Connect with us

Hi, what are you looking for?

သတင်း

မိုးကုတ်မြို့ အရှေ့ဘက်မှာ တိုက်ပွဲပြင်းထန်နေ

မိုးကုတ်မြို့၊ချောင်းကြီး နဲ့ ရှမ်းကုန်းစံရွာဘက်မှာတိုက်ပွဲတွေပြင်းထန်နေပြီးစစ်ကောင်စီကမြို့ထဲက‌နေ လက်နက်ကြီးတွေ ပစ်နေပါတယ်။

မိုးကုတ်ဗျူဟာမှ PDF တပ်ဖွဲ့ဝင်​တွေ။ ဓါတ်ပုံ-မိုးကုတ်ဗျူဟာ

​ဖေ​ဖော်ဝါရီ-၈၊၂၀၂၆။ကဖေး/People’s Spring

မိုးကုတ်မြို့၊ချောင်းကြီး နဲ့ ရှမ်းကုန်းစံရွာဘက်မှာတိုက်ပွဲတွေပြင်းထန်နေပြီးစစ်ကောင်စီကမြို့ထဲက‌နေ လက်နက်ကြီးတွေ ပစ်နေပါတယ်။

ချောင်းကြီး နဲ့ ရှမ်းကုန်းစံရွာဟာ မိုးကုတ်မြို့ အရှေ့ပိုင်းကနေသွားရပြီး ဘားနဒ်ရွာဘက်ကို သွားတဲ့လမ်းမှာ ရှိပါတယ်။တိုက်ပွဲတွေဖြစ်နေတာ ရက်အနည်းငယ်ကြာပြီဖြစ်ပြီးဖေဖော်ဝါရီလ ၈ရက် မနက်ပိုင်းမှာ ပိုပြင်းထန်နေတာပါ။

“စစ်ကူတွေလိုက်သွားတာအများကြီးပဲ။ လက်နက်ကြီး‌‌တွေလည်း အရမ်းပစ်နေတယ်။ ဒေသခံတွေက မိုးကုတ်မြို့ထဲကို ပြေးလာကြတယ်။တိုက်ပွဲက အရမ်းကြမ်းနေတာ”လို့မိုးကုတ်မြို့ခံတဦးကပြောပါတယ်။

Public Service Announcement

Public Service Announcement

အဲ့ဒီရွာတွေပတ်ဝန်းကျင်မှာ ပြီးခဲ့တဲ့ ၂၀၂၅ နိုဝင်ဘာလကလည်းတိုက်ပွဲပြင်းထန်ခဲ့ပြီး အရပ်သားတွေကို စစ်တပ်က ထွက်ခွာခွင့်ပိတ်ပင်ခဲ့ပါတယ်။ လေကြောင်းကနေဗုံးကြဲခဲ့ပါတယ်။

တအာင်းတပ်(TNLA)က မိုးကုတ်နဲ့မိုးမိတ်မြို့ကို စစ်ကောင်စီထံ ပြန်အပ်ပေးပြီးတဲ့နောက်ပိုင်း စစ်တပ်စစ်ကြောင်းတွေကမိုးမိတ်မြို့ထဲကို ၂၀၂၅ အောက်တိုဘာလထဲမှာ ပြန်လည်ဝင်ရောက်လာတာဖြစ်ပါတယ်။အဲဒီနောက်ပိုင်းမြို့အနီးမှာတိုက်ပွဲတွေဖြစ်ခဲ့ပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ၊ကာကွယ်ရေးဝန်ကြီးဌာန၊စစ်ရုံးချုပ်က မိုးကုတ် – မိုးမိတ်ဒေသ စစ်ဆင်ရေးစစ်ဦးစီးအဖွဲ့ကို နိုဝင်ဘာလ (၉) ရက်နေ့မှာ စတင်ဖွဲ့စည်းခဲ့ပြီး စစ်ကောင်စီစစ်ကြောင်းတွေကို နိုဝင်ဘာလ (၃၀) ရက်ကစပြီး တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။

စစ်ကောင်စီကဖေဖော်ဝါရီလောက်၅ရက်နေ့မှာမိုးကုတ်မြို့ထဲကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ ဌာနဆိုင်ရာဝန်ထမ်းတွေ ထပ်မံပို့ဆောင်ခဲ့ပါတယ်။ ဖေဖော်ဝါရီလောက်၆ရက်မနက်ပိုင်းမှာ မိုးကုတ်မြို့ထဲက စစ်တပ် တပ်စွဲထားတဲ့နေရာတစ်ခုကို PDF ပူးပေါင်းတပ်တွေက တိုက်ခိုက်ခဲ့ပါသေးတယ်။

စစ်တပ်ရဲ့အုပ်ချုပ်မှု၊ ကွပ်ကဲမှု၊ ထောက်ပံ့မှု ရပ်
ဝန်းတွေကို အထူးစစ်ဆင်ရေးဖော်ဆောင်ပြီး အဆက်မပြတ်တိုက်ခိုက်နေတယ်လို့ MODက အသိပေးထားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ကချင်ပြည်နယ် ရွှေကူမြို့နယ်မှာ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်နဲ့ စစ်တပ်အကြား တိုက်ပွဲတွေ နေ့စဉ် ပြင်းထန်နေကြောင်း KIA သတင်းပြန်ကြားရေးဌာနက ဖော်ပြပါတယ်။

သတင်း

ချင်းပြည်နယ်၊ ထန်တလန်မြို့နယ်မှာ အာဏာသိမ်းစစ်တပ်က အင်အားတွေ ဖြည့်တင်းထားလို့ တိုက်ပွဲတွေ ဖြစ်ပွားနိုင်ကြောင်း ချင်းအမျိုးသားတပ်မတော်(CNF/CNA) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောပါတယ်။

သတင်း

တနင်္သာရီတိုင်း၊ လောင်းလုံမြို့နယ်အတွင်းမှာ တော်လှန်ရေးတပ်တွေနဲ့ စစ်တပ်အကြား တိုက်ပွဲတွေ ဆက်ဖြစ်နေပြီး စစ်တပ်က ဒေသခံပြည်သူတွေရဲ့ နေအိမ်တွေ မီးရှို့ ဖျက်ဆီးတာတွေ ဆက်လုပ်ခဲ့တယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ရွှေကူမြို့အနီးမှာ ဒီကနေ့ ဇွန်လ ၁၂ရက်မှာလည်း တိုက်ပွဲပြင်းထန်နေပြီး ညနေပိုင်းမှာ စစ်တပ်က လေကြောင်းကနေ ဗုံးကြဲသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။