင်နေရတဲ့ရေဘေးကြောင့် ကချင်လွတ်လပ်ရေးတပ်မတော် (KIA)နဲ့ KPDF က စစ်ရေးလှုပ်ရှားမှုရပ်နားထားပေမယ့်စစ်တပ်ကဒီကနေ့ ညနေပိုင်းမှာ လေကြောင်းကနေ ဗုံးကြဲပြီး စက်သေနတ်နဲ့ပါ ပစ်ခတ်သွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

ကျောက်စိမ်းမြို့တော်ဖားကန့်မှာပြီးခဲ့တဲ့ ရက်ပိုင်းက ရေဘေးသင့်ခဲ့ပြီး လတ်တလောမှာရေကျသွားပေမယ့်မြေနိမ့်ပိုင်းရပ်ကွက်တွေမှာ သွားရေးလာရေးနဲ့ စားဝတ်နေရေးအခက်အခဲကြုံနေရတယ်လို့ ဒေသခံအချို့ဆီကသိရပါတယ်။

သတင်း

ဖားကန့်မှာ မိုးသည်းထန်ပြီး တောင်ကျရေကြောင့် ဒေသခံတွေဟာ ရေကြီးနစ်မြုပ်မှု ပြန်လည်ရင်ဆိုင်နေရပြီး ‌နေရာအချို့မှာလည်း မြေပြိုမှုတွေ ဖြစ်နေပါတယ်။