Connect with us

Hi, what are you looking for?

သတင်း

ချင်းတောင်ပိုင်းက မြို့နယ်သုံးခုကို စစ်ကောင်စီ ဗုံးကြဲ

ချင်းပြည်နယ်တောင်ပိုင်းက မင်းတပ်၊ မတူပီ၊ ကန်ပက်လက်မြို့နယ်တွေကို အာဏာသိမ်းစစ်တပ်က ဒီကနေ့ ဖေဖော်ဝါရီ ၈ရက်မှာ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်မှု ဆက်လက်ပြုလုပ်ခဲ့ပါတယ်။

(စစ်တပ်က မင်းတပ်မြို့ပေါ်တနေရာ ဗုံးကြဲနေတာကို အဝေးကမြင်တွေ့ရစဉ်။ ဓာတ်ပုံ - Hkl-Mindat)

ဖေဖော်ဝါရီ-၈၊ ၂၀၂၆။ ထားမြတ်/People’s Spring

ချင်းပြည်နယ်တောင်ပိုင်းက မင်းတပ်၊ မတူပီ၊ ကန်ပက်လက်မြို့နယ်တွေကို အာဏာသိမ်းစစ်တပ်က ဒီကနေ့ ဖေဖော်ဝါရီ ၈ရက်မှာ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်မှု ဆက်လက်ပြုလုပ်ခဲ့ပါတယ်။

ဒီကနေ့ နေ့လယ် ၁၂နာရီခွဲ ဝန်းကျင်မှာ မတူပီမြို့အနီးတနေရာကို တိုက်လေယာဉ်နဲ့ ၄ကြိမ် ဗုံးကြဲခဲ့သလို မနက် ၁၀နာရီလောက်ကလည်း မင်းတပ်မြို့ပေါ် တနေရာကို ဗုံး ၂လုံး ကြဲချ တိုက်ခိုက်ခဲ့တယ်လို့ ဒေသ သတင်းရင်းမြစ်က အသိပေးထားပါတယ်။

ဒါ့အပြင် မနက် ၉နာရီခွဲလောက်က ကန်ပက်လက်မြို့အနီးတစ်နေရာကို စစ်ကောင်စီက ဗုံး ၂လုံး ကြဲချတိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။

Public Service Announcement

Public Service Announcement

အဲဒီလို လေကြောင်းကနေ ဗုံးကြဲတာကြောင့် လူအထိအခိုက် သတင်းတွေ မကြားရသေးပေမယ့် အိမ်တွေပျက်စီးမှုရှိကြောင်း မင်းတပ် ဒေသခံက ပြောပါတယ်။ လေကြောင်း တိုက်ခိုက်ခံရမှု သတင်းဖြေကြားနေချိန်မှာပဲ လေယာဉ်လာရောက်မှု သတင်းထပ်မံ ကြားသိရတယ်လို့လည်း ပြောပါတယ်။

စစ်ကောင်စီဟာ မနေ့က ဖေဖော်ဝါရီ ၇ရက်မှာလည်း မင်းတပ်မြို့နယ်ကို လေကြောင်း တိုက်ခိုက်မှု ၉ကြိမ်ပြုလုပ်ခဲ့ပါသေးတယ်။ မနေ့က လေကြောင်း တိုက်ခိုက်ခံရမှုမှာ ထိခိုက်သေဆုံးရှိတယ်လို့ သတင်းရင်းမြစ်က ပြောပြထားပြီး အရေအတွက်တော့ မသိရသေးပါဘူး။
မင်းတပ်အပါအဝင် စစ်ကောင်စီ ဒီနေ့ လေကြောင်းတိုက်ခိုက်ခဲ့တဲ့ ချင်းတောင်ပိုင်းက မြို့သုံးမြို့ဟာ ချင်းညီနောင်အဖွဲ့ဝင် ချင်းပြည်သူ့အစည်းအရုံး၊ ချင်းပြည်သူ့တပ်မတော်(CPU/CPA)ထိန်းချုပ်ထားတာဖြစ်ပါတယ်။

လေကြောင်း တိုက်ခိုက်ခံရမှု အခြေအနေတွေကို မေးမြန်းဖို့ CPU/CPA တာဝန်ရှိသူထံ ဆက်သွယ်ထားဆဲဖြစ်ပါတယ်။CPO/CPAဟာ ချင်းဒေသကာကွယ်ရေးတပ်(CDF)-မင်းတပ်၊ CDF ကန်ပက်လက်၊ CDF မတူပီ၊CDF ဒိုင် စတဲ့ဒေသကာကွယ်ရေးတပ် လေးခု ပေါင်းစည်းဖွဲ့ထားတဲ့ အဖွဲ့ဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ပြည်သူ ၂၀ နီးပါးဒဏ်ရာရ၊ သေဆုံးသူ ထပ်တိုးနိုင်ဟုဆို

သတင်း

ချင်းပြည်နယ် မင်းတပ်မြို့နယ်အရှေ့ခြမ်း တနေရာကို အာဏာသိမ်းစစ်တပ်က ဒီကနေ့ ဇွန် ၁၇ရက် မနက်မှာ လေယာဉ်နဲ့ ဗုံးအလုံး ၇၀ ခန့် ကြဲချတိုက်ခိုက်ခဲ့ကြောင်း မင်းတပ်ဒေသခံက အသိပေးပါတယ်။

သတင်း

ရခိုင်ပြည်နယ်၊ဂွမြို့နယ်၊ကျိန္တလီမြို့၊ရမ္မာကျွန်းလူနေကျေးရွာကို အာဏာသိမ်းစစ်တပ်က ဂျက်ဖိုက်တာနဲ့ ပေါင်ငါး ရာ ဗုံး ၃ လုံး ကြဲချခဲ့တာကြောင့် ​ဒေသခံပြည်သူ ၂ ဦး သေဆုံးပြီး ကလေး ငယ်တွေအပါအဝင် ၈ ဦးထက်မနည်း ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောကြပါတယ်။

သတင်း

မိခင်ဖြစ်သူသေဆုံးပြီး သား၊သမီး ၂ဦးဒဏ်ရာရ