Connect with us

Hi, what are you looking for?

သတင်း

ထားဝယ်မြို့နယ်က ဘုန်းကြီးကျောင်း စစ်တပ် ဗုံးကြဲလို့ သံဃာတစ်ပါး ဒဏ်ရာရ

ကရင်အမျိုးသားအစည်းအရုံး(KNU) မြိတ်-ထားဝယ်ခရိုင် ထားဝယ်မြို့နယ် ဟိန္ဒားရွာကို စစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ သံဃာ တစ်ပါး ထိခိုက်ခဲ့ကြောင်း KNUမြိတ်ထားဝယ်ခရိုင်က ထုတ်ပြန်ပါတယ်။

စစ်ကောင်စီဗုံးကြဲမှုကြောင့် ဟိန္ဒားရွာဘုန်းကြီးကျောင်း ပျက်စီးနေတာကို တွေ့ရစဉ်။ ဓာတ်ပုံ - KNU-MTD

ဖေဖော်ဝါရီ-၇၊ ၂၀၂၆။ ထားမြတ်/People’s Spring

ကရင်အမျိုးသားအစည်းအရုံး(KNU) မြိတ်-ထားဝယ်ခရိုင် ထားဝယ်မြို့နယ် ဟိန္ဒားရွာကို စစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ သံဃာ တစ်ပါး ထိခိုက်ခဲ့ကြောင်း KNUမြိတ်ထားဝယ်ခရိုင်က ထုတ်ပြန်ပါတယ်။

KNU အုပ်ချုပ်နယ်မြေသတ်မှတ်ချက်အရ ကစယ်ဒိုမြို့နယ်မှာရှိတဲ့ ဟိန္ဒားရွာထဲကို စစ်ကောင်စီက ဖေဖော်ဝါရီ ၄ရက် မနက်မှာတိုက်လေယာဉ်နဲ့ ပေါင် ၃၀၀ ဗုံး ၂လုံး ကြဲချခဲ့တာလို့ ဆိုပါတယ်။

အဲဒီလိုတိုက်ခိုက်လို့ သံဃာ တစ်ပါးထိခိုက်ပြီး ဘုန်းကြီးကျောင်း အဆောက်အအုံတွေ ထိခိုက်ပျက်စီးခဲ့ရတယ်လို့ မှတ်တမ်းဓာတ်ပုံတွေ ဖော်ပြ အသိပေးပါတယ်။

Public Service Announcement

Public Service Announcement

စစ်ကောင်စီဟာ ဇန်နဝါရီ ၂၆ရက်ကလည်း ကစယ်ဒိုမြို့နယ် ဖောင်းတောအရှေ့ဘက်ကမ်း ဘောလုံးကွင်းအနီးကို လေကြောင်းဗုံးကြဲခဲ့လို့ နေအိမ်အချို့ ပျက်စီးမှုရှိခဲ့ပါတယ်။

စစ်ကောင်စီဟာ လက်လွှတ်ဆုံးရှုံးထားတဲ့ နယ်မြေတွေက ပြည်သူတွေကို အကြောက်တရား ဖြစ်ပေါ်စေဖို့ ရည်ရွယ်ချက်ရှိရှိ လေကြောင်းဗုံးကြဲတိုက်ခိုက်နေခြင်းဖြစ်ကြောင်း KNU မြိတ်ထားဝယ်ခရိုင်က ထုတ်ပြန်ထားပါတယ်။

KNU မြိတ်ထားဝယ်ခရိုင်အပါအဝင် ကျန်ခရိုင် တပ်မဟာနယ်မြေအသီးသီးမှာလည်း စစ်ကောင်စီဟာ အရပ်သားတွေကို ပစ်မှတ်ထားတဲ့ လေကြောင်းတိုက်ခိုက်မှု၊ ဒရုန်း၊ လက်နက်ကြီး တိုက်ခိုက်မှုတွေ ဆက်တိုက်ကျူးလွန်နေလို့ အရပ်သား ပြည်သူသေဆုံးမှုတွေ မကြာခဏ ဖြစ်ပေါ်လျက်ရှိပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်တွေနဲ့ ပုဏ္ဏားကျွန်းမြို့နယ်အစပ်က ကာကင်းစခန်းနဲ့ ခြေကုတ်နေရာအချို့သိမ်းပိုက်ခံရပြီး​တော့ အာဏာသိမ်းစစ်တပ်က ဒီနေ့မှာစစ်တွေ၊ ပုဏ္ဏားကျွန်း၊ ပေါက်တောနဲ့ သံတွဲမြို့နယ်တို့ ကို လေယာဉ်အုပ်လိုက်နဲ့ ဗုံးပတ်ကြဲနေတယ်လို့ဒေသခံတွေကပြောပါတယ်။

သတင်း

မန္တလေးတိုင်း၊ မတ္တရာမြို့နယ်အနောက်ခြမ်း ဥဒိန်ရွာကို စစ်တပ်က အင်အားထပ်တိုးပြီးတဲ့နောက် ဒရုန်းတွေနဲ့ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ဘိုကြီးကျွန်းရွာ ဘုန်းကြီးကျောင်းပေါ် ဗုံးကျပြီး အမျိုးသားတစ်ဦး သေဆုံးကာ သံဃာတစ်ပါး ဒဏ်ရာ ရခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

သတင်း

စစ်​တွေတိုက်ပွဲမှာအထိနာနေတဲ့ အာဏာသိမ်းစစ်တပ်ဟာ ပုဏ္ဏားကျွန်းနဲ့ မြောက်ဦးမြို့နယ်တို့ကို တိုက်လေယာဉ်အုပ်လိုက်နဲ့ ဗုံးကြဲတဲ့အတွက်အထိအခိုက်တွေရှိနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်အနောက်ခြမ်းက နှမစားရစ်ကျေးရွာ ဘုန်းကြီးကျောင်း ရေသန့် စက်ဖွင့်ပွဲကို စစ်တပ်က လေကြောင်းကနေဗုံးကြဲတိုက်ခိုက်ခဲ့ရာ ကျောင်းထိုင်ဆရာတော် ပျံလွန်တော်မူပြီး ပြည်သူ ၂ဦး သေဆုံးကာ ၈ဦးခန့် ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။