Connect with us

Hi, what are you looking for?

သတင်း

ကရင်ပြည်နယ်ထဲ စစ်ယာဉ်တန်း ကို စစ်ကောင်စီတပ်စေလွှတ်ထား

စစ်ကောင်စီ က ရွေးကောက်ပွဲအပြီးမှာ သံချပ်ကာကား နဲ့ လက်နက်ကြီးအပါအဝင် စစ်ကား အစီးရေ ၁၀၀ ခန့်ပါဝင်တဲ့ စစ်ယာဉ်တန်း ကို ကရင်ပြည်နယ်အတွင်းစေလွှတ်ခဲ့တယ်လို့သိရပါတယ်။

အာဏာသိမ်းပြီးနောက် စစ်ကောင်စီတပ်ရဲ့ စစ်ရေးပြအခမ်းအနားမြင်ကွင်း (ပုံဟောင်း) ဓာတ်ပုံ - စစ်ကောင်စီပြန်ကြားရေး

ဖေဖော်ဝါရီ – ၅ ၊၂၀၂၆ ၊ နိုင်ပကောင်း /People’s Spring

စစ်ကောင်စီ က ရွေးကောက်ပွဲအပြီးမှာ သံချပ်ကာကား နဲ့ လက်နက်ကြီးအပါအဝင် စစ်ကား အစီးရေ ၁၀၀ ခန့်ပါဝင်တဲ့ စစ်ယာဉ်တန်း ကို ကရင်ပြည်နယ်အတွင်းစေလွှတ်ခဲ့တယ်လို့သိရပါတယ်။

အဲဒီယာဉ်တန်းဟာဇန်နဝါရီလ ၂၈ ရက်ကပဲခူးတိုင်းကတဆင့် မွန်ပြည် နယ် ၊ ကျိုက်ထို ၊ ဘီးလင်း ၊ သထုံမြို့နယ်တွေကို ဖြတ်သန်းကာ ဇန်နဝါရီလ ၂၉ ရက်မှာတော့ ကရင်ပြည်နယ်မြို့တော် ဘားအံ ဆီ ရောက်လာခဲ့တာလို့ ယာဉ်တန်းကိုတွေ့မြင်ခဲ့ရသူတွေက ပြောပါတယ်။

ဘားအံမှာ စစ်ကောင်စီတပ်ရဲ့ အမှတ် (၂၂) တပ်မဌာနချုပ်ရှိပြီး အဲဒီစစ်ယာဉ်တန်းဟာ တပ်မ (၂၂) ကွပ်ကဲနေတဲ့ မြဝတီ – ဝေါလေ လမ်းပိုင်းကိုအင်အားဖြည့်ဖို့ ဖြစ်တယ်လို့ ကရင်စစ်ရေးသတင်းရင်းမြစ်က သုံးသပ်ပါတယ်။

Public Service Announcement

Public Service Announcement

ယာဉ်တန်းဖြတ်သန်းချိန်ရိုက်ကူးထားတဲ့ ရုပ်သံအရ ထရပ်ကားနဲ့သယ်လာတဲ့ သံချပ်ကာယာဉ် ၊ တာလပတ်ဖုံးထားတဲ့ လက်နက်ကြီးတွေ ပါဝင်တာတွေ့ရပါတယ်။

စစ်ကောင်စီတပ်ရဲ့ တပ်မ (၂၂)ဟာ မြဝတီမြို့တောင်ဘက်ခြမ်းက မင်းလက်ပံရွာနဲ့ ဖလူးရွာအပါအဝင်မြဝတီ -ဝေါ်လေကားလမ်းပိုင်းတလျှောက်ကိုစိုးမိုးနိုင်ဖို့ စစ်ဆင်ရေးပြုလုပ်နေတာပါ။

ဒါပေမယ့် KNU ပူးပေါင်းတပ်ရဲ့ခုခံတိုက်ခိုက်မှုတွေကြောင့်လအတန်ကြာတဲ့အထိ အဲဒီ နေရာတွေကို စစ်ကောင်စီတပ်က အပြည့်အဝ စိုးမိုးနိုင်တာမရှိသေးပါဘူး။

အခုကရင်ပြည်နယ်ထဲရောက်လာတဲ့ စစ်အင်အားကို သုံးပြီး မြဝတီမြို့တောင်ဘက်ခြမ်းကိုထိုးစစ်ဆင်မှု အရှိန်အဟုန် မြှင့်တင်သွားဖို့ ရှိ နိုင်တယ်လို့ ကရင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

ထိုင်းနယ်စပ်အနီးမှာရှိတဲ့မင်းလက်ပံရွာနဲ့ ဖလူးရွာတွေမှာပြီးခဲ့တဲ့ဇန်န ဝါရီလကုန်ပိုင်းအထိ KNU ပူးပေါင်းတပ်တွေနဲ့ စစ်ကောင်စီတပ်တို့ကြားတိုက်ပွဲတွေရှိနေခဲ့ပြီးတိုက်ပွဲတွေမှာ စစ်ကောင်စီ လေတပ်ကိုပါအသုံးပြုထားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်အစပ်မှာရှိတဲ့ကြသောင်းဆိပ်ရွာက စာသင်ကျောင်းကိုမနေ့ (စက်တင်ဘာ ၁၉ ရက်)ညပိုင်းကအာဏာသိမ်းစစ်တပ်ကဗုံးကြဲတာကြောင့်စာသင်ကျောင်းနဲ့ နေအိမ်အချို့ ထိခိုက်ပျက်စီးသွားခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

သတင်း

ကချင်ပြည်နယ်ကနေ ဧရာဝတီမြစ်အတိုင်းစစ်သင်္ဘောတွေစုန်လာပြီး မြစ်ကမ်း​ဘေးတ​လျှောက်လေကြောင်းနဲ့ လက်နက်ကြီး ပစ်ခတ်မှုတွေကြောင့် မြစ်ကမ်းဘေး ကျေးရွာက ပြည်သူတွေ ဂရုပြု နေထိုင်ကြဖို့ တော်လှန်ရေးတပ်တွေကသတိပေးထားပါတယ်။

သတင်း

မန္တလေးတိုင်း၊စဉ့်ကူးမြို့နယ်အနောက်ခြမ်းရှိကျွန်းကြီးရွာမှာတပ်စွဲထားတဲ့ စစ်တပ်က ဒီက​နေ့မနက်ပိုင်းမှာလက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တာ​​ကြောင့် ဝက်လက်မြို့နယ်အရှေ့ခြမ်းကိုကျပြီး လင်မယားနှစ်ဦး ဒဏ်ရာရရှိခဲ့ပါတယ်။

နိုင်ငံတကာ

နိုင်ငံရဲ့ လက်နက်ကြီး ပစ်အားကို လက်တွေ့ စမ်းသပ်တဲ့ လေ့ကျင့်ပစ်ခတ်မှုတစ်ခု လုပ်ဆောင်ခဲ့ကြောင်း မြောက်ကိုရီးယားက ထုတ်ပြန်ပါတယ်။